ဘဝကိုအရှုံးမပေးဘဲ ဈေးရောင်းကာဝမ်းရေးဖြေရှင်းနေတဲ့ အဘကိုကူညီထောက်ပံ့ခဲ့တဲ့ “မိုးစက်”

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေးကိုခက်ခဲစွာနဲ့ သမာအာဇီဝ ကျကျဖြေရှင်းနေတဲ့ သက်ကြီးအဖိုးအဖွားတွေကို လိုက်လံကူညီထောက်ပံ့နေခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုနေခဲ့ရတဲ့ သူတစ်ယောက်ပါ။ မနေ့ကလည်း မိုးစက်ကတော့ မွန်မြတ်လှတဲ့ ထောက်ပံ့ကူညီမှုအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

မိုးစက်ကတော့ မနေ့က တောင်ကြီးမြို့ စဝ်စံထွန်းဈေးမှာဈေးရောင်းနေတဲ့ အဘတစ်ယောက်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ အဘကတော့ လေဖြတ်ဝေဒနာကိုခံစားနေရတာဖြစ်ပြီး လေဖြတ်ထားတာ (၈)နှစ်ကျော်နေခဲ့ပြီပဲဖြစ်ပါတယ်တဲ့။ သို့ပေမဲ့ ဘဝကိုအရှုံးမပေးဘဲ သူတတ်နိုင်သလောက်ဈေးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ကာဝမ်းရေးဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်။

အဘကတော့ အသက် (၇၆)နှစ်အရွယ်ဖြစ်ပြီး ကျန်းမာရေးမကောင်းတာတောင်မှ ကလေးတွေကစားတဲ့ လေထိုးအရုပ်လေးတွေကိုရောင်းချကာ သမာအာဇီဝကျကျဝမ်းရေးဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ဘဝကိုအရှုံးမပေးဘဲ သမာအာဇီဝကျကျအလုပ်လုပ်နေတဲ့ အဘရဲ့ စိတ်ဓာတ် ကတော့ တကယ်ကို လေးစားစရာပါပဲနော်။

Source – Moe Sat
Chilli – CeleZone

zawgyi




Source – Moe Sat
Chilli – CeleZone