




crd : panpyoelat

unicode

လူ့ဘဝကို ရပါလျက်နဲ့ စဉ်းစားစဉ်ခြင်နိုင်တဲ့ တရားမရှိသူတွေ ယဉ်ကျေးမှု ထွန်းကားတဲ့မြန်မာပြည်မှာ ရှိနေတာ ရင်နာလို့မဆုံးဘူးဆိုတဲ့ ကော်နီ

အဆိုတော် ကော်နီကတော့ စတူဒီယိုတေးသံရှင်ဘဝကတည်းက အခုချိန်ထိ ပရိသတ် အားပေးမှုကို ရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ကော်နီက အခုချိန်ထိတိုင် သူမမြတ်နိုးတဲ့ သီချင်းတွေကို သီဆိုနေရင်း ဘုရားတရားကိုလည်း အမြဲမပြတ်လုပ်ကိုင်နေလျက်ရှိပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်းသာ ပြောဆိုတတ်တဲ့ ကော်နီက ဒီနေ့မှာလည်း သူမခံစား ရသမျှကို ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ရင်ဖွင့်ပြောဆိုလာပါတယ်။

ကျွန်မကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို အရမ်းချစ်တယ်။ ဗုဒ္ဓဘာသာထွန်းကားပြီး ယဉ်ကျေး သိမ်မွှေ့တဲ့မြန်မာပြည်မှာ လူဖြစ်ခွင့်ရခဲ့လို့ ကျေနပ်ဂုဏ်ယူတတ်သူပါ။ မြန်မာတွေမှာ မရှိအတူ၊ ရှိအတူဆိုတဲ့စိတ်လေးတွေ လူအတော်များများမှာရှိပါတယ်။ မရှိရှိတာလေးကို လှူချင်တဲ့စိတ်လေးတွေ သိပ်ကိုမွန်မြတ်လှပါတယ်။ အခုပဲကြည့် ဒီကပ်ဆိုးရောဂါ အချိန်မှာ လှူဒါန်းမှုကူညီမှုတွေက တုနှိုင်းမမှီပါဘူး။ ဒါပေမယ့် ကျွန်မအရမ်းမုန်းတဲ့တခုရှိတယ် တချို့သောသူတွေပေါ့။

“လူ့ဘဝကိုရပါလျှက်နဲ့ စဉ်းစားစဉ်ခြင်နိုင်တဲ့ တရားမရှိသူတွေ၊ လူစိတ်မရှိ၊ ကိုယ်ချင်း စာနာမှုမရှိတဲ့သူတွေ ယဉ်ကျေးမှုထွန်းကားတဲ့မြန်မာပြည်မှာ သူတို့လိုလူမျိုးတွေရှိနေတာတော့ ရင်နာလို့ကိုမဆုံးနိုင်ဘူး။ သံသရာဆိုတာလည်ပတ်နေတာ။ ဝဋ်ကြွေးတွေကိုတနည်းမဟုတ်တနည်းနဲ့ သံသရာတလျှောက် လုံးပေးဆပ်နေကြရမှာမလွဲမသွေပါ။ ကိုယ့်အလှည့်ရောက်တော့မှသာ (ပြောချင်တာတွေ ကအများကြီး)” ဆိုပြီး ပြောထားပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

four × 2 =