ေပက်င္းတြင္ ကိုဗစ္-၁၉ အေရးေပၚ တုံ႔ျပန္မႈအေနျဖင့္ စာသင္ေက်ာင္း မ်ားျပန္ပိတ္

ေပက်င္းတြင္ ကိုဗစ္-၁၉ အေရးေပၚ တုံ႔ျပန္မႈအေနျဖင့္ စာသင္ေက်ာင္း မ်ားျပန္ပိတ္

တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ေပက်င္း မွာ ကိုဗစ္-၁၉ ေရာဂါ တုံ႔ျပန္မႈ အဆင့္ျမႇင့္တင္တဲ့အေနနဲ႔ ျပန္ဖြင့္လက္စ ေက်ာင္းေတြအားလုံးကို ရပ္ဆိုင္းၿပီး အြန္လိုင္သင္တန္းေတြပဲ ျပန္လည္စတင္မယ္လို႔ ၿမိဳ႕ေတာ္ တာဝန္ရွိသူတဦးက ဇြန္ ၁၆ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေပက်င္းမွာ အေရးေပၚ အေျခအေနတုံ႔ျပန္မႈအဆင့္ကို အဆင့္ ၃ ကေန အဆင့္ ၂ အထိ တိုးျမႇင့္လိုက္ၿပီးေနာက္ အဆင့္အားလုံးက ၿမိဳ႕ေတာ္ ပညာေရးေကာ္မရွင္ေတြအေနနဲ႔ လိုအပ္သလို သီးျခားစီမံခ်က္ေတြနဲ႔ အျမန္လုပ္ေဆာင္ခဲ့ၾကပါတယ္။

စီမံခ်က္ေတြအရ အေျခခံပညာ နဲ႔ အလယ္တန္းအဆင့္ ေက်ာင္းအားလုံးဟာ ဇြန္ ၁၇ ရက္ကစလို႔ ေက်ာင္းပိတ္မွာျဖစ္ၿပီး အြန္လိုင္းသင္တန္းေတြ ျပန္စပါမယ္။

ေက်ာင္းသားေတြကို ဒီအက်ပ္အတည္းကာလမွာ စိတ္ပိုင္း ဆိုင္ရာ ႏွစ္သိမ့္ေဆြးေႏြးမႈေတြလည္း လုပ္ေပးမွာပါ။ စီနီယာအလယ္တန္းနဲ႔ အထက္တန္းေက်ာင္းေတြလည္း အြန္လိုင္းသင္တန္းေတြနဲ႔ ျပန္သင္ရမွာ ျဖစ္ပါတယ္။

ေကာလိပ္ေက်ာင္းသားေတြနဲ႔ သက္ေမြးပညာေက်ာင္းေတြ က ေက်ာင္းသားေတြလည္း ဗုဒၶဟူးေန႔ကစလို႔ ေက်ာင္းတက္တာ ရပ္နားရမွာျဖစ္ၿပီး အြန္လိုင္းနဲ႔ အေဝးသင္စနစ္ပုံစံေတြနဲ႔ သင္ၾကားရမွာပါ။

မူႀကိဳေက်ာင္းေတြအားလုံးကိုလည္း ဗုဒၶဟူးေန႔က စလို႔ ပိတ္သြားမယ္လို႔ ႐ိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။

crd : panpyoelat

unicode

ပေကျင်းတွင် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်မှုအနေဖြင့် စာသင်ကျောင်း များပြန်ပိတ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်း မှာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှု အဆင့်မြှင့်တင်တဲ့အနေနဲ့ ပြန်ဖွင့်လက်စ ကျောင်းတွေအားလုံးကို ရပ်ဆိုင်းပြီး အွန်လိုင်သင်တန်းတွေပဲ ပြန်လည်စတင်မယ်လို့ မြို့တော် တာဝန်ရှိသူတဦးက ဇွန် ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေကျင်းမှာ အရေးပေါ် အခြေအနေတုံ့ပြန်မှုအဆင့်ကို အဆင့် ၃ ကနေ အဆင့် ၂ အထိ တိုးမြှင့်လိုက်ပြီးနောက် အဆင့်အားလုံးက မြို့တော် ပညာရေးကော်မရှင်တွေအနေနဲ့ လိုအပ်သလို သီးခြားစီမံချက်တွေနဲ့ အမြန်လုပ်ဆောင်ခဲ့ကြပါတယ်။

စီမံချက်တွေအရ အခြေခံပညာ နဲ့ အလယ်တန်းအဆင့် ကျောင်းအားလုံးဟာ ဇွန် ၁၇ ရက်ကစလို့ ကျောင်းပိတ်မှာဖြစ်ပြီး အွန်လိုင်းသင်တန်းတွေ ပြန်စပါမယ်။

ကျောင်းသားတွေကို ဒီအကျပ်အတည်းကာလမှာ စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးမှာပါ။ စီနီယာအလယ်တန်းနဲ့ အထက်တန်းကျောင်းတွေလည်း အွန်လိုင်းသင်တန်းတွေနဲ့ ပြန်သင်ရမှာ ဖြစ်ပါတယ်။

ကောလိပ်ကျောင်းသားတွေနဲ့ သက်မွေးပညာကျောင်းတွေ က ကျောင်းသားတွေလည်း ဗုဒ္ဓဟူးနေ့ကစလို့ ကျောင်းတက်တာ ရပ်နားရမှာဖြစ်ပြီး အွန်လိုင်းနဲ့ အဝေးသင်စနစ်ပုံစံတွေနဲ့ သင်ကြားရမှာပါ။

မူကြိုကျောင်းတွေအားလုံးကိုလည်း ဗုဒ္ဓဟူးနေ့က စလို့ ပိတ်သွားမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

five + seven =