Covid -19 ကူးစက္ ခံရတဲ့ အဘြားျဖစ္သူ ကို အသက္ျပန္ရႈေအာင္ ႀကိဳးစားခဲ့တဲ့ ေျမးရဲ႕အျဖစ္

Covid -19 ကူးစက္ ခံရတဲ့ အဘြားျဖစ္သူ ကို အသက္ျပန္ရႈေအာင္ ႀကိဳးစားခဲ့တဲ့ ေျမးရဲ႕အျဖစ္

အခ်ိဳ႕ေသာသူေတြဟာ အဘိုး၊ အဘြားေတြနဲ႔သာႀကီးျပင္းလာခဲ့ရလို႔ ၎ တို႔အတြက္ အဘိုးအဘြားေတြဟာ

မိဘတစ္ဖြယ္ခ်စ္ျမတ္ႏိုးတန္ဖိုးထားေနရတာပါ ။ မၾကာေသးခင္က online ေပၚမွာ ပ်ံ႕ႏွံ႔ေန ခဲ့တဲ့ ဓာတ္ပုံေလးရဲ႕

ေနာက္ကြယ္က ေျမးအဘြား ရဲ႕အျဖစ္ဟာလည္း အေတာ္ေလးရင္ကြဲနာက်ရေလာက္တဲ့အထိ

ျမင္ေတြ႕ေနရသူေတြကို ခံစားရေစမွာပါ ။

ထို႔အျပင္ အဆိုပါဓာတ္ပုံေလးထဲမွ ေျမးျဖစ္သူဟာ သူ၏ အဘြားကို မည္မွ်ခ်စ္ျမတ္ႏိုးေၾကာင္း

စားဖြဲ႕ၿပီးေျပာ ဆိုရင္ေတာင္ မမွီပါဘူး ။

ျဖစ္စဥ္ကေတာ့ မက္စီကိုၿမိဳ႕ရဲ႕ General Hospital ဆိုတဲ့ေဆး႐ုံရဲ႕ ကားပါကင္တစ္ေနရာမွာ အမ်ိဳးသားတစ္ဦးဟာ

Covid -19 ကူးစက္ ခံထားရတဲ့ အဘြားျဖစ္သူကို ေဆး႐ုံတက္ေရာက္ ကုသႏိုင္ျပင္ဆင္ေနခဲ့တာပါ ။

ထို႔ေနာက္ အဘြားျဖစ္သူကို ကားထဲမွာေစာင့္ခိုင္ခဲ့ၿပီးေနာက္ ေဆး႐ုံအတြင္းသို႔ေျပးဝင္ခဲ့ၿပီး ကားဆီသို႔ျပန္လာခ်ိန္မွာေတာ့

မေမွ်ာ္လင့္ထားခဲ့တဲ့ အေျခအေနပုံစံနဲ႔ အဘြားျဖစ္သူကိုျမင္ေတြ႕ခဲ့ ပါေတာ့တယ္ ။

အဲဒါကေတာ့ အဘြားျဖစ္သူဟာ အသက္မရႈေတာ့သလို ဘာတုံ႔ျပန္မႈမ်ိဳးမွ မရွိေတာ့လို႔ အဆိုပါအမ်ိဳးသားဟာ

ေရာဂါကူးစက္ခံရမွာ ကိုမေၾကာက္ေတာ့ဘဲ ခ်က္ခ်င္းအဘြားျဖစ္သူကို ကယ္ႏိုင္ဖို႔ mouth-to-mouth ျဖင့္ အဘြားျဖစ္သူ

သတိျပန္လည္လာ ေအာင္ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဘြားျဖစ္သူဆီကေန မည္သည့္တုံ႔ျပန္မႈမ်ိဳးကိုမွ ျပန္မရခဲ့ပါဘူး ။

ကံဆိုးစြာနဲ႔ပဲ ဆရာဝန္သူေတြ အဆိုပါ ေနရာသို႔ ေရာက္ရွိ လာခဲ့ခ်ိန္မွာေတာ့ အဘြားျဖစ္သူဟာ Covid-19 ေရာဂါေၾကာင့္

ေသဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္ ။ အဆိုပါ ဓာတ္ပုံေတြကိုေတာ့ နာမည္ႀကီး

ဓာတ္ပုံဂ်ာနယ္လစ္ တစ္ေယာက္ျဖစ္တဲ့ Moise’s Pablo က ႐ိုက္ကူးခဲ့ တာပါ ။ ေျမးျဖစ္သူကေတာ့ Covid-19 ကူးစက္ခံထားရတယ္ ဆိုၿပီး

တိက်ေသခ်ာတဲ့ သတင္းမ်ိဳးေတာ့ လက္ခံရရွိျခင္းမ်ိဳး မရွိေသးပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

unicode

Covid -19 ကူးစက် ခံရတဲ့ အဘွားဖြစ်သူ ကို အသက်ပြန်ရှုအောင် ကြိုးစားခဲ့တဲ့ မြေးရဲ့အဖြစ်

အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်း တို့အတွက် အဘိုးအဘွားတွေဟာ

မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေ ခဲ့တဲ့ ဓာတ်ပုံလေးရဲ့

နောက်ကွယ်က မြေးအဘွား ရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ

မြင်တွေ့နေရသူတွေကို ခံစားရစေမှာပါ ။

ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏ အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း

စားဖွဲ့ပြီးပြော ဆိုရင်တောင် မမှီပါဘူး ။

ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ

Covid -19 ကူးစက် ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက် ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။

ထို့နောက် အဘွားဖြစ်သူကို ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့

မမျှော်လင့်ထားခဲ့တဲ့ အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ ပါတော့တယ် ။

အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှ မရှိတော့လို့ အဆိုပါအမျိုးသားဟာ

ရောဂါကူးစက်ခံရမှာ ကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကို ကယ်နိုင်ဖို့ mouth-to-mouth ဖြင့် အဘွားဖြစ်သူ

သတိပြန်လည်လာ အောင်ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဘွားဖြစ်သူဆီကနေ မည်သည့်တုံ့ပြန်မှုမျိုးကိုမှ ပြန်မရခဲ့ပါဘူး ။

ကံဆိုးစွာနဲ့ပဲ ဆရာဝန်သူတွေ အဆိုပါ နေရာသို့ ရောက်ရှိ လာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာ Covid-19 ရောဂါကြောင့်

သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ အဆိုပါ ဓာတ်ပုံတွေကိုတော့ နာမည်ကြီး

ဓာတ်ပုံဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ Moise’s Pablo က ရိုက်ကူးခဲ့ တာပါ ။ မြေးဖြစ်သူကတော့ Covid-19 ကူးစက်ခံထားရတယ် ဆိုပြီး

တိကျသေချာတဲ့ သတင်းမျိုးတော့ လက်ခံရရှိခြင်းမျိုး မရှိသေးပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *

1 × 4 =