




Source : Nansu Yati Soe
Credit Cele Gabar

unicode

တရုတ် Website တစ်ခု မှာ ဖော်ပြခံ ခဲ့ရတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး

ပရိသတ်အချစ်တော် ရှမ်း-တရုတ် ကပြားမလေး နန်းဆု ကတော့ အမိုက်စားဘော်ဒီနဲ့ ကိုရီးယားမလေးတစ်ယောက် လို ကြည်လင်ဝင်းပနေတဲ အသားရည်ကို ပိုင်ဆိုင် ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ ။သရုပ်ဆောင်မှာရော အဆိုပါကျွမ်းကျင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အားပေး ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။

လတ်တလောမှာတော့ ဇွန်လ (၁၅)ရက်နေ့ ညနေခန့်က China Website တစ်ခုမှာ နန်းဆုရဲ့ အကြောင်းလေး ကို ရေးသားဖော်ပြခြင်းခံခဲ့ရပါတယ်။အဲ့ website မှာ ရေးတင်ထားတာကတော့ နန်းဆုရဲ့ ရှန်ဟိုင်းက အလှဓာတ်ပုံတွေ အပြင် မြန်မာနိုင်ငံမှာရိုက်ထားတဲ့ အလှဓာတ်ပုံတွေကိုပါ တင်ထားတာ ဖြစ်ပြီး နန်းဆု ရဲ့ biography အကျဉ်းချုပ်နဲ့ အနုပညာလှုပ်ရှားမှုတွေ ကိုလည်း ဖော်ပြထားပါတယ် ။

နန်းဆုရဲ့ ပရိသတ်တွေ ကတော့ သူမ အတွက် ဂုဏ်ယူနေကြပြီး ကပြားမလေးဆိုတော့ နှစ်နိုင်ငံလုံးက အချစ်တွေကိုရတာပေါ့ ဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားထားကြပါတယ်။ မြန်မာနိုင်ငံမှာသာမက တရုတ်မှာပါ နာမည်ကျော်နေတဲ့ နန်းဆုအတွက် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက် ပါတယ်နော် ။

Source : Nansu Yati Soe
Credit Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =