credit-cele gabar
unicode
ရေဗက္ကာဝင်း နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့အကြောင်းကို ပြန်လည်ဖြေရှင်းချက် ထုတ်ခဲ့တဲ့ ခင်ပွန်းဟောင်း
မနေ့ကညကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဟောင်း တို့ရဲ့ အိမ်ထောင်ရေးပြဿနာ အပြန်အလှန်ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့လတွေကတည်းက စတင်ခဲ့တဲ့ဒီပြဿနာကတော့ အခုချိန်မှာ ပိုမိုကြီးထွားလာတယ်လို့ ဆိုရမှာပါ။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီးတာမကြာသေးတဲ့ ရေဗက္ကာဝင်း ကတော့ အခုလိုဖြစ်လာခြင်းရဲ့အဓိကပြဿနာကို မီဒီယာတစ်ခုမှာ အကြမ်းဖျဉ်း ဖြေရှင်းခဲ့ပြီး မနေ့ညကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံးကို လိမ်ညာနေတဲ့ သူတစ်ယောက်အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ” လို့ဆိုကာ တတိယလူနဲ့ခင်ပွန်းဟောင်းတို့ကြောင်းကို တိတိကျကျ ရေးသားမျှဝေခဲ့ပါတယ်။
ခင်ပွန်းဟောင်းဖြစ်သူနဲ့ တတိယမိန်းကလေးတို့ အကြောင်းကို အသေးစိတ်တိတိကျကျ ချပြ ခဲ့ပြီးနောက်မှာတော့ ခင်ပွန်းဟောင်း ဖြစ်သူဘက်က ရေဗက္ကာဝင်းပြောခဲ့တဲ့ အချက်တွေကို ပြန်လည်ဖြေရှင်းခဲ့ ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ ကိုကောင်းကျော်ဆွေကတော့ “ကျနော် သူများ အရှက်မခွဲ ချင်ဘူးဗျာ…..( နောက်ကြောင်း ပြန်လှည့် လိုစိတ် အရှင်းမရှိပါ)” လိူ့ရေးသား ခဲ့ပေမယ့် အထင်မြင်လွဲမှားမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာမှာဆိုးတဲ့အတွက် ရေဗက္ကာဝင်းရဲ့ စာတချို့ကို ပြန်လည်ဖြေရှင်းခဲ့ပါတယ် ပရိသတ်ကြီးရေ..
မနေ့ညက ပျံ့နှံ့ခဲ့တဲ့ရေဗက္ကာဝင်းနဲ့ ခင်ပွန်းဟောင်းဖြစ်သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ အပြန်အလှန်ရေးသားပြောဆိုမှုတို့ကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။ ပြည်သူချစ် အနုပညာရှင်တစ်ယောက်အနေနဲ့ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာ အခုလိုပြဿနာတွေဖြစ်လာတာကတော့ တကယ်စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ..
credit-cele gabar
Add a Comment
Your email address will not be published. Required fields are marked *
4 × 4 =