






crd : alanzayar

unicode

သားဖြစ်သူ မျက်လုံးထဲ ကို သဲ ထည့်ပီး အစွမ်းတန်းခိုး နဲ့ လက်တွေ့ပြန်ထုတ် ပြတဲ့ တောင်ကြီးမြို့ က အသားအဖ Live (ရုပ်သံ)

ဒီဗွီယိုဖိုင်ထဲက အမျိုးသားဟာ ရွှေရင်ကျော်ဂိုဏ်ဝင်တစ်ယောက်ဖြစ်ပါတယ်။ ရွှေရင်ကျော်ဂိုဏ်ကြီးဆိုတာလည်း နှစ်သက် တမ်းအားဖြင့် ကြာမြင့်စွာရပ်တည်လာတဲ့ ဂိုဏ်တစ်ခုဖြစ်ပါတယ်။

ယုံကြည်ကိုးစားတဲ့ဂိုဏ်ဝင်များလည်း များစွာရှိပါတယ်။ ဂိုဏ်းကြီးရဲ့ ရည်ရွယ်ချက်မှာ စိတ်ကောင်းနှလုံးကောင်းထား ဖို့ သတ္တဝါတွေကို ကယ်တင်နိုင်ဖို့ ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်ဆီးတားဖို့ဖြစ်ပါတယ်။

ဂိုဏ်ကြီးရဲ့ အဓိကစည်းကမ်းချက်တွေထဲမှာ သူတစ်ပါးသားမယားကို မပြစ်မှားရ၊ အရက်သေစာ မသောက်စားရ၊ အမဲသား(နွားသား) မစားရတို့ဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းမှ ဗုဒ္ဓဂုဏ်ရည်ဆရာတော်မှ ရွှေရင်ကျော်ဂိုဏ်နဲ့ပတ်သက်ပီး လေ့လာ မေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ အဲလိုလေ့လာမေးမြန်းမှုတွေထဲမှာ ရွှေရင်ကျော်ဂိုဏ်ကို မထေမဲ့မြင်ပြုတဲ့စကားလုံးအသုံးအနှုန်းတွေပါတဲ့အတွက် ရွှေရင်ကျော်ဂိုဏ်းဟာ ယုံကြည်မှုအပြည့်နဲ့ သိက္ခာရှိစွာရပ်တည်လာခဲ့တဲ့ ဂိုဏ်တစ်ခုဆိုတာကို ယနေ့တော့ သက်သေပြ ခဲ့ပါတယ်။

မျက်လုံးထဲကို သဲထည့်ပီး အစွမ်းဖြင့်ပြန်ထုတ်ပြတဲ့လုပ်ရပ်ကို ဖေ့ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် လိုက်လွှင့် ပြသခဲ့ပါတယ်။ လောကကြီးမှာ ထူးခြားဆန်းကြယ်မှုတွေဟာလည်း ပြည့်နှက်နေပီး ကိုယ်မမြင်ဖူး မတွေ့ဖူး မကြားဖူး မတွေးတောမိဖူးတိုင်း ဒီဖြစ်ရပ်ဟာ မမှန်ပါဘူးလို့ တစ်ထစ်ချယုံကြည်ထားဖို့ မသင့်ဘူးဆိုတာ သက်သေပြသွားခဲ့ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာ ကြပါစေဗျာ