ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း သုံးပါက ကျပ်သုံးသောင်း အထိ ဒဏ်ငွေချမှတ်နိုင်

ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း သုံးပါက ကျပ်သုံးသောင်း အထိ ဒဏ်ငွေချမှတ်နိုင်

ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးပြုပါက ကျပ်သုံးသောင်း အထိဒဏ်ငွေ ချမှတ်အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ ယနေ့ဇွန် ၁၇ ရက်တွင် သိရသည်။

ရန်ကုန်မြို့ ရေတာရှည်လမ်းပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ် အချို့။ ဓာတ်ပုံ- အောင်ဌေးလှိုင်/ မြန်မာတိုင်းမ်

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ဖျက်သိမ်း၍ မေ ၂၆ ရက် တွင် ပြဌာန်းခဲ့သော ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၏ ပုဒ်မ ၇၅ (ဋ)၌ အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ်ကိုယ်တိုင်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရဟု ဖော်ပြထားပြီး မည်သူမဆို ပုဒ်မ ၇၅ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ် ၃သောင်းထက်မပိုသောငွေဒဏ် ချမှတ်ရမည်ဖြစ်ကြောင်း ပုဒ်မ ၈၆တွင် ပြဌာန်းထားသည်။

မော်တော်ယာဉ်ဆိုင်ရာ မူဝါဒထွက်ရှိ …

“အခုထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ်ဥပဒေအသစ် မှာ ဒဏ်ငွေတွေ ပြစ်ဒဏ်တွေလည်း တော်တော်များပါတယ်။အခုအသစ်ပါလာတာကကားမောင်းနေစဉ်လက်ကိုင်ဖုန်း အသုံးမပြုရဆိုတာပါလာပါတယ်။ လက်ကိုင်ဖုန်းအသုံးပြုရင် ဒဏ်ငွေ ၃ သောင်းအထိ ဒဏ်ရိုက်အရေးယူလို့ရပါတယ်။ အခုလည်း မော်တော်ယာဉ်ဥပဒေအဟောင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ဥပဒေအသစ်နဲ့ စတင်အရေးယူနေပါပြီ။ အခုရက်ပိုင်း စည်းကမ်းဖောက်ဖျက်တဲ့ ကားများလာလို့ ဥပဒေအသစ်နဲ့ အရေးယူတာ အမှူပေါင်း ၇၀ဝ ကျော်ရှိပါတယ် “ဟု ရန်ကုန်တိုင်းဒေသ ကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဆန်းထွန်းက ပြောကြားသည်။

ယာဉ်နံပါတ်နှင့် ယာဉ်အမျိုးအစား စစ် …

ကိုဗစ်စတင်ဖြစ်ပွားစဉ်အချိန်မှစ၍ စည်းကမ်းဖောက်ဖျက်မောင်းနှင်သည့်ယာဉ်များကို ဖမ်းဆီးအရေးယူခြင်းရပ်နားထားရာ ယခုအခါ မော်တော်ယာဉ်ဥပဒေအသစ် ထုတ်ပြန်ပြီးဖြစ်သည့်အပြင် ရန်ကုန်မြို့၌ စည်းကမ်းဖောက်ဖျက်သွားလာနေသည့် ယာဉ်များ များပြားလာသည့်အတွက် မော်တော်ယာဉ်ဥပဒေအသစ်ရှိ ပြစ်မှု ပြစ်ဒဏ်များအတိုင်း ချလံဖြတ် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *

11 + sixteen =