နေမကောင်းဖြစ်လို့ ဆေးကုသမမှုခံယူနေရတဲ့ “ဘင်ဂျမင်ဆုမ်း” ရဲ့ လက်ရှိအခြေအနေ
|ပရိသတ်ကြီးရေ ဘင်ဂျမင်ဆုမ်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့သူတစ်ယောက်အဖြစ်ကနေ လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။
ဘင်ဂျမင်ဆုမ်းကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နေမကောင်းဖြစ်နေတာကြောင့် ဆေးကုသမှု ခံယူနေရကြောင်း “Hey summers! I’m really sad to announce that I’ll be undergoing Tonsillectomy which means I’ll be taking a short break from music. I’ll be back soon with a banger! Keep me in your prayers. Sending much love to y’all.” ဆိုပြီး အနုပညာ အလုပ်တွေခဏရပ်နားထားကြောင်း စိတ်မကောင်းစွာနဲ့ အသိပေးလာခဲ့ပါတယ်။
ခံစားရတဲ့ ရောဂါဝေဒနာတွေလည်း ပျောက်ကင်းပြီး အမြန်ဆုံးအနုပညာအလုပ်တွေပြန်လုပ်နိုင်ဖို့ ကျန်းမာစေဖို့ မေတ္တာတွေပို့သပေးဖို့လည်းတောင်းဆိုထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် ဘင်ဂျမင်ဆုမ်းတစ်ယောက် အမြန်ဆုံး နေကောင်းစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
CRD – CeleZone
zawgyi
CRD – CeleZone