အာရှနိုင်ငံ တွေ ဆက်ဆံရေး တင်းမာနေချိန် အတိတ်က စစ်ရေး အင်အားကြီးနိုင်ငံ အဖြစ်ကို ပြန်လည် ရရှိဖို့ အသက်သွင်းနေပြီ ဖြစ်တဲ့ ဆာမူရိုင်း တို့ တိုင်းပြည်

အာရှနိုင်ငံ တွေ ဆက်ဆံရေး တင်းမာနေချိန် အတိတ်က စစ်ရေး အင်အားကြီးနိုင်ငံ အဖြစ်ကို ပြန်လည် ရရှိဖို့ အသက်သွင်းနေပြီ ဖြစ်တဲ့ ဆာမူရိုင်း တို့ တိုင်းပြည်

လက်ရှိအချိန်မှာတော့ အာရှဒေသမှာ စစ်ရေး တင်းမာမှုတွေ ရုတ်ချည်းမြင့် တက်လာနေပါတယ်။ COVID အလွန် နိုးထမှုမှာ အာရှက အရင်ဆုံးခေါင်းဆောင်ခဲ့ပေမယ့် မေလ အတွင်းမှာ တရုတ်နဲ့အိန္ဒိယရဲ့ စစ်ရေးတင်းမာမှု စတင်ခဲ့သလို မနေ့ကတော့ အမြင့်ဆုံးအနေအထား ရောက်ခဲ့ပါတယ်။

ဒီနေ့မှာလဲ တောင်နဲ့မြော က်ကိုရီးယားရဲ့ စစ်ရေး တင်းမာမှုဟာ မြင့်တက်လာနေပါတယ်။ ဒီလို အာရှတိုက်ရဲ့ အင်အားကြီးနူလက်နက်တွေပိုင်ရှင် စစ်တပ်ကြီးတွေ တင်းမာနေကြမှုဟာ အာရှတိုက်ရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနေပါတယ်။ ကျနော်တို့လို နိုင်ငံငယ်တွေဆို ပိုဆိုးပေါ့။ ဒါပေမယ့် သူတို့ စစ်ရေး တင်းမာမှုတွေက ဘယ်တော့မှ စစ်ဖြစ်တဲ့အထိ မရောက်ခဲ့ပါဘူး။

တရုတ်၊ မြောက်ကိုရီးယားတို့ဟာ စစ်အင်အားတွေ မြှင့်တင်နေပေမယ့် သူတို့ကိုယ်တိုင်ကလဲ စစ်တိုက်ဖို့ဆန္ဒမရှိသလို သူတို့နဲ့ ရင်ဆိုင်ရမယ့်နိုင်ငံတွေကလဲ မတိုက်ချင်ပါဘူး။ ဒါပေမယ့် တကယ်တမ်း ဒီစစ်အားကြီးနိုင်ငံတွေကို တကယ်ခြိမ်းခြောက်လာမှာကတော့ တချိန်က နာမည်ကျော် ဆာမူရိုင်းတို့ရဲ့ ဂျပန်ပဲဖြစ် ပါတယ်။ ဒီနေ့မှာတော့ ဂျပန်ဟာ နိုးထဖို့ အသင့်ဖြစ်နေခဲ့ပါပီ။

ဒုတိယကမ္ဘာစစ်ပီးထဲက ဂျပန်တို့ဟာ တိတ်ဆိတ် ငြိမ်သက်စွာပဲ နေထိုင်ခဲ့ပီး စီးပွားရေးကိုပဲ စောက်ချလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ စစ်သည်ပေါင်း ၁၇ သိန်းရှိတဲ့ စစ်တပ်ကြီးနဲ့ အာရှတိုက် တဝက်လောက်ကို စီးနင်းခဲ့ပီးနောက် ဂျပန်ဟာ အသွင်ပြောင်းလိုက်ပါတယ်။

သူတို့ရဲ့ ခြေဥထဲမှာတင် စစ်မတိုက်ဖို့ မူဝါဒတွေ အသားပေး ထားခဲ့သလို စစ်တပ်တောင် မဖွဲ့စည်းခဲ့ပဲ မြေပြင်ကာကွယ်ရေးတပ်လေးသာ ဖွဲ့စည်းခဲ့ပါတယ်။ အမေရိကန်က ဂျပန်ကို စစ်ရေးအရကာကွယ်ပေးရမှာဖြစ်ပီး အဲဒီအတွက် ဂျပန်က အမေရိကန်ကို ရန်ပုံငွေပြန်ပေးပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ နာမည်ကျော် အာရှပစိဖိတ် Command ဖြစ်တဲ့ 7 Fleet ဟာ ဂျပန် အိုကီနာဝါမှာ အခြေစိုက်ပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ခေတ်အခြေအနေအရကော အမေရိကန်ကိုပဲ လုံးလုံးလျားလျား မှီခိုနေရတဲ့ စစ်တပ်အတွက်ပါ ဂျပန်ဟာ စတင်ပြင်ဆင်လာခဲ့ပါတယ်။ သူတို့ စစ်တပ်ကို ချဲ့ထွင် လာမှုက တိတ်တဆိတ်ပါပဲ။

လက်ရှိမှာ လူဦးရေ ၃၀% လောက် ရိက္ခာပြတ်နေတဲ့ မြောက်ကိုရီးယား လို နိုင်ငံက သူတို့နိုင်ငံကို ကျော်ပီး ပစိဖိတ်သမုဒ္ဒရာထဲ တာဝေးပစ်ဒုံးတွေ ထိုင်ပစ်ပြနေတာကို တခါက စစ်ဘီလူးကြီး ဂျပန်တို့ သည်းခံချင်ပုံ မရတော့ပါဘူး။

ဂျပန်ဟာ ခြေဥထဲမှာ တိုင်းပြည်ရဲ့ GDP ၁% ထက်ပိုပီး စစ်စားရိတ် မသုံးစွဲရလို့ သတ်မှတ်ထားခဲ့ပေမယ့် အခုအခါမှာတော့ ဂျပန်အစိုးရဟာ စစ်အသုံးစရိတ်ကို ၁% အထက်ကို မြှင့်တင်လိုက်ပါပီ။ ဂျပန်လို ကမ္ဘာ့တတိယစီးပွားရေးအကောင်းဆုံးနိုင်ငံရဲ့ ၁% ဆိုတာ အလွန်များပြားပါတယ်။ ဒါကြောင့်လဲ ဂျပန်ဟာ စစ်တပ်ကို အလျင်အမြန်ပဲ အင်အား ကော စွမ်းရည်ပါ မြှင့်တင်ခဲ့ပါတယ်။ အရင်က တိုင်းပြည်ကို ကျူးကျော်လာမှသာ ပြန်လည်ခုခံရမယ်လို့ သတ်မှတ်ခဲ့ပေမယ့် အခုတော့ လိုအပ်ရင် လက်ဦးအောင် ချီတက်မယ့်အနေအထားမှာ ရှိပါတယ်။

ရိုင်ဖယ်အသစ်တွေ၊ တိုက်ပွဲဝင်တင့်ကားတွေ၊ ရဟတ်ယာဉ်တင် သင်္ဘောတွေ၊ ရေငုတ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေအပြင် အခု လေယာဉ်တင်သင်္ဘောတစီးပါ တည်ဆောက်လို့ လုပ်နေပါတယ်။ အမေရိကန်ဆီက F35 လေယာဉ်တွေကို ဝယ်ယူခဲ့သလို တိုက်ချင်းပစ်ဒုံးကျည်စနစ်သစ်တွေလဲ တည်ဆောက် နေပါတယ်။

၂၀၁၈ မှာ မရိန်းတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သလို တိုက်ခိုက်ရေး အဖွဲ့တွေကိုလဲ ဖွဲ့စည်းထားခဲ့ပါပီ။ လက်ရှိ ဂျပန်တပ်မတော်မှာ တပ်သားပေါင်း ၂၅၀၀၀၀ အထိ ရှိနေပီဖြစ်ပီး နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်ထားပါတယ်။ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်တွေတောင် တီထွင်တပ်ဆင်ထားပါတယ်။ အဲဒီဒုံးကျည်စနစ်ဟာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့မှာပဲ ရှိပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အကြိမ်ကြိမ် စစ်ရေးလေ့ကျင့်ခဲ့သလို ဂျပန်တို့ရဲ့ ဇွဲ၊ စိတ်ဓာတ်နဲ့ စည်းကမ်းလိုက်နာမှုတွေကြောင့် လူတွေ သတိမထားမိပေမယ့် ဂျပန်ဟာ အရင်လို လူလေးစားခံရတဲ့ စစ်တပ်ကြီးအနေအထားကို ရောက်ရှိလာနေပါပီ။ ၂၀၂၀ မှာ နောက်ဆုံးထုတ်ပြန်ချက်အရ ဂျပန်စစ်တပ် ဟာ ကမ္ဘာမှာ နံပါတ် ၅ အဆင့် အင်အားအကြီးဆုံးဖြစ်နေပါပီ။ ဂျပန်စစ်တပ်ရဲ့ လက်ရှိဦးတည်ချက်က ရှင်းပါတယ်။ “ ကျနော်တို့ စိတ်ပူတာက တရုတ်ကိုပါ။ မြောက်ကိုရီးယား မဟုတ်ပါဘူး။” တဲ့။

အငြင်းပွားကျွန်းတွေမှာ တရုတ်နဲ့ မကြာခဏ ထိပ်တိုက်တွေ့တတ်တဲ့ ဂျပန် ဟာ မကြာမီ ကာလမှာတော့ သိပ်သီးခံတော့မှာ မဟုတ်တဲ့ပုံရှိပါတယ်။ ဂျပန်က စစ်အသုံးစရိတ်ကို လျှော့ချဖို့လဲ အစီအစဉ်ရှိပုံမရတော့ပါဘူး။ ဒီနှစ်မှာ ဒေါ်လာ ၄၂ ဘီလီယံ၊ နောက်နှစ်မှာ ဒေါ်လာ ၄၈ ဘီလီယံနဲ့ ၂၀၂၂ မှာ ၅၆.၇ ဘီလီယံထိ တိုးမြှင့်သုံးစွဲဖို့ လျာ ထားပီးပါပီ။ အာဖရိက ဦးချိုဒေသမှာလဲ စစ်စခန်းတခု တည်ဆောက်ထားပါသေးတယ်။ အမေရိကန် သမ္မတထရန့်က ဂျပန်ဆီက ကာကွယ်ရေးစရိတ် ပိုမိုတောင်းပီးတဲ့နောက်မှာ ဂျပန်က ကိုယ်ပိုင်စစ်တပ်ကိုပဲ အစွမ်းကုန် အဆင့်မြှင့်သွားဖို့ ရည်ရွယ်ထားခဲ့ပုံရပါတယ်။ အိန္ဒိယနဲ့လဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပီး တရုတ်ကို ဆန့်ကျင်မယ့် ဝင်ရိုးတန်းကို တိုးချဲ့ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အင်အားအကြီးဆုံး အနေအထားတခုကို ရောက်ရှိလာခဲ့ပီဖြစ်ပါတယ်။ တရုတ် ကလဲ ဂျပန်ကို COVID စစ်ဆေးရေးပစ္စည်းတွေ ပေးပို့ခြင်းအပါအဝင် သမ္မတရှီပါ လာရောက်ဖို့အတွက် ပြင်ဆင်ပီး မျက်နှာချိုသွေးနေပါတယ်။ တရုတ်ကုန်သည်ကြီးတွေကလဲ အကြီးအကျယ် အကူအညီတွေပေးခဲ့ကြပါတယ်။

အင်ဒိုပစိဖိတ်ဒေသကို ထရန့်လက်ထက် အာရုံစိုက်မှု လျော့နည်း သွားချိန်မှာ ပြသနာတွေ ပေါ်ပေါက်လာခဲ့ရင်တော့ ဂျပန် ရဲ့ အနေအထားက အဓိကဖြစ်လာပါလိမ့်မယ်။ ထို့အတူ တရုတ်နဲ့ အမေရိကန် ပြသနာ၊ တရုတ်-အိန္ဒိယ ပြသနာတွေမှာလဲ ဂျပန်က ကျောရိုးတခုဖြစ်လာပါလိမ့်မယ်။

တကယ်တမ်း ပြသနာဖြစ်လာပီဆိုရင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အိန္ဒိယတို့ထက် အာရှတိုက် ကို ကိုင်လှုပ်သွားမှာက တခေတ်တခါက အာရှတတိုက်လုံးက လက်မြှောက်ခဲ့ရတဲ့ အရှေ့အရပ်က နေဝန်းနီတို့ပဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သမိုင်းထဲက ဆာမူရိုင်းတို့ ပြန်လည်နှိုးထလာဖို့ အချိန်ဟာ တဖြည်းဖြည်း ကျရောက်လာနေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

20 + seventeen =