ေသခါနီး လူကို အားေပး စကားေျပာနည္ း(၄) နည္း

ေသခါနီး လူကို အားေပး စကားေျပာနည္ း(၄) နည္း

လူေတြဟာ အေနတတ္ဖို႔ လိုသလို အေသတတ္ ဖို႔ လိုေသး တယ္တဲ့။

ဒါေၾကာင့္”ျမတ္စြာဘုရား”က ဒီ”သုတၱန္”မွာ”အေန တတ္ဖို႔ လိုသလို အေသတတ္ဖို႔ လိုေသးတယ္တဲ့။

ေအး•••••••ေနမေကာင္း ထိုင္မသာျဖစ္ၿပီး ေတာ့ေရာဂါ ေဝဒနာျဖစ္ေနတဲ့ပညာရွိတဲ့ ပုဂၢိဳလ္ တစ္ေယာက္ကိုပညာရွိတဲ့ မိတ္ေဆြ တစ္ေယာက္ကအားေပးစကား ေျပာသင့္တယ္။အက်ိဳးရွိလို႔ ေျပာတာအားေပးစကား ေျပာရမွာ။

ျမန္မာျပည္မွာ တခ်ိဳ႕ေသငယ္ေဇာနဲ႔ ေမ်ာေနတဲ့ လူ တစ္ေယာက္ ကို အားေပးစကားမေျပာပဲနဲ႔။”ဘဏ္စာအုပ္ဘယ္နားထားခဲ့လဲလို႔ ေမးတယ္။လက္ေကာက္တို႔ စိန္ နားကပ္တို႔ဘယ္နားမွာ ထားတုန္းလို႔ ေမးရင္ေသတဲ့လူ အေသေျဖာင့္ပါ့မလား?

ဘုန္းႀကီးေတြလည္းပ်ံလြန္ေတာ္မူခါနီးရင္ ေက်ာင္းကိုဘယ္သူ႔အပ္ခဲ့မွာတုန္းက လာေသးတာ။အဲဒါ အားေပးစကားျဖစ္ပါ့မလားမတူဘူး တြန္းလႊတ္တာနဲ႔တူေနတယ္အဲ့ဒါမ်ိဳး မျဖစ္သင့္ဘူး”တဲ့။တကယ္က”အားေပးစကား”ပဲေျပာရမယ္။

ဒါျဖင့္…အားေပးစကားေျပာရမယ္ဆိုရင္ ဘယ္လို အားေပးစကားေျပာရမလဲ? ဆိုေတာ့…အခ်က္ (၄)ခ်က္နဲ႔ေျပာရမယ္။လူ ဥပသကာကိုဒီ အခ်က္ (၄)ခ်က္နဲ႔ ေျပာရမယ္။

(၁)မင္းမွာ ဘုရားအေပၚမွာႏွစ္ႏွစ္ ကာကာ အသိဉာဏ္နဲ႔ဘုရားအေပၚမွာ ယုံၾကည္တဲ့သဒၶါတရားေတြရွိေနတယ္ဘာမွ ေၾကာက္စရာမလိုဘူး။ စိတ္ေအး လက္ေအး ေနႏိုင္တယ္မေကာင္းတဲ့ဘဝ ဘယ္ေတာ့မွမေရာက္ဘူး။အဲဒါေတြကကယ္သြားလိမ့္ မယ္ဒါေလးကို အားကိုး။

ဘယ္လိုအားေပးတာလဲဆိုေတာ့…”ေျမအိုးကို ခြဲ၍ေ႐ႊအိုးႀကီးကို ရယူသလိုပဲ”တဲ့။

၂။ ေနာက္တစ္ခ်က္က…”ဘာမွအားမငယ္နဲ႔မင္းမွာ ဓမၼအေပၚ မွာ ယုံၾကည္တဲ့အသိဉာဏ္သက္ဝင္တဲ့သဒၶါတရား”ေတြရွိတယ္။ ဓမၼကို ႏွစ္ႏွစ္ကာကာ ယုံၾကည္တယ္ျမတ္စြာဘုရား ေဟာတဲ့ တရားသည္ ဘယ္ေတာ့မွ လြဲမွားတာ မရွိဘူး။ကုသိုလ္ေကာင္းမႈလုပ္တဲ့ ပုဂၢိဳလ္ဟာအားငယ္စရာ ဘာတစ္ခုမွ မရွိဘူး။

ကုသိုလ္ေတြက ႀကိဳေနၾကမွာဘယ္ဘုံကို သြားသြား ကိုယ္လုပ္ ထားတဲ့ ကုသိုလ္ေတြ ကိုယ့္ရင္ထဲ ႏွလုံးထဲမွာ စိတ္ဓာတ္ ထဲမွာ ျဖဴစင္ၿပီးေတာ့ကုသိုလ္ေတြက ကိုယ့္ကို ႀကိဳေနၾကမွာ။ေကာင္းတာေတြ လုပ္တဲ့အခ်ိန္ကစၿပီးေတာ့ႏွလုံး သြင္းလိုက္မယ္ ဆိုရင္စိတ္ဟာ ၾကည္ႏူးဖြယ္ ျဖစ္တယ္။

၃။ေနာက္တစ္ခု အားေပးစကားက…ဘာမွ မပူနဲ႔စိတ္ထဲမွာ အားတင္း ထားမင္းမွာ ကိုယ္က်င့္တရားေတြရွိေနတယ္ ငါးပါးသီလဘယ္ေတာ့မွမေဖာက္ဖ်က္ဘူး လုံၿခဳံတယ္။ဟိုတုန္းက မလုံၿခဳံေတာင္ခုေဆာက္တည္ လိုက္ရင္ လုံၿခဳံသြားၿပီ။ဟိုတုန္းက မလုံခဲ့လို႔ခု အိပ္ယာထဲ လွဲေနခ်ိန္မွာငါးပါးသီလ ေဖာက္ဖ်က္တာ ရွိေသးလား?

ကိုယ္မွ ေသငယ္ေဇာနဲ႔ ေမ်ာေနတာျခင္ေလးေတြ ဘာေတြ သတ္ဦးမလား? စိတ္ဟာ မေကာင္းတာေတြနဲ႔ ဘယ္လိုပဲ လုပ္ခဲ့လုပ္ခဲ့ေကာင္းတာေတြ လုပ္တဲ့ အခ်ိန္ကစၿပီး ေဆာက္ တည္ လိုက္မယ္ဆိုရင္စိတ္ဟာၾကည္ႏူးဖြယ္ျဖစ္တယ္။ကိုယ့္သီလ ေလးကို အာ႐ုံျပဳတစ္ခ်ိန္တစ္ခါတုန္းက”ငါးပါးသီလ”ေလးခ်ိဳး ေဖာက္ခဲ့ ေပမယ့္လို႔ ဒီအခ်ိန္မွာမခ်ိဳးေဖာက္ဘူးလို႔ႏွလုံး သြင္းလိုက္မယ္”ဆိုရင္ႏွလုံးသြင္းလိုက္တာနဲ႔ခ်က္ခ်င္း ကုသိုလ္က ျဖစ္လာတာ။

၄။ဘာဆက္ေျပာရမလဲဆိုေတာ့…လူေတြဆိုတာအတြယ္အတာေလးေတြ ရွိတတ္တယ္။ ဥပမာ မယ္….မိဘေတြ ဆို ရင္ သားသမီးေတြ အေပၚမွာ တြယ္တာတယ္။အိမ္ေထာင္ဦးစီးေတြဆိုရင္သား မယားေတြ အေပၚမွာ တြယ္တာတယ္။

အဲဒီအခါ က်ရင္ေျပာတဲ့မိဘေတြ အေပၚမွာ တြယ္တာသလားမတြယ္တာဘူးလား ဆိုတဲ့ စိတ္ရွိသလား၊မရွိဘူးလားေမးတဲ့။ရွိေနေသးတယ္ဆိုရင္အဲဒီ တြယ္တာတဲ့စိတ္ကို မထားပါနဲ႔တဲ့။

“သတ္တဝါ”ဆိုတာ-ကိုယ့္ကံ နဲ႔ ကိုယ့္ လာတာ။တြယ္တာၿပီးေတာ့ မေနပါနဲ႔တဲ့။ တြယ္တာေနလဲ ေသမွာပဲ။မတြယ္တာေနလဲ ေသမွာပဲတဲ့။ေသမွာ အတူတူေတာ့တြယ္မေနပါနဲ႔လို ေျပာရမယ္•••••။။။

ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာ နႏၵမာလာဘိဝံသ {ပ႒ာန္းပူေဇာ္ၾကသူမ်ား}

unicode

သေခါနီး လူကို အားပေး စကားပြောနည် း(၄) နည်း

လူတွေဟာ အနေတတ်ဖို့ လိုသလို အသေတတ် ဖို့ လိုသေး တယ်တဲ့။

ဒါကြောင့်”မြတ်စွာဘုရား”က ဒီ”သုတ္တန်”မှာ”အနေ တတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်တဲ့။

အေး•••••••နေမကောင်း ထိုင်မသာဖြစ်ပြီး တော့ရောဂါ ဝေဒနာဖြစ်နေတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကိုပညာရှိတဲ့ မိတ်ဆွေ တစ်ယောက်ကအားပေးစကား ပြောသင့်တယ်။အကျိုးရှိလို့ ပြောတာအားပေးစကား ပြောရမှာ။

မြန်မာပြည်မှာ တချို့သေငယ်ဇောနဲ့ မျောနေတဲ့ လူ တစ်ယောက် ကို အားပေးစကားမပြောပဲနဲ့။”ဘဏ်စာအုပ်ဘယ်နားထားခဲ့လဲလို့ မေးတယ်။လက်ကောက်တို့ စိန် နားကပ်တို့ဘယ်နားမှာ ထားတုန်းလို့ မေးရင်သေတဲ့လူ အသေဖြောင့်ပါ့မလား?

ဘုန်းကြီးတွေလည်းပျံလွန်တော်မူခါနီးရင် ကျောင်းကိုဘယ်သူ့အပ်ခဲ့မှာတုန်းက လာသေးတာ။အဲဒါ အားပေးစကားဖြစ်ပါ့မလားမတူဘူး တွန်းလွှတ်တာနဲ့တူနေတယ်အဲ့ဒါမျိုး မဖြစ်သင့်ဘူး”တဲ့။တကယ်က”အားပေးစကား”ပဲပြောရမယ်။

ဒါဖြင့်…အားပေးစကားပြောရမယ်ဆိုရင် ဘယ်လို အားပေးစကားပြောရမလဲ? ဆိုတော့…အချက် (၄)ချက်နဲ့ပြောရမယ်။လူ ဥပသကာကိုဒီ အချက် (၄)ချက်နဲ့ ပြောရမယ်။

(၁)မင်းမှာ ဘုရားအပေါ်မှာနှစ်နှစ် ကာကာ အသိဉာဏ်နဲ့ဘုရားအပေါ်မှာ ယုံကြည်တဲ့သဒ္ဓါတရားတွေရှိနေတယ်ဘာမှ ကြောက်စရာမလိုဘူး။ စိတ်အေး လက်အေး နေနိုင်တယ်မကောင်းတဲ့ဘဝ ဘယ်တော့မှမရောက်ဘူး။အဲဒါတွေကကယ်သွားလိမ့် မယ်ဒါလေးကို အားကိုး။

ဘယ်လိုအားပေးတာလဲဆိုတော့…”မြေအိုးကို ခွဲ၍ရွှေအိုးကြီးကို ရယူသလိုပဲ”တဲ့။

၂။ နောက်တစ်ချက်က…”ဘာမှအားမငယ်နဲ့မင်းမှာ ဓမ္မအပေါ် မှာ ယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့သဒ္ဓါတရား”တွေရှိတယ်။ ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်မြတ်စွာဘုရား ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်ဟာအားငယ်စရာ ဘာတစ်ခုမှ မရှိဘူး။

ကုသိုလ်တွေက ကြိုနေကြမှာဘယ်ဘုံကို သွားသွား ကိုယ်လုပ် ထားတဲ့ ကုသိုလ်တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ် ထဲမှာ ဖြူစင်ပြီးတော့ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာ။ကောင်းတာတွေ လုပ်တဲ့အချိန်ကစပြီးတော့နှလုံး သွင်းလိုက်မယ် ဆိုရင်စိတ်ဟာ ကြည်နူးဖွယ် ဖြစ်တယ်။

၃။နောက်တစ်ခု အားပေးစကားက…ဘာမှ မပူနဲ့စိတ်ထဲမှာ အားတင်း ထားမင်းမှာ ကိုယ်ကျင့်တရားတွေရှိနေတယ် ငါးပါးသီလဘယ်တော့မှမဖောက်ဖျက်ဘူး လုံခြုံတယ်။ဟိုတုန်းက မလုံခြုံတောင်ခုဆောက်တည် လိုက်ရင် လုံခြုံသွားပြီ။ဟိုတုန်းက မလုံခဲ့လို့ခု အိပ်ယာထဲ လှဲနေချိန်မှာငါးပါးသီလ ဖောက်ဖျက်တာ ရှိသေးလား?

ကိုယ်မှ သေငယ်ဇောနဲ့ မျောနေတာခြင်လေးတွေ ဘာတွေ သတ်ဦးမလား? စိတ်ဟာ မကောင်းတာတွေနဲ့ ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး ဆောက် တည် လိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။ကိုယ့်သီလ လေးကို အာရုံပြုတစ်ချိန်တစ်ခါတုန်းက”ငါးပါးသီလ”လေးချိုး ဖောက်ခဲ့ ပေမယ့်လို့ ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံး သွင်းလိုက်မယ်”ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်း ကုသိုလ်က ဖြစ်လာတာ။

၄။ဘာဆက်ပြောရမလဲဆိုတော့…လူတွေဆိုတာအတွယ်အတာလေးတွေ ရှိတတ်တယ်။ ဥပမာ မယ်….မိဘတွေ ဆို ရင် သားသမီးတွေ အပေါ်မှာ တွယ်တာတယ်။အိမ်ထောင်ဦးစီးတွေဆိုရင်သား မယားတွေ အပေါ်မှာ တွယ်တာတယ်။

အဲဒီအခါ ကျရင်ပြောတဲ့မိဘတွေ အပေါ်မှာ တွယ်တာသလားမတွယ်တာဘူးလား ဆိုတဲ့ စိတ်ရှိသလား၊မရှိဘူးလားမေးတဲ့။ရှိနေသေးတယ်ဆိုရင်အဲဒီ တွယ်တာတဲ့စိတ်ကို မထားပါနဲ့တဲ့။

“သတ်တဝါ”ဆိုတာ-ကိုယ့်ကံ နဲ့ ကိုယ့် လာတာ။တွယ်တာပြီးတော့ မနေပါနဲ့တဲ့။ တွယ်တာနေလဲ သေမှာပဲ။မတွယ်တာနေလဲ သေမှာပဲတဲ့။သေမှာ အတူတူတော့တွယ်မနေပါနဲ့လို ပြောရမယ်•••••။။။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ {ပဋ္ဌာန်းပူဇော်ကြသူများ}

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 9 =