တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျ ခံရပြီး မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သူများ အနက် အချို့တွင် HIV ပိုးနှင့် တီဘီရောဂါပိုးများ တွေ့ရှိရ

တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျ ခံရပြီး မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သူများ အနက် အချို့တွင် HIV ပိုးနှင့် တီဘီရောဂါပိုးများ တွေ့ရှိရ

COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကြောင်းအ မျိုးမျိုးကြောင့် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသားများအား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း လာသူများထဲတွင် ခုခံအားကျဆင်းမှုရောဂါ HIV ရောဂါပိုးနှင့် တီဘီရောဂါများ တွေ့ရှိခဲ့‌ကြောင်း မူဆယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“တရုတ်နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူ တွေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းလာရာမှာ အသုတ်လိုက် အသုတ်လိုက် လူဦးရေ ၁၀၀၀ ကျော်ကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက အမျိုးသားကော အမျိုးသမီးကော စုစုပေါင်း ၂၀ ကျော်မှာ ခုခံအား ကျဆင်းမှုရောဂါ HIV ပိုးတွေ့ရှိ ထားပါတယ်” ဟု မူဆယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။

တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန် …

ထို့ပြင် ပြန်လည်လွှဲပြောင်း လာသူများနှင့် COVID-19 ရောဂါ သံသယလူနာအဖြစ် တွေ့ရှိ ရသူများကိုလည်း တို့ဖတ်နမူနာများရယူ၍ ရန်ကုန်ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးရာတွင် COVID-19 ရောဂါမတွေ့ရှိရသော်လည်း တချို့တွင် တီဘီရောဂါများ တွေ့ရှိရကြောင်း သိရသည်ဟု ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။ ၎င်းရောဂါပိုး တွေ့ရှိသူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ Counseling လုပ်ငန်းများ ပြုလုပ်ပေးခြင်းများကို စနစ်တကျပြုလုပ်ကာ ၎င်းတို့နေရပ်တွင် ဆက်လက်ဆေးဝါးကုသမှု ခံယူနိုင်ရန် ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။

တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန် …

ကူးစက်ရောဂါ တွေ့ရှိမှုနှင့် ပတ်သက်၍ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ အစဉ်တစိုက် ပြုလုပ်ပေးရန်နှင့် နိုင်ငံတော်မှ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ စေလွှတ်ပေးရန် မူဆယ်ဒေသခံများက လိုလားနေကြသည်။

COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဧပြီလမှ ဇွန်လအတွင်း တရုတ်နိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသူ ၁၀၀၀ ကျော်အား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရာ ၎င်းတို့ကို မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ် ပေးခဲ့ရာမှ လွှဲပြောင်းလာသူ တချို့တွင် ကူးစက်တတ်သောရောဂါများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

EMG

Add a Comment

Your email address will not be published. Required fields are marked *

nineteen + one =