ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်နန်းစန္ဒာလှထွန်း က အချစ်ရဲ့ အနက်အဓိပ္ပါယ်တွေကို သူမရဲ့ခံစားချက်နဲ့အတူာအခုလိုရှင်းပြလာခဲ့ပါတယ်နော်။သရုပ်ဆောင်နန်းစန္ဒာလှထွန်းက တစ်ကယ် ချစ်တတ်သွားတဲ့အခါ၊ သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဟာ ချစ်ပုံချစ်နည်းမှားနေတဲ့အခါသိပ်ကို နာကျင်ရပါတယ်၊ ပူလောင်ရပါတယ်၊ ဝမ်းနည်းရပါတယ်၊ နည်းမှန်လမ်းမှန်နဲ့တစ်ကယ်ချစ်တတ်သွားတဲ့အခါ အေးချမ်းရတယ်၊ ပျော်ရွင်ကြရတယ်၊ ကြည်နူးရပါတယ်။
ဘယ်လို Relationship မျိုးမှာ မဆိုတစ်စုံတစ်ယောက် ကို ချစ်တဲ့အခါ မေတ္တာစိတ်နဲ့ သာအရိုးသားဆုံးဆက်ဆံပါ၊ ဆုံချိန်ခဏဖြစ်စေ၊ ဖုန်းပြောချိန်ခဏဖြစ်စေ၊ သူပျော်ပါစေ၊ သူစိတ်ချမ်းသာပါစေ ဆိုတဲ့ စေတနာဦးစီးလိုက်တဲ့ အခါ သူလဲ ပျော်ရွင် ကိုယ်လဲအေးချမ်းရပါတယ်။
တစ်ကယ်တော့ ခဏလေးတွေပါ၊ သိပ်ချစ်ရင်လဲ ခဏလေးပါ၊ စိတ်ညစ်ရင်လဲခဏလေးပါ၊ ခဏလေးတွေထဲမှာ အကောင်းဆုံးနားလည်မှု့နဲ့မေတ္တာချစ်ခြင်းသာပေးပါ၊ ပျော်ရွင်ကြည်နူးရခြင်းတွေသာကြွင်းကျန်ရစ်ပါလိမ့်မယ်၊ တစ်ကယ်တော့ အချစ်ဆိုတာစေတနာပါ။ဆိုပြီး စာသားလေးနဲ့ တင်ပေးလာတာပဲဖြစ်ပါတယ်။
crd
zawgyi
crd”