လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ ေနတဲ့ ကေလးရွိဖူးတယ္ ဆိုတဲ့ အတိတ္အေၾကာင္းကို ရွင္းလိုက္ တဲ့ မယ္လိုဒီ

လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ ေနတဲ့ ကေလးရွိဖူးတယ္ ဆိုတဲ့ အတိတ္အေၾကာင္းကို ရွင္းလိုက္ တဲ့ မယ္လိုဒီ

လြန္ခဲ့တဲ့ရက္ပိုင္းက မယ္လိုဒီနဲ႔ ခင္ပြန္းျဖစ္သူ ကိုသာေကာင္းတို႔ရဲ႕အိမ္ေထာင္ေရးျပတ္စဲမႈသတင္းကိုေတာ့ ပရိသတ္ေတြလည္း သိရွိၿပီး ျဖစ္မွာပါ။ ဒီသတင္း ထြက္ေပၚၿပီးေနာက္ပိုင္းမွာ တစ္ေယာက္တည္းျဖစ္သြားတဲ့မယ္လိုဒီကိုေတာ့ ပရိသတ္တခ်ိဳ႕က ေဖးမ အားေပးခဲ့ၾကသလို မယ္လိုဒီ နဲ႔ ပတ္သက္ၿပီး အပုတ္ခ်တဲ့သတင္းေတြလည္း လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

မယ္လိုဒီ ဘက္က စၿပီးေဖာက္ျပန္တဲ့သတင္းေတြအျပင္ အရင္အိမ္ေထာင္နဲ႔ သမီးေလးတစ္ေယာက္ရွိတဲ့အေၾကာင္း စတဲ့အပုတ္ခ်ေျပာ ဆိုမႈေတြ ပ်ံ႕ႏွံ႔လ်က္ရွိပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မယ္လိုဒီကေတာ့ “အေကာင့္တုေတြနဲ႔ pageမွာ မေကာင္းတာေတြ ဝင္မေရးပါနဲ႔ ရွင္ကြၽန္မမွာ အရင္က သား ျဖစ္ျဖစ္ သမီး ျဖစ္ျဖစ္ ရွိခဲ့မယ္ဆိုရင္ ဖုံးဖိထားလို႔ရမယ္ထင္လား… ဒါေၾကာင့္စိတ္ကူးယဥ္အကုသိုလ္ ဇာတ္လမ္းတြဲထဲမွာဘဲ စီးေျမာမေနၾကပါနဲ႔ အနာဂတ္မွာ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ေလးစားတန္ဖိုးထား ခ်စ္တတ္မယ့္ သိဒၶိစစ္ Siddhi Sitt ေလးကိုဘဲ ေမွ်ာ္မွန္း ေမတၱာပို႔ကာ အခ်စ္ေတြစု ထားၾကပါေနာ္” ဆိုၿပီး ေရးသားခဲ့တဲ့အျပင္ တကယ္ ကေလးသာရွိခဲ့ရင္ သူနဲ႔ အနည္းဆုံး(၅၀) ရာခိုင္ႏႈန္းေတာ့တူမယ့္ ကေလးရဲ႕ ပုံစံ ကိုလည္း အ႐ႊန္းေဖာက္ခဲ့ပါေသးတယ္။

မယ္လိုဒီကေတာ့ လတ္တေလာ မွာ လိမၼာေရးျခား ရွိတဲ့ သားေလးသိဒၶိစစ္နဲ႔အတူ ဘုရား၊တရားေတြ ပိုလုပ္ျဖစ္ေနၿပီး ခ်စ္ရတဲ့ ပရိသတ္ေတြ စိတ္ပူပန္မေနရေအာင္ လတ္တေလာထြက္ေန တဲ့ သတင္းေတြက အပုတ္ခ်ထားတဲ့သတင္းျဖစ္ၿပီး အမွန္တကယ္မဟုတ္ေၾကာင္း ေျဖရွင္းခဲ့တာပဲ ျဖစ္ပါတယ္။ မယ္လို ဒီေရးသား မွ်ေဝခဲ့ တာေလးေတြကို ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါ တယ္ေနာ္။

crd : panpyoelat

unicode

လိုင်းပေါ်မှာ ပျံ့နှံ့ နေတဲ့ ကလေးရှိဖူးတယ် ဆိုတဲ့ အတိတ်အကြောင်းကို ရှင်းလိုက် တဲ့ မယ်လိုဒီ

လွန်ခဲ့တဲ့ရက်ပိုင်းက မယ်လိုဒီနဲ့ ခင်ပွန်းဖြစ်သူ ကိုသာကောင်း တို့ရဲ့အိမ်ထောင်ရေးပြတ်စဲမှုသတင်းကိုတော့ ပရိသတ်တွေလည်း သိရှိပြီး ဖြစ်မှာပါ။ ဒီသတင်း ထွက်ပေါ်ပြီးနောက်ပိုင်းမှာ တစ်ယောက်တည်းဖြစ်သွားတဲ့မယ်လိုဒီကိုတော့ ပရိသတ်တချို့က ဖေးမ အားပေးခဲ့ကြသလို မယ်လိုဒီ နဲ့ ပတ်သက်ပြီး အပုတ်ချတဲ့သတင်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မယ်လိုဒီ ဘက်က စပြီးဖောက်ပြန်တဲ့သတင်းတွေအပြင် အရင်အိမ်ထောင်နဲ့ သမီးလေးတစ်ယောက်ရှိတဲ့အကြောင်း စတဲ့ အပုတ်ချပြော ဆိုမှုတွေ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မယ်လိုဒီကတော့ “အကောင့်တုတွေ နဲ့ pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ ရှင်ကျွန်မမှာ အရင်က သား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား… ဒါကြောင့်စိတ်ကူးယဉ် အကုသိုလ် ဇာတ်လမ်းတွဲထဲမှာဘဲ စီးမြောမနေကြပါနဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ လေးစားတန်ဖိုးထား ချစ်တတ်မယ့် သိဒ္ဓိစစ် Siddhi Sitt လေးကိုဘဲ မျှော်မှန်း မေတ္တာပို့ကာ အချစ်တွေစု ထားကြပါနော်” ဆိုပြီး ရေးသားခဲ့တဲ့အပြင် တကယ် ကလေးသာရှိခဲ့ရင် သူနဲ့ အနည်းဆုံး(၅၀) ရာခိုင်နှုန်းတော့တူမယ့် ကလေးရဲ့ ပုံစံ ကိုလည်း အရွှန်းဖောက်ခဲ့ ပါသေးတယ်။

မယ်လိုဒီကတော့ လတ်တလော မှာ လိမ္မာရေးခြား ရှိတဲ့ သားလေးသိဒ္ဓိစစ်နဲ့အတူ ဘုရား၊တရားတွေ ပိုလုပ်ဖြစ်နေပြီး ချစ်ရတဲ့ ပရိသတ်တွေ စိတ်ပူပန် မနေရအောင် လတ်တလောထွက်နေ တဲ့ သတင်းတွေက အပုတ်ချထားတဲ့ သတင်းဖြစ်ပြီး အမှန်တကယ်မဟုတ်ကြောင်း ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။ မယ်လို ဒီရေးသား မျှဝေခဲ့ တာလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါ တယ်နော်။