ရှေးခေတ်မြန်မာ ဝတ်စုံလေးနဲ့ ကျက်သရေရှိစွာ ကျော့ရှင်း လှပနေတဲ့ Live Queen “နှိုင်းယှဉ်မြင့်မိုရ်”
|ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ ရဲ့ အချစ်ကိုပိုင်ဆိုင်ထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ်ပဲဖြစ်ပါတယ် ။စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစု ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်နော်။
ခုလို ကာလလေးမှာတော့ အွန်လိုင်းကနေ Live Sales ရောင်းချပေးလေ့ရှိရာ ဝယ်ယူအားပေးသူတွေ များခဲ့တာလည်းဖြစ်ပါတယ် ။ ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းလေ့ရှိတာလည်းတွေ့ရပါတယ် ။
သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိတာ တွေ့ရပါတယ် ။ အခုလည်း ရှေးခေတ်မြန်မာ ဝတ်စုံလေးနဲ့ ကျက်သရေရှိစွာ ကျော့ရှင်းလှပလွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ နှိုင်းယှဉ်တစ်ယောက် ဆွဲဆောင်မှုရှိရှိ နုပျိုလှပနေတာကြောင့် ပြန်လည် ဝေမျှပေး လိုက်ပါတယ် ။
Yuan – Cele Zone
zawgyi
Yuan – Cele Zone