ႏွစ္ႏိုင္ငံ နယ္စပ္ဘက္ တပ္ေတြ ထပ္လႊတ္မယ္ လို႔ ေျမာက္ကိုရီးယား ေၾကညာ
|ႏွစ္ႏိုင္ငံ နယ္စပ္ဘက္ တပ္ေတြ ထပ္လႊတ္မယ္ လို႔ ေျမာက္ကိုရီးယား ေၾကညာ
ေတာင္နဲ႔ ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေဖာက္ခြဲဖ်က္ဆီး လိုက္ၿပီး ေနာက္တေန႔မွာပဲ ေျမာက္ကိုရီးယားက သူ႔တပ္ ေတြကို နယ္စပ္အနီး ထပ္ၿပီး ေစလႊတ္မယ္လို႔ ေၾကျငာပါတယ္။
တင္းမာမႈေလွ်ာ့ခ်ေရး ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ ကိုယ္စားလွယ္ အဖြဲ႕ေစလႊတ္မယ့္ ေတာင္ကိုရီးယားရဲ႕ ကမ္းလွမ္းခ်က္ကိုလည္း ေျမာက္ကိုရီးယား က ေဒါသတႀကီး ပယ္ခ်ခဲ့တာပါ။
Kaesong စက္မႈဇုန္နဲ႔ Mt.Kumgang အပန္းေျဖစခန္း ဧရိယာ တဝိုက္တပ္ေတြ ဗုဒၶဟူးေန႔မွာ ျပန္ဝင္လာမယ္လို႔ ေျမာက္ကိုရီးယား စစ္တပ္ေျပာခြင့္ရသူရဲ႕ ေၾကျငာခ်က္ကို အစိုးရသတင္းဌာန KCNA ကေၾကျငာသြားပါတယ္။
ဒါ့အျပင္ ေရွ႕တန္း လုံၿခဳံေရး အင္အားေကာင္းလာဖို႔အတြက္ ဆိုၿပီး အရင္တုန္းက စြန႔္ပစ္ထားတဲ့ ကင္းစခန္းေတြကို ျပန္အသုံးျပဳ သြားမယ္လို႔လည္း ေၾကျငာခဲ့တာပါ။ ေတာင္ကိုရီးယားနယ္စပ္ ပင္လယ္ကမ္းေျခအနီးမွာလည္း ေျမာက္ကိုရီးယားရဲ႕ ပုံမွန္ စစ္ေရးေလ့က်င့္မႈ အားလုံးကို ျပန္စမယ္လို႔ KCNA က ေၾကျငာ ခဲ့ပါတယ္။
ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္း နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္းတို႔ ၂၀၁၈ ခုႏွစ္မွာ သမိုင္းဝင္ေတြ႕ဆုံ ေဆြးေႏြးရာက ရလာတဲ့ တိုးတက္မႈအေတာ္မ်ားမ်ားဟာ ေျမာက္ကိုရီးယားရဲ႕ လတ္တေလာ လုပ္ရပ္ေတြေၾကာင့္ ပ်က္ျပယ္သြားပါၿပီ။
ႏွစ္ႏိုင္ငံနယ္စပ္ ဆက္ဆံေရး႐ုံး ကို ေျမာက္ကိုရီးယားက အဂၤါေန႔မွာ ေဖာက္ခြဲဖ်က္ဆီးခဲ့တာပါ။ ေတာင္ကိုရီးယားနဲ႔ တရားဝင္ ေဆြးေႏြးမႈ အားလုံးကို ျဖတ္ေတာက္မယ္ဆိုၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျမာက္ကိုရီးယားက ေၾကျငာ ထားပါတယ္။
ေျမာက္ကိုရီးယားကေန ထြက္ေျပး သြားခဲ့တဲ့ တက္ႂကြလႈပ္ရွားသူေတြက နယ္စပ္ကေန မိုးပ်ံပူေဖာင္းေတြ အသုံးျပဳၿပီး ေျမာက္ကိုရီးယား ကို ဆန႔္က်င္တဲ့ စာေတြနဲ႔ တျခားပစၥည္းေတြ ပစ္လႊတ္ေနတဲ့အေပၚ ေတာင္ကိုရီးယား အစိုးရက ထိထိ ေရာက္ေရာက္မတားဆီးႏိုင္တဲ့ အတြက္ ေျမာက္ကိုရီးယားဘက္က ေဒါသထြက္ ေနပုံလည္း ရပါတယ္။
crd : topmmnews
unicode
နှစ်နိုင်ငံ နယ်စပ်ဘက် တပ်တွေ ထပ်လွှတ်မယ် လို့ မြောက်ကိုရီးယား ကြေညာ
တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီး လိုက်ပြီး နောက်တနေ့မှာပဲ မြောက်ကိုရီးယားက သူ့တပ် တွေကို နယ်စပ်အနီး ထပ်ပြီး စေလွှတ်မယ်လို့ ကြေငြာပါတယ်။
တင်းမာမှုလျှော့ချရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်မယ့် တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကိုလည်း မြောက်ကိုရီးယား က ဒေါသတကြီး ပယ်ချခဲ့တာပါ။
Kaesong စက်မှုဇုန်နဲ့ Mt.Kumgang အပန်းဖြေစခန်း ဧရိယာ တဝိုက်တပ်တွေ ဗုဒ္ဓဟူးနေ့မှာ ပြန်ဝင်လာမယ်လို့ မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရသူရဲ့ ကြေငြာချက်ကို အစိုးရသတင်းဌာန KCNA ကကြေငြာသွားပါတယ်။
ဒါ့အပြင် ရှေ့တန်း လုံခြုံရေး အင်အားကောင်းလာဖို့အတွက် ဆိုပြီး အရင်တုန်းက စွန့်ပစ်ထားတဲ့ ကင်းစခန်းတွေကို ပြန်အသုံးပြု သွားမယ်လို့လည်း ကြေငြာခဲ့တာပါ။ တောင်ကိုရီးယားနယ်စပ် ပင်လယ်ကမ်းခြေအနီးမှာလည်း မြောက်ကိုရီးယားရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှု အားလုံးကို ပြန်စမယ်လို့ KCNA က ကြေငြာ ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်း နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ ၂၀၁၈ ခုနှစ်မှာ သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးရာက ရလာတဲ့ တိုးတက်မှုအတော်များများဟာ မြောက်ကိုရီးယားရဲ့ လတ်တလော လုပ်ရပ်တွေကြောင့် ပျက်ပြယ်သွားပါပြီ။
နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံး ကို မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။ တောင်ကိုရီးယားနဲ့ တရားဝင် ဆွေးနွေးမှု အားလုံးကို ဖြတ်တောက်မယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားက ကြေငြာ ထားပါတယ်။
မြောက်ကိုရီးယားကနေ ထွက်ပြေး သွားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ မိုးပျံပူဖောင်းတွေ အသုံးပြုပြီး မြောက်ကိုရီးယား ကို ဆန့်ကျင်တဲ့ စာတွေနဲ့ တခြားပစ္စည်းတွေ ပစ်လွှတ်နေတဲ့အပေါ် တောင်ကိုရီးယား အစိုးရက ထိထိ ရောက်ရောက်မတားဆီးနိုင်တဲ့ အတွက် မြောက်ကိုရီးယားဘက်က ဒေါသထွက် နေပုံလည်း ရပါတယ်။