ကမာၻ႔ ပထမဆုံး ဖုန္းအားသြင္းႀကိဳး နဲ႔ ပိုးသတ္ၿပီး ျပန္သုံး လို႔ရမယ့္ Mask တီထြင္

ကမာၻ႔ ပထမဆုံး ဖုန္းအားသြင္းႀကိဳး နဲ႔ ပိုးသတ္ၿပီး ျပန္သုံး လို႔ရမယ့္ Mask တီထြင္

အစၥေရးသိပၸံပညာရွင္ Yair Ein-Eli က အႀကိမ္ႀကိမ္ ပိုးသတ္ၿပီး အသုံးျပဳႏိုင္တဲ့ Mask ကိုတီထြင္ခဲ့ပါတယ္။ဖုန္းအားသြင္းႀကိဳးနဲ႔ Mask ကို ပါဝါေပးလိုက္ရင္ အဝတ္စေတြ အပူခ်ိန္ 65-70 ဒီဂရီ စင္တီဂရိတ္အထိ နာရီဝက္ေလာက္ပူလာၿပီးရင္ COVID-19 ျဖစ္ေစမယ့္ ပိုးေတြေသကုန္မယ္ လို႔ဆိုပါတယ္။ လူကဝတ္ထားခ်ိန္မွာေတာ့ အပူေပးေနတာမို႔ ပါဝါႀကိဳးနဲ႔ ခ်ိတ္ဆက္ၿပီး ပိုးသတ္လို႔မရပါဘူး။ သေဘာက အဝတ္စေတြၾကားမွာ နည္းပညာျမင့္ ကာဘြန္ဖိုင္ဘာမွ်င္ေတြလို အပူေပးလို႔ရတဲ့ အလႊာကို အပူေပးၿပီး အဝတ္စေတြေပၚက ပိုးေတြကို ေသေစ မွာျဖစ္ပါတယ္။

သူ႔အေနနဲ႔ ပိုးေသတယ္လို႔ေျပာထားေပမယ့္ က်ေနာ့္ အေနနဲ႔ ျပင္သစ္တကၠသိုလ္က ေတြ႕ရွိထားတဲ့ အပူခ်ိန္ 92 ဒီဂရီ စင္တီဂရိတ္မွာ 15 မိနစ္အပူေပးမွ ပိုးေသတယ္ဆိုတဲ့အခ်က္နဲ႔ ခ်ိန္ထိုးစဥ္းစားၾကည့္မိပါတယ္။အခု Mask ကို အေမရိကန္ျပည္ေထာင္စုမွာ မူပိုင္ခြင့္ေလွ်ာက္မယ္လို႔ဆိုပါတယ္။သေဘာက်စရာ အခ်က္က အျပင္ကေနကားထဲေရာက္တာနဲ႔ Mask ကိုခြၽတ္ၿပီး ကား USB ေပါက္ကေန နာရီဝက္ခန႔္ ပါဝါေပးထားလိုက္ရင္ ပိုးေသေစမယ္ဆိုတဲ့အခ်က္ပါပဲ။ ေနာက္သေဘာက်စရာအခ်က္က သူ႔ရဲ႕ Mask တန္ဖိုးက အေမရိကန္ 1 ေဒၚလာ (ျမန္မာေငြ 1400) ေလာက္ပဲက်မယ္ ဆိုတဲ့အခ်က္ပါပဲ။ သူ႔ပုံစံက N95 Mask နဲ႔ပုံစံဆင္ၿပီး N95 Mask ေစ်းေလာက္ပဲရွိတာမို႔ တန္ပါတယ္။

အေမရိကန္က စစ္တမ္းအရ 66 ရာႏႈန္းေသာ က်န္းမာေရး ဝန္ထမ္းေတြဟာ Mask အလုံအေလာက္မရၾကဘူးလို႔ ဆိုပါတယ္။ အဲ့ဒီေစ်းနဲ႔ အႀကိမ္ႀကိမ္ျပန္သုံးလို႔ရရင္ အေတာ့္ကို လူသုံးမ်ားၾကမွာ ျဖစ္ပါတယ္။အခုမွ Prototype ထုတ္ၿပီးတာျဖစ္ၿပီး အေျမာက္အမ်ားထုတ္ဖို႔က ၾကာပါအုံးမယ္။

Richard Myo Thant(17-June-2020)

unicode

ကမ္ဘာ့ ပထမဆုံး ဖုန်းအားသွင်းကြိုး နဲ့ ပိုးသတ်ပြီး ပြန်သုံး လို့ရမယ့် Mask တီထွင်

အစ္စရေးသိပ္ပံပညာရှင် Yair Ein-Eli က အကြိမ်ကြိမ် ပိုးသတ်ပြီး အသုံးပြုနိုင်တဲ့ Mask ကိုတီထွင်ခဲ့ပါတယ်။ဖုန်းအားသွင်းကြိုးနဲ့ Mask ကို ပါဝါပေးလိုက်ရင် အဝတ်စတွေ အပူချိန် 65-70 ဒီဂရီ စင်တီဂရိတ်အထိ နာရီဝက်လောက်ပူလာပြီးရင် COVID-19 ဖြစ်စေမယ့် ပိုးတွေသေကုန်မယ် လို့ဆိုပါတယ်။ လူကဝတ်ထားချိန်မှာတော့ အပူပေးနေတာမို့ ပါဝါကြိုးနဲ့ ချိတ်ဆက်ပြီး ပိုးသတ်လို့မရပါဘူး။ သဘောက အဝတ်စတွေကြားမှာ နည်းပညာမြင့် ကာဘွန်ဖိုင်ဘာမျှင်တွေလို အပူပေးလို့ရတဲ့ အလွှာကို အပူပေးပြီး အဝတ်စတွေပေါ်က ပိုးတွေကို သေစေ မှာဖြစ်ပါတယ်။

သူ့အနေနဲ့ ပိုးသေတယ်လို့ပြောထားပေမယ့် ကျနော့် အနေနဲ့ ပြင်သစ်တက္ကသိုလ်က တွေ့ရှိထားတဲ့ အပူချိန် 92 ဒီဂရီ စင်တီဂရိတ်မှာ 15 မိနစ်အပူပေးမှ ပိုးသေတယ်ဆိုတဲ့အချက်နဲ့ ချိန်ထိုးစဉ်းစားကြည့်မိပါတယ်။အခု Mask ကို အမေရိကန်ပြည်ထောင်စုမှာ မူပိုင်ခွင့်လျှောက်မယ်လို့ဆိုပါတယ်။သဘောကျစရာ အချက်က အပြင်ကနေကားထဲရောက်တာနဲ့ Mask ကိုချွတ်ပြီး ကား USB ပေါက်ကနေ နာရီဝက်ခန့် ပါဝါပေးထားလိုက်ရင် ပိုးသေစေမယ်ဆိုတဲ့အချက်ပါပဲ။ နောက်သဘောကျစရာအချက်က သူ့ရဲ့ Mask တန်ဖိုးက အမေရိကန် 1 ဒေါ်လာ (မြန်မာငွေ 1400) လောက်ပဲကျမယ် ဆိုတဲ့အချက်ပါပဲ။ သူ့ပုံစံက N95 Mask နဲ့ပုံစံဆင်ပြီး N95 Mask စျေးလောက်ပဲရှိတာမို့ တန်ပါတယ်။

အမေရိကန်က စစ်တမ်းအရ 66 ရာနှုန်းသော ကျန်းမာရေး ဝန်ထမ်းတွေဟာ Mask အလုံအလောက်မရကြဘူးလို့ ဆိုပါတယ်။ အဲ့ဒီစျေးနဲ့ အကြိမ်ကြိမ်ပြန်သုံးလို့ရရင် အတော့်ကို လူသုံးများကြမှာ ဖြစ်ပါတယ်။အခုမှ Prototype ထုတ်ပြီးတာဖြစ်ပြီး အမြောက်အများထုတ်ဖို့က ကြာပါအုံးမယ်။

Richard Myo Thant(17-June-2020)