ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ အထိမ္းအမွတ္ တန္ဖိုးသင့္ စားေသာက္ကုန္မ်ား ေရာင္းခ်ေပးမည္

ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ အထိမ္းအမွတ္ တန္ဖိုးသင့္ စားေသာက္ကုန္မ်ား ေရာင္းခ်ေပးမည္

ဇြန္လ ၁၉ ရက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္မွာ အေျခခံလူတန္းစားေတြအတြက္ တန္ဖိုးသင့္စားေသာက္ကုန္ပစၥည္းေတြ ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။မႏၲေလးခ႐ိုင္အတြင္း အေျခခံလူတန္းစားေတြအတြက္ အေျခခံ စားေသာက္ကုန္ေတြ ကို မႏၲေလးတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း (MRCCI)နဲ႔ ညီေနာင္အသင္းေတြ ပူးေပါင္းေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာ ဆန္၊ ဆီ၊ ဆား စတဲ့ ေငြက်ပ္ ၇၁၅၀ ဖိုးရွိ စားေသာက္ ကုန္ေတြကို က်ပ္ ၂၀၀၀ ႏႈန္းနဲ႔ ၿမိဳ႕နယ္တစ္ခုမွာ လူအေယာက္ ၁၀၀၀ စာ ေရာင္းခ်ေပးေနတာလည္း ျဖစ္ပါတယ္။MRCCI အသင္း ဥကၠ႒ ဦးေက်ာ္မင္းက”အားလုံး ခုနစ္ၿမိဳ႕နယ္ေရာင္းမယ္။ ၁၉ ရက္ေန႔ ကေတာ့ အထူးေပါ့၊ ၁၉ ရက္ေန႔က အေမစုေမြးေန႔ကို က်ေနာ္ တို႔ အမရပူရကို ေ႐ြးထားတယ္။ အဲဒီေန႔ေတာ့ အေမစုေမြးေန႔အမွတ္တရေလးေပါ့” လို႔ ေျပာပါတယ္။

ကိုဗစ္-၁၉ ကာလအတြင္း အေျခခံလူတန္းစားေတြ အဆင္ေျပေစဖို႔အ တြက္ အေျခခံ စားေသာက္ကုန္နဲ႔ ကုန္ေဈးႏႈန္းတည္ၿငိမ္ေစဖို႔ အခုလိုေရာင္းခ်ေပးေနတာလည္း ျဖစ္ပါတယ္။‌ ေရာင္းခ်ေပးတဲ့ အေျခခံစားေသာက္ကုန္ေတြမွာ ပဲဆီသန႔္ ၁၅ က်ပ္သား ၊ဆန္တစ္ျပည္၊ လက္ဖက္နဲ႔ ပဲေၾကာ္ သုံးထုပ္စီ ၊ A1family င႐ုတ္သီးမႈန႔္ တစ္ထုပ္၊ ၾကက္ဥေျခာက္လုံး၊ Reusable Mask ႏွာေခါင္းစည္း သုံးခု၊ လက္သန႔္ေဆးရည္ တစ္ဘူး၊ ၾကက္သြန္နီ တစ္ပိႆာ၊ ကုလားပဲ ၅၀ က်ပ္သား၊ သားသား အမွတ္တံဆိပ္ ဆန္ျပဳတ္တစ္ထုပ္တို႔ ပါဝင္ပါတယ္။

မႏၲေလးခ႐ိုင္အတြင္းရွိ ခုနစ္ၿမိဳ႕နယ္မွာ လွည့္လည္ ေရာင္းခ်ေပး မွာျဖစ္ၿပီး ၿမိဳ႕နယ္သုံးခု မွာ ေရာင္းခ်ေပးခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ဇြန္လ ၁၆ ရက္ေန႔မွာေတာ့ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ႀကံခင္းရပ္ကြက္ကို သြားေရာက္ ေရာင္းခ်ေပးခဲ့တယ္လို႔ သိရပါတယ္။

DVB

unicode

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးမည်

ဇွန်လ ၁၉ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း အမရပူရမြို့နယ်မှာ အခြေခံလူတန်းစားတွေအတွက် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းတွေ ရောင်းချပေးမယ်လို့ သိရပါတယ်။မန္တလေးခရိုင်အတွင်း အခြေခံလူတန်းစားတွေအတွက် အခြေခံ စားသောက်ကုန်တွေ ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)နဲ့ ညီနောင်အသင်းတွေ ပူးပေါင်းရောင်းချပေးနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဆန်၊ ဆီ၊ ဆား စတဲ့ ငွေကျပ် ၇၁၅၀ ဖိုးရှိ စားသောက် ကုန်တွေကို ကျပ် ၂၀၀၀ နှုန်းနဲ့ မြို့နယ်တစ်ခုမှာ လူအယောက် ၁၀၀၀ စာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။MRCCI အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက”အားလုံး ခုနစ်မြို့နယ်ရောင်းမယ်။ ၁၉ ရက်နေ့ ကတော့ အထူးပေါ့၊ ၁၉ ရက်နေ့က အမေစုမွေးနေ့ကို ကျနော် တို့ အမရပူရကို ရွေးထားတယ်။ အဲဒီနေ့တော့ အမေစုမွေးနေ့အမှတ်တရလေးပေါ့” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားတွေ အဆင်ပြေစေဖို့အ တွက် အခြေခံ စားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ အခုလိုရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။‌ ရောင်းချပေးတဲ့ အခြေခံစားသောက်ကုန်တွေမှာ ပဲဆီသန့် ၁၅ ကျပ်သား ၊ဆန်တစ်ပြည်၊ လက်ဖက်နဲ့ ပဲကြော် သုံးထုပ်စီ ၊ A1family ငရုတ်သီးမှုန့် တစ်ထုပ်၊ ကြက်ဥခြောက်လုံး၊ Reusable Mask နှာခေါင်းစည်း သုံးခု၊ လက်သန့်ဆေးရည် တစ်ဘူး၊ ကြက်သွန်နီ တစ်ပိဿာ၊ ကုလားပဲ ၅၀ ကျပ်သား၊ သားသား အမှတ်တံဆိပ် ဆန်ပြုတ်တစ်ထုပ်တို့ ပါဝင်ပါတယ်။

မန္တလေးခရိုင်အတွင်းရှိ ခုနစ်မြို့နယ်မှာ လှည့်လည် ရောင်းချပေး မှာဖြစ်ပြီး မြို့နယ်သုံးခု မှာ ရောင်းချပေးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ဇွန်လ ၁၆ ရက်နေ့မှာတော့ ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းရပ်ကွက်ကို သွားရောက် ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

DVB

Add a Comment

Your email address will not be published.

eleven + thirteen =