နယ္စပ္ကိစၥ တာဝန္ခံဖို႔ နဲ႔ ဒီထက္ပို ေရွ႕မဆက္ ဖို႔ အိႏၵိယ ကို တ႐ုတ္ သတိေပးလိုက္ၿပီ

နယ္စပ္ကိစၥ တာဝန္ခံဖို႔ နဲ႔ ဒီထက္ပို ေရွ႕မဆက္ ဖို႔ အိႏၵိယ ကို တ႐ုတ္ သတိေပးလိုက္ၿပီ

တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ (၂) ႏိုင္ငံနယ္စပ္အျငင္းပြားမႈ ကေန ႏိုင္ငံ့စစ္တပ္ႏွစ္ခုၾကား စစ္သားေတြ ေသဆုံးဒဏ္ရာရတဲ့အထိ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္မွာ ႏွစ္ဘက္ စစ္ေရးတင္းမာမႈျဖစ္ေနတာကို ေလွ်ာ့ခ်ၿပီး ယခုထက္ ပိုအေျခအေန မဆိုးေစဖို႔ ကနဦး သေဘာတူညီမႈ ရခဲ့တယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာ ၾကားလိုက္ပါတယ္။တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထိပ္ပိုင္းသံတမန္တစ္ဦးျဖစ္သူ ယခင္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဝမ္ရိနဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ေဂ်းရွန္ကာ တို႔ဟာ ယေန႔မွာ တယ္လီဖုန္းကတစ္ဆင့္ ဆက္သြယ္၍ အလြတ္တန္း ေဆြး ေႏြးေျပာၾကားခဲ့ၾကပါတယ္။

တ႐ုတ္သံတမန္ ဝမ္ရိက အိႏၵိယႏိုင္ငံအေနနဲ႔ ၎ရဲ႕ နယ္စပ္ေဒသ က ေရွ႕တန္းစစ္တပ္ေတြကို ထိန္းခ်ဳပ္ဖို႔ အႀကိမ္ႀကိမ္ပ်က္ကြက္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီကိစၥအတြက္ အိႏၵိယဖက္ကေန အလုံးစုံတာဝန္ယူေျဖရွင္းေပးဖို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ျဖစ္ခဲ့တဲ့ ႏွစ္ဘက္ စစ္တပ္ ထိပ္တိုက္ေတြ႕မႈကို တစ္ဘက္နဲ႔တစ္ဘက္နဲ႔ အျပန္အလွန္စြပ္စြဲေနၾကၿပီး ယခုအခ်ိန္မွာေတာ့ ထိပ္တိုက္ေတြ႕ေနတဲ့ နယ္စပ္ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ ႏွစ္ဖက္လုံးက မူအားျဖင့္ သေဘာတူခဲ့ၾကတယ္လို႔ သိရပါတယ္။

နယ္စပ္အျငင္းပြားမႈေၾကာင့္ျဖစ္ခဲ့တဲ့ ႏွစ္ဘက္စစ္တပ္ ထိပ္တိုက္ေတြ႕မႈအတြင္း အိႏၵိယစစ္သား အနည္းဆုံး ၂၀ ခန႔္ေသဆုံးခဲ့ၿပီး တ႐ုတ္စစ္သား ၄၃ ဦး ေသဆုံးခဲ့တယ္လို႔ သတင္းေတြမွာ အျပန္အလွန္ ေရးသားေနၾကပါတယ္။

Credit to Original

unicode

နယ်စပ်ကိစ္စ တာဝန်ခံဖို့ နဲ့ ဒီထက်ပို ရှေ့မဆက် ဖို့ အိန္ဒိယ ကို တရုတ် သတိပေးလိုက်ပြီ

တရုတ်နဲ့ အိန္ဒိယတို့ဟာ (၂) နိုင်ငံနယ်စပ်အငြင်းပွားမှု ကနေ နိုင်ငံ့စစ်တပ်နှစ်ခုကြား စစ်သားတွေ သေဆုံးဒဏ်ရာရတဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ နှစ်ဘက် စစ်ရေးတင်းမာမှုဖြစ်နေတာကို လျှော့ချပြီး ယခုထက် ပိုအခြေအနေ မဆိုးစေဖို့ ကနဦး သဘောတူညီမှု ရခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြော ကြားလိုက်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်ပိုင်းသံတမန်တစ်ဦးဖြစ်သူ ယခင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရိနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာ တို့ဟာ ယနေ့မှာ တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်၍ အလွတ်တန်း ဆွေး နွေးပြောကြားခဲ့ကြပါတယ်။

တရုတ်သံတမန် ဝမ်ရိက အိန္ဒိယနိုင်ငံအနေနဲ့ ၎င်းရဲ့ နယ်စပ်ဒေသ က ရှေ့တန်းစစ်တပ်တွေကို ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒီကိစ္စအတွက် အိန္ဒိယဖက်ကနေ အလုံးစုံတာဝန်ယူဖြေရှင်းပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။တရုတ်နဲ့ အိန္ဒိယတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ နှစ်ဘက် စစ်တပ် ထိပ်တိုက်တွေ့မှုကို တစ်ဘက်နဲ့တစ်ဘက်နဲ့ အပြန်အလှန်စွပ်စွဲနေကြပြီး ယခုအချိန်မှာတော့ ထိပ်တိုက်တွေ့နေတဲ့ နယ်စပ် တင်းမာမှုတွေကို လျှော့ချဖို့ နှစ်ဖက်လုံးက မူအားဖြင့် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

နယ်စပ်အငြင်းပွားမှုကြောင့်ဖြစ်ခဲ့တဲ့ နှစ်ဘက်စစ်တပ် ထိပ်တိုက်တွေ့မှုအတွင်း အိန္ဒိယစစ်သား အနည်းဆုံး ၂၀ ခန့်သေဆုံးခဲ့ပြီး တရုတ်စစ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ အပြန်အလှန် ရေးသားနေကြပါတယ်။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

19 − 17 =