တစ်ကမ္ဘာလုံးကစောင့်ကြည့် နေကြတဲ့ MISS UNIVERSE ပြိုင်ပွဲကြီးရဲ့ PRELIMINARY COMPETITION ကို အောင်အောင်မြင်မြင် နဲ့ဖြတ် ကျော် နိုင် ခဲ့ တဲ့ သူဇာဝင့်လွင် ရဲ့ ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ…ဒီနေ့ မြန်မာစံတော်ချိန် မနက်ခင်း( ၅ နာရီနဲ့ ၃၀ မိနစ်) ဝန်းကျင်ခန့်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၆၉)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးရဲ့ Preliminary Competitions ကို မြန်မာကိုယ်စားပြု အလှမယ်သူဇာဝင့်လွင်ကတော့အမှားအယွင်းမရှိ အောင်မြင် စွာ ကျော်ဖြတ် နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။Candyလေး ကတော့ပရိသတ်တွေသိကြတဲ့ တေးသံရှင် မေရဲ့တစ်ဦးတည်းသောညီမလေး ဖြစ်ပြီး Miss Universe Myanmar 2020ရဲ့ Winner ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲတဲ့ အလှမယ်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး Stress အမျိုးမျိုးရှိပေမယ့်လည်းခံစားချက်တွေကိုမျိုသိပ်ကာ Miss Universe ပြိုင်ပွဲကြီး အတွက် မြန်မာတွေမျက်နှာမငယ်ရအောင် ကြိုးစားပမ်းစား နဲ့ ယှဉ်ပြိုင်နေတဲ့ အလှမယ် တစ်ဦး ပဲ ဖြစ်ပါတယ်။ဒီနေ့ မနက်ခင်း မှာတော့ သူဇာဟာ Miss Universe ပြိုင်ပွဲကြီး ရဲ့ စင်မြင့်ထက်မှာလှပတဲ့ လျှောက်လှမ်းတွေနဲ့အတူအမှားအယွင်းမရှိ ဖြတ်ကျော် နိုင်ခဲ့တာတွေကိုသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ Video နဲ့တကွ ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

“Prelims experience was awesome.I’m blessed that I could make it this far. It felt surreal yet nostalgic to be on Miss Universe stage and among all these amazing women.I hope you enjoy my performance. See you again on May 16. Miss Universe ပွဲကြီးရဲ့ Preliminary competiton မှာ ရှိသမျှစိတ်ရောကိုယ်ပါနှစ်ပြီး သူဇာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်Prelims နဲ့ Closed door interview က result တွေကိုပေါင်းပြီး ဆန်ကာတင်အယောက် ၂၁ ကို ရွေးချယ်မှာမို့ သူဇာ့ ကို အားပေးနေတဲ့ ပရိတ်သ တ် တွေအားလုံးအတွက် ဝမ်းသာစိတ်ကျေနပ်စရာရလဒ်ကို ယူဆောင်ပေးခွင့်ရပါစေလို့လည်း ဆုတောင်းနေပါတယ်

အားလုံး ဘေးကင်းလုံခြုံအောင်နေကြပါ ၁၆ ရက် နေ့ညနေ (မြန်မာစံတော်ချိန်နဲ့ ၁၇ ရက်နေ့ မနက်) အားလုံးနဲ့အတူတူ ပျော်ရွှင်ခွင့်ရချင်ပါ တယ် Love you all! ……” ဆိုပြီး ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အောက်က ဗီဒီယို ထဲမှာ သူဇာရဲ့ Full Performance Video ကို ကြည့် ပြီး ရင်သက်ရှူ့မော လိုက်ကြပါဦးနော်……….။

Credit ; MMLoad

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =