မျပည့္စံု တဲ့ ၿဗိတိန္ က်န္းမာေရးစနစ္ေၾကာင့္ ကုိဗစ္နဲ႔ ေၾကြလြင့္ သြားရျပန္တဲ့ ျမန္မာ ဆရာဝန္ႀကီး

သမီးတို ႔မိသားစုရဲ႕ေက်းဇူးရွင္ ေဖေဖ၊ NHS Hero ေဖေဖ၊ Iron Man ေဖေဖ၊ ဘုရားေပး တဲ့ ေဖေဖပါ။

သနားတယ္ဆို တာထက္ ပိုပါတယ္ ေဖေဖရယ္ ေျပာစရာစကား မရွိေအာင္ကိုပါပဲ ဒီအေမကို ခ်စ္လြန္းလို႔ ဒီသားသမီးေတြကိုလဲ တုန္ေနေအာင္ခ်စ္တဲ့ေဖေဖ။ အေပ်ာ္အပါးဆိုတာလဲ မသိ ေဖေဖ့ဘဝမွာ တေနကုန္ေခါင္းစားရတဲ့အလုပ္ကို လုပ္မယ္ အိမ္ကိုျပန္လာၿပီးေတာ့ မိသားစုနားမွာေနၿပီး ဆိုဖာေပၚ မွာ အိပ္မယ္ ေဖေဖႀကိဳက္ တဲ့ တီဗီြၾကည့္မယ္ အားလပ္ရက္ေတြဆို မိသားစုနဲ႔ေလ်ွာက္လည္မယ္ ဆိုတာကလြဲၿပီးေတာ့ ဘာမွမသိခဲ့တဲ့ေဖေဖ

ေဖေဖ့ဘဝ တေလ်ွာက္လံုး ဒီမိသားစုကို ေစာင့္ေရွာက္လုပ္ေကြ ၽးမယ္ လူနာေတြကိုကယ္မယ္ဆိုတာနဲ႔ပဲ ၿပီးျပည့္စံုေနခဲ့တဲ့ ေဖေဖ၊ ေဖေဖ့လို သူေတာ္ေကာင္းမ်ိဳးနဲ႔ ဒီအျဖစ္ဆိုး ကပ္ဆိုးႀကီးနဲ႔ ဘာဆိုင္လို႔လဲ ေဖေဖရယ္ ဝဋ္ေႂကြးရွိသမ်ွ ဒီဘဝနဲ႔ပဲ အကုန္ေၾကပါေစေတာ့လို႔ ဆုေတာင္းေပး ပါတယ္ ။

July 2019 မွာ ေဖေဖ နဲ႔ေမေမ ရန္ကုန္လာလည္ ခဲ့ၾကၿပီး ျပန္သြားတယ္။ UK က အိမ္ေလးကိုေရာင္းၿပီးေတာ့ အသစ္ဝယ္အိမ္ေျပာင္းမယ္ ၿပီးရင္ April, May 2020 ေလာက္မွာ ရန္ကုန္ျပန္လာလည္ၿပီး ျမန္မာျပည္မွာခရီးေတြထြက္ၾကမယ္လို႔ သမီးတို႔ မိသားစု ရည္ရြယ္ထားခဲ့ၾကတာ အိမ္ေလး လဲ သိန္း၂၀၀၀ေက်ာ္ေလာက္ ျမတ္ၿပီးေတာ့ ေရာင္းထြက္သြားလို႔ ေပ်ာ္ေနခဲ့ၾကတာ

ဒါေပမယ့္ 2019 ႏွစ္ကုန္ခါနီးေလာက္မွာ ဘယ္က ဘယ္လိုေပၚလာမွန္းမသိတဲ့ Covid-19 ဆို တာႀကီးေၾကာင့္ သမီးတို႔အိမ္ေလးလဲ ေရာင္းထြက္သြားၿပီးမွ ယူေကအစိုးရက အိမ္ေရာင္းအိမ္ဝယ္ေတြရပ္ထားပါ အမိန္႔ထုတ္လို႔ တိုးလို႔တန္းလန္းႀကီး အခုထိရပ္ထားရတယ္။

ေဖေဖကလဲ ဧၿပီ ၁၄မွာ ေဆးရံုစတက္ရၿပီး ေမ ၁၂မွာ ICU ထဲမွာ ဆံုးသြားရၿပီ Covid-19 က အခ်ိန္ ကိုက္ၿပီးေတာ့ကို သမီးတို႔မိသားစုကို ကြက္တိေဆာ္တာပါလား။ ေဖေဖက ပင္စင္ယူၿပီးရင္ ကမၻာပတ္မွာတဲ့ ေဖေဖမၾကာခင္ ပင္စင္ယူၿပီး သမီးတို႔မိသားစု စုစုစည္းစည္းနဲ႔ ျပန္ေနၾကေတာ့မယ္ဆိုမွ ဒီလိုျဖစ္ရတာ သမီးတို႔မိသားစုက ရွင္ကြဲမဟုတ္ရင္ ေသကြဲ ကြဲဖို႔ ကံပါလာလို႔ေပါ့ေနာ္ ဝဋ္ရွိသမ်ွလဲ ေၾကပါေစေတာ့။

ကမၻာမွာ ဒီပိုးေတြ ဒီေလာက္မျပန္႔ေသးခင္ Wuhan မွာပဲ ဒီကပ္ေရာဂါ အဓိကျဖစ္ေနခဲ့တုန္းက ဒီကပ္ေရာဂါ ဟာ ေသဆံုးႏႈန္းနည္းပါတယ္ဆိုတဲ့ သတင္းကို share ခဲ့တာ သမီးပါ ဒါေပမယ့္ အဲဒီ့ေသဆံုးႏႈန္းနည္းပါတယ္ဆိုတဲ့ လူနည္းစုထဲမွာ သမီးရဲ႕ေဖေဖပါလာခဲ့လိမ့္မယ္လို႔ေတာ့ ဘယ္ႀကိဳ သိခဲ့ပါ့မလဲေနာ္

ေဖေဖအလုပ္လုပ္ေနခဲ့တဲ့ေဆးရံုကို Covid လူနာေတြ စေရာက္လာ ခဲ့တဲ့ေန႔က ေမေမက သမီးကိုဖုန္းဆက္ၿပီးေျပာျပတာနဲ႔ သမီးတကိုယ္လံုးပူထူျပီးေတာ့ ေဖေဖက အသက္၆၀လဲေက်ာ္ေနၿပီ ေရာဂါအခံေတြကလဲ သိပ္မဆိုးေပမယ့္ အူနာေရာဂါေရာ ဆီးခ်ိဳေရာရွိတဲ့အတြက္ ေဖေဖပင္စင္ယူလိုက္ပါေတာ့ အလုပ္မသြားပါနဲ႔ေတာ့လို႔ ေျပာခဲ့ပါတယ္။

ေဖေဖက ‘သမီးရယ္ ဆရာဝန္က ဆရာဝန္ အလုပ္မလုပ္လို႔ တံျမက္စည္းသြားလွည္းေနရမွာလားလို႔ ေဖေဖ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္နဲ႔ေတာင္ ေဆးရံုမွာ ေျပာေနၾကပါေသးတယ္’ လို႔ ျပန္ေျပာခဲ့ပါတယ္ ။

UK Government က ျပည္သူျပည္သားေတြကို သိပ္ ဂ႐ုမစိုက္ႏိုင္ပါဘူး ေဖေဖအလုပ္လုပ္ေနခဲ့တဲ့ေဆးရံုကလဲ အႀကီးႀကီးျဖစ္ၿပီးေတာ့(ပံုတင္ေပးထားပါတယ္) ဘာႀကိဳတင္ျပင္ဆင္မႈမွ မရွိထားပါဘူး။ Covid လူနာေတြ စေရာက္လာတုန္းက PPE ဝတ္စံုေတာင္မရွိလို႔ ဆရာဝန္ေတြ ကိုယ့္ PPE ဝတ္စံုကိုယ္ဝယ္ရမယ္လို႔ေျပာ လို႔ ေမေမက ေဆးရံုကိုစိတ္ဆိုးခဲ့ပါေသးတယ္ ေနာက္ေတာ့ ေဆးရံုကို General Manager ေရာက္လာေတာ့မွ PPE ေတြ အပံုလိုက္ေရာက္လာတာပါလို႔ ေဖေဖကေျပာပါတယ္

Covid-19 က လူနာေတြ ကိုတင္မကဘူး မိသားစုဝင္ေတြ ကိုပါ ရင္ဘတ္ေတြေအာင့္ အသက္ရႉေတြက်ပ္တဲ့ ေဝဒနာကို ေသရာပါေအာင္ ေပးတယ္ေနာ္ အရင္လို အားလပ္ရက္ေတြမွာ ေဖေဖနဲ႔ video call, voice call ေျပာလို႔မရေတာ့ဘူးေပါ့။ အရမ္းလြမ္းတယ္ ေဖေဖရယ္

ေဖေဖအရမ္းခ်စ္တဲ့ သမီးလတ္

May Thi Htaik

unicode

သမီးတို့မိသားစုရဲ့ကျေးဇူးရှင် ဖေဖေ၊ NHS Hero ဖေဖေ၊ Iron Man ဖေဖေ၊ ဘုရားပေး တဲ့ ဖေဖေပါ။

သနားတယ်ဆို တာထက် ပိုပါတယ် ဖေဖေရယ် ပြောစရာစကား မရှိအောင်ကိုပါပဲ ဒီအမေကို ချစ်လွန်းလို့ ဒီသားသမီးတွေကိုလဲ တုန်နေအောင်ချစ်တဲ့ဖေဖေ။ အပျော်အပါးဆိုတာလဲ မသိ ဖေဖေ့ဘဝမှာ တနေကုန်ခေါင်းစားရတဲ့အလုပ်ကို လုပ်မယ် အိမ်ကိုပြန်လာပြီးတော့ မိသားစုနားမှာနေပြီး ဆိုဖာပေါ် မှာ အိပ်မယ် ဖေဖေကြိုက် တဲ့ တီဗွီကြည့်မယ် အားလပ်ရက်တွေဆို မိသားစုနဲ့လျှောက်လည်မယ် ဆိုတာကလွဲပြီးတော့ ဘာမှမသိခဲ့တဲ့ဖေဖေ

ဖေဖေ့ဘဝ တလျှောက်လုံး ဒီမိသားစုကို စောင့်ရှောက်လုပ်ကွေ ျးမယ် လူနာတွေကိုကယ်မယ်ဆိုတာနဲ့ပဲ ပြီးပြည့်စုံနေခဲ့တဲ့ ဖေဖေ၊ ဖေဖေ့လို သူတော်ကောင်းမျိုးနဲ့ ဒီအဖြစ်ဆိုး ကပ်ဆိုးကြီးနဲ့ ဘာဆိုင်လို့လဲ ဖေဖေရယ် ဝဋ်ကြွေးရှိသမျှ ဒီဘဝနဲ့ပဲ အကုန်ကြေပါစေတော့လို့ ဆုတောင်းပေး ပါတယ် ။

July 2019 မှာ ဖေဖေ နဲ့မေမေ ရန်ကုန်လာလည် ခဲ့ကြပြီး ပြန်သွားတယ်။ UK က အိမ်လေးကိုရောင်းပြီးတော့ အသစ်ဝယ်အိမ်ပြောင်းမယ် ပြီးရင် April, May 2020 လောက်မှာ ရန်ကုန်ပြန်လာလည်ပြီး မြန်မာပြည်မှာခရီးတွေထွက်ကြမယ်လို့ သမီးတို့ မိသားစု ရည်ရွယ်ထားခဲ့ကြတာ အိမ်လေး လဲ သိန်း၂၀၀၀ကျော်လောက် မြတ်ပြီးတော့ ရောင်းထွက်သွားလို့ ပျော်နေခဲ့ကြတာ

ဒါပေမယ့် 2019 နှစ်ကုန်ခါနီးလောက်မှာ ဘယ်က ဘယ်လိုပေါ်လာမှန်းမသိတဲ့ Covid-19 ဆို တာကြီးကြောင့် သမီးတို့အိမ်လေးလဲ ရောင်းထွက်သွားပြီးမှ ယူကေအစိုးရက အိမ်ရောင်းအိမ်ဝယ်တွေရပ်ထားပါ အမိန့်ထုတ်လို့ တိုးလို့တန်းလန်းကြီး အခုထိရပ်ထားရတယ်။

ဖေဖေကလဲ ဧပြီ ၁၄မှာ ဆေးရုံစတက်ရပြီး မေ ၁၂မှာ ICU ထဲမှာ ဆုံးသွားရပြီ Covid-19 က အချိန် ကိုက်ပြီးတော့ကို သမီးတို့မိသားစုကို ကွက်တိဆော်တာပါလား။ ဖေဖေက ပင်စင်ယူပြီးရင် ကမ္ဘာပတ်မှာတဲ့ ဖေဖေမကြာခင် ပင်စင်ယူပြီး သမီးတို့မိသားစု စုစုစည်းစည်းနဲ့ ပြန်နေကြတော့မယ်ဆိုမှ ဒီလိုဖြစ်ရတာ သမီးတို့မိသားစုက ရှင်ကွဲမဟုတ်ရင် သေကွဲ ကွဲဖို့ ကံပါလာလို့ပေါ့နော် ဝဋ်ရှိသမျှလဲ ကြေပါစေတော့။

ကမ္ဘာမှာ ဒီပိုးတွေ ဒီလောက်မပြန့်သေးခင် Wuhan မှာပဲ ဒီကပ်ရောဂါ အဓိကဖြစ်နေခဲ့တုန်းက ဒီကပ်ရောဂါ ဟာ သေဆုံးနှုန်းနည်းပါတယ်ဆိုတဲ့ သတင်းကို share ခဲ့တာ သမီးပါ ဒါပေမယ့် အဲဒီ့သေဆုံးနှုန်းနည်းပါတယ်ဆိုတဲ့ လူနည်းစုထဲမှာ သမီးရဲ့ဖေဖေပါလာခဲ့လိမ့်မယ်လို့တော့ ဘယ်ကြို သိခဲ့ပါ့မလဲနော်

ဖေဖေအလုပ်လုပ်နေခဲ့တဲ့ဆေးရုံကို Covid လူနာတွေ စရောက်လာ ခဲ့တဲ့နေ့က မေမေက သမီးကိုဖုန်းဆက်ပြီးပြောပြတာနဲ့ သမီးတကိုယ်လုံးပူထူပြီးတော့ ဖေဖေက အသက်၆၀လဲကျော်နေပြီ ရောဂါအခံတွေကလဲ သိပ်မဆိုးပေမယ့် အူနာရောဂါရော ဆီးချိုရောရှိတဲ့အတွက် ဖေဖေပင်စင်ယူလိုက်ပါတော့ အလုပ်မသွားပါနဲ့တော့လို့ ပြောခဲ့ပါတယ်။

ဖေဖေက ‘သမီးရယ် ဆရာဝန်က ဆရာဝန် အလုပ်မလုပ်လို့ တံမြက်စည်းသွားလှည်းနေရမှာလားလို့ ဖေဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့တောင် ဆေးရုံမှာ ပြောနေကြပါသေးတယ်’ လို့ ပြန်ပြောခဲ့ပါတယ် ။

UK Government က ပြည်သူပြည်သားတွေကို သိပ် ဂရုမစိုက်နိုင်ပါဘူး ဖေဖေအလုပ်လုပ်နေခဲ့တဲ့ဆေးရုံကလဲ အကြီးကြီးဖြစ်ပြီးတော့(ပုံတင်ပေးထားပါတယ်) ဘာကြိုတင်ပြင်ဆင်မှုမှ မရှိထားပါဘူး။ Covid လူနာတွေ စရောက်လာတုန်းက PPE ဝတ်စုံတောင်မရှိလို့ ဆရာဝန်တွေ ကိုယ့် PPE ဝတ်စုံကိုယ်ဝယ်ရမယ်လို့ပြော လို့ မေမေက ဆေးရုံကိုစိတ်ဆိုးခဲ့ပါသေးတယ် နောက်တော့ ဆေးရုံကို General Manager ရောက်လာတော့မှ PPE တွေ အပုံလိုက်ရောက်လာတာပါလို့ ဖေဖေကပြောပါတယ်

Covid-19 က လူနာတွေ ကိုတင်မကဘူး မိသားစုဝင်တွေ ကိုပါ ရင်ဘတ်တွေအောင့် အသက်ရှူတွေကျပ်တဲ့ ဝေဒနာကို သေရာပါအောင် ပေးတယ်နော် အရင်လို အားလပ်ရက်တွေမှာ ဖေဖေနဲ့ video call, voice call ပြောလို့မရတော့ဘူးပေါ့။ အရမ်းလွမ်းတယ် ဖေဖေရယ်

ဖေဖေအရမ်းချစ်တဲ့ သမီးလတ်

May Thi Htaik

Add a Comment

Your email address will not be published. Required fields are marked *

nine − 3 =