“သံဖြူဇရပ် မိန်ဗလာတောင် က ဂျပန် ရတနာသိုက် တူးထားတဲ့ ကျင်းထဲ မှာ အမျိုးသမီး (၄) ဦး သေဆုံးနေ”

“သံဖြူဇရပ် မိန်ဗလာတောင် က ဂျပန် ရတနာသိုက် တူးထားတဲ့ ကျင်းထဲ မှာ အမျိုးသမီး (၄) ဦး သေဆုံးနေ”

စုံစမ်းဆက်သွယ်မေးမြန်း ရသလောက်ကတော့ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီး (၁)ဦး နှင့်အသက်(၁၂)အရွယ်(၂)ဦးနှင့် (၁၁)နှစ်အရွယ်
မိန်းကလေး(၁)ဦး စုစုပေါင်း(၄)ဦး သေဆုံး ခဲ့ပါတယ်။

ကလေးမလေး(၃)ယောက်က ပင ဝယ်ကဝါ ရွာများဘက်မှဟု သိရပြီး အမျိုးသမီးကြီးက ဘုန်းကြီးကျောင်းမှာ ကပ္ပိယပုံစံမျိုးနေနေသူ ဖြစ်ပြီး ဘာမှမတော်စပ်ဟု သိရပါတယ်။ ကလေးတွေကလဲ ရွာဘက် မှလာပြီး မွန်ဘုန်းကြီးကျောင်း တွင် ဓမ္မစကူလ်းပုံစံလိုမျိုးသင်ကြားရန်လာနေကြ သူများဟု ဒေသခံထံမှ စုံစမ်းသိရှိရပါတယ်။

ရေနစ်တဲ့ ရေပြင်ကကျယ်ပါတယ်။ သံဖြူဇရပ်မြို့ မှိန်မလာတောင်တွင် ရိုးရယ်အီးဂဲ ကုမ္မဏီမှ ရတနာသိုက် လာရောက် တူးဖော်ခဲ့စဉ် တူးခဲ့သော မြေကျင်းတွေက ကန် လိုဖြစ် သွားပြီး ရေပြင်ကျယ်ကြီး ဖြစ်နေခဲ့တာပါ။ ရေပြင်က ကျယ်ပြီး ရေတိမ်သည်ဟု ထင်ရပေမဲ့ တကယ်တမ်း ရေပြင်အောက်ဘက် တူးဆွထားသည့်နေရာများတွင် တွင်းများဂူများ ချိုင့်များဖြစ်နေပြီး ဝါးတပြန်ကျော်ခန့် နက်သည့်နေရာ နက်ပါသည်။ ရုတ်တရတ် တိမ်နေရာ မှ တွင်းနက်အတွင်း ကျသွားနိုင်သည့် အနေအထား ရှိပါသည်။ တူးပြီး ပြန်မဖို့ခဲ့ တော့ ဒီတိုင်းကျန်နေခဲ့တာပေါ့။

လတ်တလောတော့ (၄)ဦးလုံး ရေနစ်သေဆုံးသည်ဟု ကောက်ချက်ချထားပြီး တဦးရေနစ်လို့ တစ်ဦးလိုက်ဆယ်ရင်း ဖြစ်သည်လား။ ရေဆင်းကူးကြရင်း ရေတိမ်ရာမှ တွင်း နက်ထဲ ရုတ်တရတ်ချော်ကျပြီး နစ်ကြသည်လားဆိုသည်ကို တော့ မသိရပါ။

ယခု အမျိုးသမီး (၄)ဦးလုံး မှာ ညနေ(၃)နာရီခန့် ထဲကပျောက်ဆုံး နေပြီး ရေကန်ဘေးတွင် ဖိနပ်များတွေ့ရာမှလိုက်ရှာရာမှ ရေနစ်သေဆုံးသည်ကိုသိရှိရခြင်းဖြစ်ပါ သည်ပထမ(၃)ဦးအား အလွယ်တကူ ရှာတွေ့ပြီး နောက်ထပ်ကလေး အလောင်း တလောင်းအား အချိန်တော်တော်ကြာမှ ရှာဖွေတွေ့ရှိခဲ့ရပါသည်။

နာရေးကူညီမှုအသင်း နာကူလူငယ် ပိုင်ရှင်မဲ့ လူမှုကူညီရေးပရဟ်တညီအစ်ကိုများတို့မှ ကူညီရှာဖွေပြီး ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။

ဘာပဲပြောပြော ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးပြီး ကုမ္မဏီတွေကို လုပ်ပိုင်ခွင့် ပေးခဲ့ပြီး တူးဖော်ခဲ့ကြတဲ့မိန်မလာတောင်ကတော့ လူ စပြီးတော့ စားလိုက်လေပြီး။တပြိုင်နက်ထဲ အမျိုးသမီး (၄)လောင်းတောင်မှ။

ဇင္မိုး

17.6.2020

Add a Comment

Your email address will not be published. Required fields are marked *

19 + 16 =