





Credit;HNM

unicode

ရုရှားသမ္မတ ပူတင် ကို ကာကွယ် ပေးထား တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး အလန်းစား ဥမင်လိုဏ်ခန်း

ဘယ်လို ကိစမျိုး္စပဲ ဖြစ်ဖြစ် စမတ် ကျကျ နေတတ်တဲ့ ရုရှား သမ္မတ ပူတင် ရဲ့ အမိုက်စား ကိုရိုနာဗို င်းရပ်စ် ကာကွယ်ရေး စနစ်အကြောင်းကို ဖော်ပြပေး လိုက်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ကိုရိုနာ ဗိုင်းရပ်စ် မကူးစက်စေ နိုင်ရန် အတွက် အထူး ပိုးသတ်ဥမင် လိုဏ်တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ ရုရှား ကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးထားတဲ့ အဲဒီဥမင်လိုဏ်ခန်းကို မော်စကိုမြို့ပြင်က ပူတင်ရဲ့ နေအိမ်မှာ တပ်ဆင်ထားးပါတယ်။

ပူတင်ကို လာတွေ့သူမှန်သမျှ အဲဒီ ဥမင်လိုဏ် ကို ဖြတ်သန်းဝင်လာရမှာဖြစ်ပြီး ဝင်လာတဲ့သူတိုင်းကို အလိုအလျောက် ပိုးသတ်ဆေးဖြန်းပေးတဲ့ စနစ်ကိုလည်း တပ်ဆင်ထားပါတယ်။ ဥမင်ထဲ ဝင်လာသူတိုင်းရဲ့ မျက်နှာကို မှတ်ထားတဲ့ နည်းပညာ ပါဝင်တဲ့အပြင် လာသမျှ လူတိုင်းကိုလည်း ကိုယ်အပူချိန် အလို အလျောက် တိုင်းပေးနိုင်တယ်လို့ သိရပါတယ်။

အထူး ဥမင်လိုဏ်ခန်းက ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးနဲ့ သူ့ဆီလာကြတဲ့ ဧည့်သည်တော်ကြီးတွေကို ဗိုင်းရပ်စ်ပိုးကနေ လုံခြုံမှု အပြည့်အဝ အာမခံပေးနိုင်တယ်လို့ ထုတ်လုပ်သူများက ညွှန်းဆိုထားကြပါတယ်။ ပူတင်ဟာ ကိုဗစ်ကပ် ရောဂါ ကာလအတွင်း မော်စကိုမြို့ပြင် တွင် သီးခြား နေထိုင်လျက် ရှိသော်လည်း ဇွန်လ ၁၂ ရက်နေ့က အခမ်းအနားတခုတွင် နှာခေါင်းစည်း (mask) မတပ်ဘဲ လူကြားထဲ လာရောက်ခဲ့ပါတယ်။

Credit;HNM