Semi-Lockdown ခ်ထား သည့္ ၿမိဳ႕နယ္ ငါးခု ကို ပယ္ဖ်က္ေၾကာင္း ေၾကညာ

Semi-Lockdown ခ်ထား သည့္ ၿမိဳ႕နယ္ ငါးခု ကို ပယ္ဖ်က္ေၾကာင္း ေၾကညာ

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ေလးခုႏွင့္ စစ္ကိုင္းတိုင္း ရွိ ၿမိဳ႕နယ္ တစ္ခုကို မိမိေနအိမ္ တြင္သာ ေနထိုင္ရန္ (Stay at Home) သတ္မွတ္ထားခ်က္ကို ပယ္ဖ်က္လိုက္ေၾကာင္း က်န္းမာ ေရးႏွင့္အားကစားဝန္ႀကီးဌာနက ႏိုင္ငံပိုင္႐ုပ္သံမွတစ္ဆင့္ ယေန႔ ညတြင္ ေၾကညာ သည္။

Semi-Lockdown သတ္မွတ္ထားသည့္ ၿမိဳ႕နယ္ ငါးခု တြင္ ထပ္တိုးလူနာအသစ္မေတြ႕ ရွိမႈအပါအဝင္ ေနထိုင္သူ ျပည္သူမ်ား၏ စည္းကမ္းလိုက္နာမႈရွိ ေသာေၾကာင့္ ပယ္ဖ်က္ခဲ့ျခင္းျဖစ္ သည္ဟု ေၾကညာသည္။ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ ေလးခုမွာ မဂၤလာဒုံ၊ဗိုလ္တေထာင္၊ ေ႐ႊျပည္သာႏွင့္ လႈိင္ သာယာၿမိဳ႕နယ္မ်ားျဖစ္ၿပီး ၎တို႔ကို ဧၿပီ ၁၈ ရက္ကတည္း Semi-Lockdown ခ်ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ဧၿပီ ၂၅ ရက္ တြင္ ဗိုလ္တေထာင္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္ တို႔ မွာ ထပ္တိုး ၿမိဳ႕နယ္မ်ားအျဖစ္ ပါဝင္ခဲ့သည္။COVID-19 အတည္ျပဳလူ နာေျခာက္ဦး ေတြ႕ရွိခဲ့ေသာ စစ္ ကိုင္းတိုင္း ရွိ ကေလးၿမိဳ႕နယ္ကို ဧၿပီ ၂၀ ရက္က Semi-Lockdown ခ်ခဲ့ျခင္းျဖစ္သည္။

crd : panpyoelat

unicode

Semi-Lockdown ချထား သည့် မြို့နယ် ငါးခု ကို ပယ်ဖျက်ကြောင်း ကြေညာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် လေးခုနှင့် စစ်ကိုင်းတိုင်း ရှိ မြို့နယ် တစ်ခုကို မိမိနေအိမ် တွင်သာ နေထိုင်ရန် (Stay at Home) သတ်မှတ်ထားချက်ကို ပယ်ဖျက်လိုက်ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ယနေ့ ညတွင် ကြေညာ သည်။

Semi-Lockdown သတ်မှတ်ထားသည့် မြို့နယ် ငါးခု တွင် ထပ်တိုးလူနာအသစ်မတွေ့ ရှိမှုအပါအဝင် နေထိုင်သူ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုရှိ သောကြောင့် ပယ်ဖျက်ခဲ့ခြင်းဖြစ် သည်ဟု ကြေညာသည်။ရန်ကုန်တိုင်းရှိ မြို့နယ် လေးခုမှာ မင်္ဂလာဒုံ၊ဗိုလ်တထောင်၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များဖြစ်ပြီး ၎င်းတို့ကို ဧပြီ ၁၈ ရက်ကတည်း Semi-Lockdown ချခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဧပြီ ၂၅ ရက် တွင် ဗိုလ်တထောင်နှင့် မင်္ဂလာဒုံမြို့နယ် တို့ မှာ ထပ်တိုး မြို့နယ်များအဖြစ် ပါဝင်ခဲ့သည်။COVID-19 အတည်ပြုလူ နာခြောက်ဦး တွေ့ရှိခဲ့သော စစ် ကိုင်းတိုင်း ရှိ ကလေးမြို့နယ်ကို ဧပြီ ၂၀ ရက်က Semi-Lockdown ချခဲ့ခြင်းဖြစ်သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

two × 1 =