ပရိတ်သတ်တွေတော်ရုံမသိသေးတဲ့ သူမရဲ့ အကြောင်းတွေ ကို စိတ်ရှည်လက်ရှည် နဲ့ ပြောပြလာခဲ့တဲ့ ဝတ်မှုန်ရွှေရည် ရဲ့ ဗီဒီယိုလေး
|ပရိတ်သတ်ကြီးရေ အသက် (၁၇) နှစ်အရွယ်ကတည်းက မဂ္ဂဇင်းကာ ဗာဓာတ်ပုံတွေ ရိုက်ကူးရင်း အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့တဲ့ ဝတ်မှုံရွှေရည်က အခုဆိုရင် အနုပညာလောကထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ (၁၅) နှစ်ကျော်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှု ကို ရေရှည် ထိန်းသိမ်းထားနိုင်တဲ့ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ အသက်သုံးဆယ်ကျော် အရွယ် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီဆိုပေမယ့် အိမ်ထောင်ရေးကို စိတ်မဝင်စားသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ် ကိုင်နေဆဲ ဖြစ်ပါတယ်။
အနုပညာလောက ထဲမှာ ကျင်လည်ဖြတ်သန်းလာတာ ဆယ်စုနှစ်ကျော်ရှိပြီ ဆိုပေမယ့် ကိုယ်ရေး ကိုယ်တာ နဲ့ ပက်သတ်ပြီး ပရိသတ်တွေ ကို ချပြလေ့မရှိတဲ့ ဝတ်မှုံရွှေရည်က ဒီကနေ့မှာတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ရင်ခုန်စရာ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ ထိုဗီဒီယိုလေးထဲမှာ ဝတ်မှုံရွှေရည်က ပရိသတ်တွေ တော်ရုံမသိကြသေးသလို သူမကိုယ်တိုင်လည်း အင်တာဗျူးတွေ မှာ မဖြေဖြစ်တဲ့ သူမအကြောင်း မေးခွန်း (၂၅) ခုကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေ တော်ရုံ မသိသေးတဲ့ သူမရဲ့အကြောင်းတွေကို စိတ်ရှည် လက်ရှည် နဲ့ ပွင့်လင်းစွာ ပြောပြလာတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Crd
zawgyi
Crd