“မယ်ဝမ်ထုံ” ဇာတ်လမ်းတွဲထဲက ထိုင်းမင်းသား Pong Nawat နဲ့ ဒူဘိုင်းမှာ ဆုံစည်းခဲ့တဲ့ “Ah Boy နဲ့ နေဝင်း”
ပရိတ်သတ်ကြီးရေ…. အဆိုတော် Ah Boy နဲ့ Snare အဖွဲ့က အဆိုတော် နေဝင်း တို့ကတော့ အနုပညာနယ်ပယ်မှာ ကျင်လည်ဖြတ်သန်းခဲ့ရင်း ခင်မင် ရင်းနှီးခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ ဖြစ်ကြပါတယ်။ လက်ရှိ မှာတော့ နေဝင်းနဲ့ Ah Boy တို့ဟာ Chivas Regal Myanmar နဲ့အတူတူ Raise The Game Dubai Trip အတွက် ဒူဘိုင်းကို အလုပ်ကိစ္ စနဲ့ အတူတူရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့ မှာတော့ နေဝင်းနဲ့ Ah Boy တို့ဟာ Chivas Regal Myanmar ရဲ့ Raise The Game Dubai Trip ရဲ့ တစ်စိတ်တစ်ပိုင်းအတွက် Yacht Party ပွဲလေးကို တက်ရောက် ခဲ့ကြပါတယ်။ အဆိုပါ Yacht Party မှာ မြန်မာပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ထိုင်းမင်းသား Pong Nawat Kulrattanarak ဟာလည်း နေဝင်း Ah Boy တို့နဲ့အတူတူ တက်ရောက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
နေဝင်းနဲ့ Ah Boy တို့ဟာ Chivas Regal Myanmar ရဲ့ ဖိတ်ကြားမှုကြောင့် ဒူဘိုင်းကို ရောက်ရှိခဲ့သလို ထိုင်းမင်းသား Pong Nawat Kulrattanarak ဟာလည်း Chivas Regal Thailand ရဲ့ ဖိတ်ကြားမှုကြောင့် ဒူဘိုင်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။
Source: Nay Win’s fb
zawgyi
Source: Nay Win’s fb