ဒီနှစ်ကြီး ထဲမှာ ကြားရ မြင်ရတာတွေ တစ်ခုမှမကောင်း တာ ​မို့ စိတ်မကောင်းစွာ ပြောပြ လာတဲ့ မီးနို

မြန်မာ့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ပြန်လည် စတင် လာတည်းက ယနေ့အချိန်ထိ နေ့တိုင်းလိုလို ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေက လမ်း မပေါ်တွင် အများအပြား ထွက်ရှိလာတာ ဖြစ်ပါတယ်။မျိုးဆက်သစ် လူငယ်တွေကတော့ လှုပ်ရှားမှုမျိုးစုံကို သူတို့နေထိုင်တဲ့ ရပ်ကွက်အသီး သီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိနေဆဲ ဖြစ်ပါတယ်။ခုလို လူထုလှုပ်ရှားပွဲကြီးမှာ အနုပညာရှင်တွေကလည်း တစ်တောင့် တစ်နေရာ ကနေ ပါဝင်လှုပ်ရှားပေး နေကြတာကိုလည်း တွေ့ရပါတယ်။

ဒီထဲတွင် အမျိုးသမီးတေးသံရှင် တစ်ဦးဖြစ်တဲ့ မီးနိုက လည်း ပြည်သူတွေ ဘက်ကနေ ရပ်တည်ကာ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေ မှာ ပူးပေါင်း ပါဝင်သလို အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကိုလည်း သွားရောက်လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။အရင်ရက် ပိုင်းက ဆိုရင်လည်း ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းနိုင်ရန် အတွက် စေတနာအလှူရှင် များထံမှ အလှူငွေကောက်ခံ နေတာကိုလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်တွင် အလုပ်တွေပြန် လုပ်ချင်ကြောင်းနဲ့ သူမတတ်နိုင် သ လောက်အလှူလေးတွေ လုပ် ကာ ပါဝင်ပေးကြတဲ့ မိတ်ဆွေသူငယ် ချင်းတွေရော ယုံယုံကြည်ကြည်နဲ့ အလှူထည့်ပေးကြတဲ့ အလှူရှင်တွေ ကို ကျေးဇူးတင်ကြောင်း ပြော ထားတာ ပဲဖြစ်ပါတယ်။

“ဒီနှစ်ကြီးကိုက ကြားရမြင်ရတာ တစ်ခုမှကိုမကောင်းတာပါ စိတ်တွေ လည်း ဆင်းရဲပါတယ် သူငယ်ချင်းတွေလည်းလမ်းပျောက် ကိုယ်တိုင်က လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အလုပ်တွေလည်းပြန်လုပ်ချင် ရာသီဥတုကလည်းပူ K pay နဲ့ wave money ထုတ်ရင်လည်း မတန် တစ် ဆ % ဖြတ် ဒီကြားထဲ အသိထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ သတင်းတွေကြားရတာစိတ်ထဲမကောင်း တစ်ခုမှကောင်းတာမရှိပါ လားနော် မီးနို တတ်နိုင်သလောက်အလှူလေးတွေလုပ်တယ် ပါဝင်ပေးကြတဲ့ မိတ်ဆွေသူငယ် ချင်းတွေရော ယုံယုံကြည်ကြည်နဲ့ အလှူ ထည့် ပေးကြတဲ့ အလှူရှင်တွေရော ကျေးဇူးအများကြီးတင်တယ်

ဒီကြားထဲ အလှူ နဲ့ ပတ် သတ်လို့ဖုန်းဆက် ပြီးcheck တဲ့ လူတစ်ချို့ ကလည်း ရှိသေးတယ် 😢ဒါ ကြီးမြန်မြန်ပြီးရင် ငါတို့ အသက်တွေလည်း ကြီး ဟူးးးးးးး😢”ဆိုပြီး ရေးသား ဖော်ပြလာတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာတော့ ပြည်သူတွေအားလုံးက ခက်ခဲနေတဲ့ အခြေ အ နေကို ရင်ဆိုင်ကျော်ဖြတ်နေကြရတာ ပဲဖြစ်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းမှုပြုလျက်…..🙏

သတင်းအရင်းမြစ်: Mee No FB Account

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =