ဆိုင္ကယ္ နဲ႔ က်ဴရွင္ပို႔ေပးမယ္ ဆိုတာ ယုံစားမိ ခဲ့တဲ့ (၇)တန္းေက်ာင္းသူေလး ရဲ႕အျဖစ္

ဆိုင္ကယ္ နဲ႔ က်ဴရွင္ပို႔ေပးမယ္ ဆိုတာ ယုံစားမိ ခဲ့တဲ့ (၇)တန္းေက်ာင္းသူေလး ရဲ႕အျဖစ္

ကသာၿမိဳ႕နယ္ရဲစခန္းမွ (ပ)၁၀၁/၂၀၁၄အရ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ(၃၇၆)ျဖင့္ အမႈဖြင့္အေရးယူမႈ တစ္ခုျပဳလုပ္ခဲ့ၿပီးထိုအမႈမွာ သမီးရွင္မိဘအုပ္ထိန္းသူမ်ားအထူးသတိထားစရာျဖစ္စဥ္ျဖစ္သျဖင့္ေရးသားလိုက္ရပါသည္၊

ျဖစ္စဥ္မွာ ကသာၿမိဳ႕ အမွတ္(၈)ရက္ကြက္ တြင္ ေနထိုင္ေသာ ဦး—–သည္

လုပ္ငန္းအတူလုပ္ကိုင္သူ ေအာင္ေက်ာ္မ်ိဳး (ဘ)ဦးျမင့္ဦး ၂၂ႏွစ္ဥယာဥ္႐ြာ၊စစ္ကိုင္းၿမိဳ႕ႏွင့္ သူ၏ဇနီးတို႔အား မိမိအိမ္တြင္ အတူေနထိုင္ေစခဲ့ပါသည္၊ လေပါင္းမ်ားအတူေနမႈေၾကာင့္ ရင္းႏွီးသြားၾကၿပီး ဦး—၏သမီးျဖစ္သူ

(၁၄)ႏွစ္အ႐ြယ္{ (၇)တန္း ေက်ာင္းသူ} အား မနက္(၇)နာရီတြင္ က်ဴရွင္သို႔ ဆိုင္ကယ္ျဖင့္ ပို႔ေပးေစခဲ့ပါသည္၊

ဦး—၏သမီးျဖစ္သူအား က်ဴရွင္ သို႔ မပို႔ဘဲ ကသာၿမိဳ႕ေဂါက္ကြင္းအနီးရွိ ေဂါက္ကြင္းဘုရားသို႔ ေခၚသြားၿပီး

အဓမၼက်င့္ႀကံခဲ့ပါသည္၊ ထိုသို႔ က်င့္ႀကံစဥ္ က လက္မခံပါက သတ္ပစ္မည္ဟုလည္း ၿခိမ္းေျခာက္ခဲ့ေၾကာင္း ၇တန္းေက်ာင္းေလး၏ မိခင္ျဖစ္သူ မ—–မွ ရဲစခန္းတြင္ ထြက္ဆိုခဲ့ပါသည္၊

ထိုသို႔ ပထမအႀကိမ္ က်င့္ႀကံၿပီး ေနာက္(၁၅)ရက္အၾကာတြင္လည္း ေအာင္ေက်ာ္မ်ိဳးတည္းခိုေနထိုင္ရာ ဦး—၏အိမ္ အခန္းတြင္းသို႔ ဆြဲေခၚခါ ေနာက္တစ္ႀကိမ္ထပ္မံ က်င့္ႀကံခဲ့ေသးေၾကာင္းႏွင့္

(၇)တန္းေက်ာင္းသူေလး အေနျဖင့္ ထိုျဖစ္စဥ္ကို ေၾကာက္လန႔္ ၍ မေျပာရဲဘဲ မိခင္ႏွင့္အတူထီးခ်ိဳင့္ၿမိဳ႕သို႔အလည္သြားေသာအခါမွမိခင္ျဖစ္သူကိုတိုင္ၾကားခဲ့မွလူႀကီးမ်ားသိရွိရေၾကာင္းလည္းတိုင္စာတြင္ ေဖၚျပခဲ့ပါသည္၊

ထိုသို႔ မိခင္မွ သိရွိရ၍ ခင္ပြန္းျဖစ္သူႏွင့္တိုင္ပင္ၿပီး ယခုလို ကသာ ရဲစခန္းတြင္ အမႈဖြင့္ရျခင္း ျဖစ္သည္၊

ကသာရဲစခန္းမွ တရားခံ ေအာင္ေက်ာ္မ်ိဳး(ဘ)ဦးျမင့္ဦး ၂၂ႏွစ္၊ဥယာဥ္႐ြာ၊ စစ္ကိုင္းၿမိဳ႕အားဖမ္းဆီးခ်ဳပ္ေႏွာင္စစ္ေဆးလွ်က္ တရားစြဲတင္ႏိုင္ေရးေဆာင္႐ြက္လွ်က္ရွိပါသည္။

(ဟာဂ်ဴလီ-ကသာ)

unicode

ဆိုင်ကယ် နဲ့ ကျူရှင်ပို့ပေးမယ် ဆိုတာ ယုံစားမိ ခဲ့တဲ့ (၇)တန်းကျောင်းသူလေး ရဲ့အဖြစ်

ကသာမြို့နယ်ရဲစခန်းမှ (ပ)၁၀၁/၂၀၁၄အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့်အရေးယူမှု တစ်ခုပြုလုပ်ခဲ့ပြီးထိုအမှုမှာ သမီးရှင်မိဘအုပ်ထိန်းသူများအထူးသတိထားစရာဖြစ်စဉ်ဖြစ်သဖြင့်ရေးသားလိုက်ရပါသည်၊

ဖြစ်စဉ်မှာ ကသာမြို့ အမှတ်(၈)ရက်ကွက် တွင် နေထိုင်သော ဦး—–သည်

လုပ်ငန်းအတူလုပ်ကိုင်သူ အောင်ကျော်မျိုး (ဘ)ဦးမြင့်ဦး ၂၂နှစ်ဥယာဉ်ရွာ၊စစ်ကိုင်းမြို့နှင့် သူ၏ဇနီးတို့အား မိမိအိမ်တွင် အတူနေထိုင်စေခဲ့ပါသည်၊ လပေါင်းများအတူနေမှုကြောင့် ရင်းနှီးသွားကြပြီး ဦး—၏သမီးဖြစ်သူ

(၁၄)နှစ်အရွယ်{ (၇)တန်း ကျောင်းသူ} အား မနက်(၇)နာရီတွင် ကျူရှင်သို့ ဆိုင်ကယ်ဖြင့် ပို့ပေးစေခဲ့ပါသည်၊

ဦး—၏သမီးဖြစ်သူအား ကျူရှင် သို့ မပို့ဘဲ ကသာမြို့ဂေါက်ကွင်းအနီးရှိ ဂေါက်ကွင်းဘုရားသို့ ခေါ်သွားပြီး

အဓမ္မကျင့်ကြံခဲ့ပါသည်၊ ထိုသို့ ကျင့်ကြံစဉ် က လက်မခံပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ၇တန်းကျောင်းလေး၏ မိခင်ဖြစ်သူ မ—–မှ ရဲစခန်းတွင် ထွက်ဆိုခဲ့ပါသည်၊

ထိုသို့ ပထမအကြိမ် ကျင့်ကြံပြီး နောက်(၁၅)ရက်အကြာတွင်လည်း အောင်ကျော်မျိုးတည်းခိုနေထိုင်ရာ ဦး—၏အိမ် အခန်းတွင်းသို့ ဆွဲခေါ်ခါ နောက်တစ်ကြိမ်ထပ်မံ ကျင့်ကြံခဲ့သေးကြောင်းနှင့်

(၇)တန်းကျောင်းသူလေး အနေဖြင့် ထိုဖြစ်စဉ်ကို ကြောက်လန့် ၍ မပြောရဲဘဲ မိခင်နှင့်အတူထီးချိုင့်မြို့သို့အလည်သွားသောအခါမှမိခင်ဖြစ်သူကိုတိုင်ကြားခဲ့မှလူကြီးများသိရှိရကြောင်းလည်းတိုင်စာတွင် ဖေါ်ပြခဲ့ပါသည်၊

ထိုသို့ မိခင်မှ သိရှိရ၍ ခင်ပွန်းဖြစ်သူနှင့်တိုင်ပင်ပြီး ယခုလို ကသာ ရဲစခန်းတွင် အမှုဖွင့်ရခြင်း ဖြစ်သည်၊

ကသာရဲစခန်းမှ တရားခံ အောင်ကျော်မျိုး(ဘ)ဦးမြင့်ဦး ၂၂နှစ်၊ဥယာဉ်ရွာ၊ စစ်ကိုင်းမြို့အားဖမ်းဆီးချုပ်နှောင်စစ်ဆေးလျှက် တရားစွဲတင်နိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။

(ဟာဂျူလီ-ကသာ)

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 14 =