အမျိုးသမီးတိုင်း သူမလို အဖြစ်ဆိုးမှကင်းဝင်းဖို့ သူမ ရဲ့ အိမ်ထောင်ရေးအကြောင်း ဖွင့်ဟပြောပြ လာတဲ့ ရေဗက္ကာဝင်း

အမျိုးသမီးတိုင်း သူမလို အဖြစ်ဆိုးမှကင်းဝင်းဖို့ သူမ ရဲ့ အိမ်ထောင်ရေးအကြောင်း ဖွင့်ဟပြောပြ လာတဲ့ ရေဗက္ကာဝင်း

အဆိုတော်နှင့်သရုပ်ဆောင် ရေဗက္ကာဝင်းက သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ရေဗက္ကာဝင်းဟာ လူမျိုးမတူ၊ ဘာသာမတူသူတစ်ဦးနဲ့ အိမ်ထောင်ရေးတစ်ခုကို နားလည်မှုတွေနဲ့ ရှေ့ဆက်သွားနိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရေဗက္ကာဝင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေတို့ဟာ ၂၀၁၃ ခုနှစ် အတွင်းမှာ ထိမ်းမြား လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၆ နှစ်ကျော်အကြာမှာတော့ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။သို့သော်လည်း ဘယ်လိုအကြောင်းကြောင်းကြောင့် ကွာရှင်းခဲ့ရတယ် ဆိုတာကိုတော့ အသိပေးပြောပြခဲ့ခြင်းမရှိပေမယ့် ယခုအချိန်မှာတော့ သူမရဲ့ Public Account ကနေပြီးတော့ ယခုလို အသိပေးလာခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံး ကို လိမ်ညာနေတဲ့ သူတစ်ယောက်အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ ကျွန်မဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားပြီး မပြောခဲ့မရေးခဲ့ဖူးပါဘူး အခုက သူခိုးက လူပြန်ဟစ်နေတဲ့အနေအထားမို့ ပြောသင့်ပြောထိုက်တာကို ပြောရပါတော့မယ်… ကျွန်မနဲ့ အိမ်ထောင်ကွဲပြီးသားယောကျာ်းတစ်ယောက်ကကျွန်မကိုအတင်းအိမ်ကိုပြန်လိုက်ခဲ့ဖို့ခေါ်တာကြောင့် ကျွန်မရဲ့လက်ကျန်သံ‌ယောဇဉ်နဲ့သူ့အိမ်ပြန်လိုက်သွားခဲ့ပါတယ်။“ကျွန်မအနေနဲ့ သူငယ်ချင်းတစ်ယောက်အပြင်ပိုတဲ့ ဆက်ဆံမှုမျိုးမရှိခဲ့ပေမယ့် သူ့ဘက်က ကျွန်မကို အိမ်ပြန်လာစေချင်တဲ့ ခေါ်ဖိတ်မှုမျိုး လုပ်ခဲ့တဲ့ messageတွေ ခုထိရှိပါတယ်…. နှစ်ရှည်လများချစ်သူရည်းစားအဖြစ်ဖြတ်သန်းခဲ့ပြီး အိမ်ထောင်သက်တမ်းတစ်ခုလဲရှိခဲ့တဲ့ ကျွန်မရဲ့ ပထမဦးဆုံးအိမ်ထောင်ဖက်ဖြစ်တဲ့အတွက် ကျွန်မမှာ ထောက်ညှာငဲ့ကွက်စဉ်းစားစရာ တွေများလွန်းတဲ့အတွက် မိတ်ဆွေသူငယ်ချင်းအဖြစ် ကျွန်မအရင်အမျိုးသားကိုဖေဖော်ဝါရီလမှာ ဆက်သွယ်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။သူနဲ့ကျွန်မ ၄ရက် ၅ရက်လောက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတုန်းမှာပဲ ကျွန်မ အင်တာဗျူးမှာဖြေထားတဲ့ မလွတ်လပ် သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးက သူ့အိမ်ပေါ်ညလုံးပေါက်တက်နေပြီး မနက်မိုးလင်းတဲ့အခါ ကျွန်မမိဘတွေကိုရော ကျွန်မသူငယ်ချင်းတွေကိုရော ကျွန်မက သူတို့ကိုနှောင့်ယှက်နေပါတယ်ဆိုပြီး ဖုန်းဆက်တိုင်တန်းအရှက်ခွဲပြီး ကျွန်မကို ပြန်ခေါ်ယူစေခဲ့ ပါတယ်။

အဲ့ဒီညမှာ သူမသွားအိပ်လို့ ရခဲ့တဲ့ လက်ဆောင်နဲ့ ပိုက်ဆံ ကိုလဲ သူမ FB မှာ Valentine’s gift အနေနဲ့ အားလုံးသိအောင် တင်ထားခဲ့ပါတယ်…. အဲ့နောက်ပိုင်း ဈာန်ကြွသွားတော့ မလားထင်ရအောင် သူမ FB မှာ ခင်ပွန်းကြီးဆယ်ပါးတောင်းပန်လိုက် ဘုရားရှစ်ခိုးလိုက် ပန်းရေချမ်းသပ္ပာယ်လိုက်နဲ့ အမျိုးမျိုးဟန်ဆောင်လိမ်ညာနေပြီး ကျွန်မဝယ်ထားခဲ့တဲ့ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေနဲ့ နေ့တိုင်း မရိုးရအောင်ပို့စ်တွေတင်တာ ကျွမ်မအိမ်ရောက်ဖူးတဲ့ ကျွန်မသူငယ်ချင်းမိတ်ဆွေအားလုံးက သိကြပါတယ်။ကျွန်မနဲ့တရားဝင်ကွာရှင်းထားတဲ့အမျိုးသားကို ဘာမှမပြောလိုပေမယ့် တရားဝင်မကွာရှင်းရသေးတဲ့ ကျွန်မသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးက FB မှာ သူဟာ ဘယ်လိုကြံ့ခိုင်ကြောင်း ဘယ်လိုအိမ်ထောင်တစ်ခုကို ကြိုးစားဖြတ်သန်းခဲ့ကြောင်း အကောင်းဆုံးမိခင်ဖြစ်ကြောင်း အလွန်တရာချောမောလှပကြောင်းတွေ အဆက်မပြတ်တင်နေခဲ့သော်လည်း ကျွန်မနဲ့မသက်ဆိုင်တာမို့ လျစ်လျူရှူထားခဲ့ပါတယ် တစ်ရက် Covid 19 ကာလ ဘယ်မှမသွားဖို့အစိုးရက ကြေငြာချက်ထုတ်ထားစဉ် ကျွန်မအရင်အမျိုးသားနဲ့ ဖုန်းပြောဖြစ်ပါတယ်။

“နောက်တစ်ခေါက် ကျွန်မအနေ နဲ့ Covid ကာလ ညဘက် အိပ်မပျော်တာနဲ့ မနက် ၂နာရီလောက်မှာ ရည်ရွယ်ချက်မရှိဘဲ လက်က Video call နှိပ်မိလိုက်တဲ့အချိန်မှာတော့ ထိုအမျိုးသမီးက ကိုင်ပြီး ကျွန်မအရင်အမျိုးသားနဲ့ တစ်အိပ်ရာထဲအိပ်နေတာကို live ပြပါတယ်… ကျွန်မအရမ်းလဲ ရှက် အရမ်းလဲအံ့ဩ မယုံနိုင်လောက် အောင်ဖြစ်ရလို့ ကျွန်မ FB account ကိုတောင် Deactivate လုပ်ခဲ့ပြီး ကျွန်မရဲ့ အနုပညာအလုပ်နဲ့ နာမည်ကို စွန့်လွှတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်… ကျွန်မဒီအကြောင်းတွေကို အားလုံးရဲ့မျက်နှာနဲ့ အဖက်ဖက်ကိုငှဲ့ပြီး လုံးဝမပြောပြခဲ့ပါဘူး…သူမနဲ့ chat box မှာ စကား သွားပြောတော့လဲ အင်မတန်အံ့ဩစရာကောင်းစွာ သူမ အတွက် ဒီကိစ္စက ရေးကြီးခွင်ကျယ်မဟုတ် သူတို့က friend with benefitsဖြစ်ကြောင်းပြောပြခဲ့လို့ ကျွန်မပိုပြီး ခံစားရပါတယ်။သူတို့အနေနဲ့ အခုမှ အချစ်စစ် အချစ်မှန်ကိုရှာဖွေတွေ့ရှိပြီး လူမှန်နေရာမှန်ဖြစ်သွားတယ်ဆိုရင်တောင် တစ်ဖက်က မလွတ်လပ်သေးပေမယ့် တစ်ဖက်ကလူလွတ်ဖြစ်နေပြီမို့ ယဉ်ကျေးမှုဘေးချိတ်ထားပြီးနားလည်ပေးလို့ ရကောင်းရနိုင်ပါတယ်… သူမပြန်ပြောခဲ့တဲ့ တဏှာသီးသန့်ပတ်သတ်မှုကတော့ သူမအသက်အရွယ် သူမအိမ်ထောင် သူမရပ်တည်မှု သူမသူငယ်ချင်းဖြစ်ခဲ့တဲ့ကျွန်မ ပြီးတော့ အားလုံးကို ဂရုမစိုက်ရင်တောင် သူမသားအတွက် ဘာမှမတွေးတော့ဘဲ ဒါမျိုးမျက်နှာပြောင်တိုက် အကျင့်စာရိတ္တပျက်ပြားရဲတာ ကျွန်မအတွက်တော့ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်လို့ပြောရမလိုကို ဩချမိပါတယ်။

“သူမပတ်သတ်တဲ့ ကျွန်မ နဲ့ကွာရှင်းထားတဲ့အမျိုးသားက သူမအမျိုးသားရဲ့ သူငယ်ချင်းလဲဖြစ်ပြီး သူမယောက္ခမ နဲ့ ကျွန်မအဖေနဲ့ကကျောင်းနေဘက်သူငယ်ချင်းလဲဖြစ်ပါတယ် သူမယောက်ျားရဲ့ ဦးလေးကလဲ ကျွန်မအရင်အမျိုးသားရဲ့အဖေရဲ့ လုပ်ဖော်ကိုင်ဘက်ဆိုတော့ ကျွန်မသူမရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ဘာပြောရမှန်းမသိအောင် အံ့ဩဆွံ့အခဲ့တာ လေးလရှိပါပြီ… ခုမှ လူတွေ အားလုံးလဲ သိနေပြီဖြစ်လို့ အဖြစ်မှန်ကိုပြောပြတာပါ ကျွန်မလို အလိမ်ညာခံ အလှည့်ဖြားခံရခြင်းမှ ကင်းလွတ်ကြပါစေရှင်….ကျွန်မအခုဒီလိုရေးတာလဲ ကျွန်မခံစားချက်နဲ့ အတွေ့အကြုံအစစ်အမှန်ကိုသာရေးသားခြင်း ဖြစ်ပါတယ်…မည်သူ့ကိုမှ တိုက်ခိုက်လိုစိတ် အလျင်းမရှိကြောင်းနဲ့ အားလုံးစိတ်ရှင်းအောင်ပြောပြခြင်းသာဖြစ်ကြောင်းပါ တစ်ခါတည်းပြောပြလိုက်ပါတယ်… အမျိုးသမီးတိုင်း ကျွန်မလိုအဖြစ်ဆိုးမှ ကင်းဝေးကြပါစေ😒ရေဗက္ကာဝင်းကတော့ သူမရဲ့ အိမ်ထောင်ရေးအကြောင်း ကို ခုလိုချပြခဲ့တာဖြစ်ပါတယ်။ လက်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာတော့ သူမရဲ့ အရင်အိမ်ထောင်ရေးဟာ အခြားသော အနုပညာရှင်တစ်ယောက်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ရေးသားနေကြတာတွေ့ရပါတယ်။

Credit panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

eleven + 4 =