ပရိသတ်ကြီးရေ ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ မော်ဒယ်လ် မင်းသမီးအနေနဲ့ အချိန် အတော်ကြာအောင် လျှောက်လှမ်းခဲ့ပြီးနောက် ( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ ရင်ထဲကို ပိုမိုရောက်ရှိစေခဲ့တဲ့သူပါ။ ဒါ့အပြင် အမြဲအလှူရေစက်လက်နဲ့မကွာအောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့မင်းသမီးလေး လည်း ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေ တတ်ကာ စီနီယာေွအေပေါ် မှာလည်း လေးလေးစားစား ဆက်ဆံတတ်တဲ့ မင်းသမီးချောလေးဆောင်းယွန်းစံ ကတော့ဒီနေ့မှာ ”ဒီနေ့ ဆိုင်မှာမုန့် မှာတော့ ပုံထဲမှာ သံပုရာသီးပုံပါတော့ အသီးမထည့်နဲ့နော် မ က အသီးမစားလို့ဆိုတော့ ဘေးကသူငယ်ချင်းက သံပုရာသီးတော့မစားဘူး ဂွေးသီးတော့ စားတယ်မလားတဲ့…(လူတွေအများကြီးရှေ့မှာ အပြောခံရတာနော်)အင်တာဗျုးတွေမှာ အသီးကြောက်ကြောင်းဖြေမိတော့ အသီးတော့မစားဘူး ဂွေးသီးတော့ ကြိုက်တယ်မလား ဆိုတဲ့ cmt တွေ..ကောင်မလေးတယောက် ဆောင်းရဲ့ အသီးကြောက်တဲ့အင်တာဗျုးကို ကြည့်ပီးတော့ ဒီကောင်မ အသီးတော့ကြောက်တာ ဂွေးသီးတော့ ကြောက်မှာမဟုတ်ပါဘူးဆိုပီး ကွယ်ရာမှာ ဟားတဲ့စကားတွေ( အဲ့ကောင်မလေးက ဆောင်းသူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ သူပြန်ပြောတာ)
Model စလုပ်ခါစက ပွဲတခုမှာ စင်ပေါ်တက်ခါနီး နာမည်ငါးလုံးနဲ့ model တယောက်က ဆောင်းအသီးကြောက်တယ် ဆိုတာသိတော့ ဆောင်းမျက်နှ ာနားမှာ လိမ္မော်သီးအခွံကို လာညှစ်တာ စင်ပေါ်တောင် မတက်နိုင်ပဲ ငိုလိုက်ရတာ..သူပြောတာတော့ အဲ့လောက်ကြောက်မှန်းမသိလို့စတာပါတဲ့. သူကတော့ မေ့သွားမှာပါ.. စနောက်ခဲ့တဲ့သူကိုး.. ဆောင်းအတွက်ကတော့ သေရာပါ မှတ်ထားတယ် .. လူတွေက ကိုယ်ချင်းမစာတတ်တာလား.. သူများရဲ့ အားနဲချက်ကို လှောင်ချင်တာလား.. အဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောရတာကို ပျော်တာလား.. ကိုယ်ပြောလိုက်ရင်တဖက်လူ ဘယ်လိုခံစားရမလဲ နားမလည်တာလား.. ဘယ်သူကတော့ဘလိုင်းကြီးကြောက်ချင်ပါ့မလဲ.. သူဘာသူ ငယ်ငယ်လေးထဲက ဘယ်လို ဗိဇကြောင့် ဖြစ်သွားတယ်ဆိုတာ ဆောင်းယွန်းလဲ မသိဘူး..
ဒါမဲ့ ကိုယ့်ရဲ့ အားနည်းချက်တခုကို လူတွေရှေ့မှာ အရှက်တကွဲ ဖြစ်အောင် ပြောတာကျတော့ သိပ်ရိုင်းစိုင်းတယ် မထင်ဘူးလား..အစက ဒီအသီးကြောက်တာကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးဖို့အထိတောင်စီစဉ်ထားတာ.. (လူတွေက လှောင်ရယ်ခံရလွန်းလို့ ဆရာဝန်နဲ့ ပြရင် ပျောက်နိုင်မလား တွေးပီးလေ)ခုတော့ ဆေးခန်းလဲ မပြတော့ဘူး.. အသီးကြောက်လို့ ရူးနေတယ်ထင်တဲ့ သူတွေကိုလဲ ပြောလိုက်မယ်.. ဟုတ်တယ် ဆောင်း က အရူးမပဲ .. မကျေနပ်ရင် မပေါင်းနဲ့လေနော်.. ဆောင်း ဘဝ နဲ့ ဆောင်းပဲ.. ကိုယ့်ကိုကိုယ်ပိုင်တယ် ..သူများရဲ့ လှောင်တာတွေ အသီးကြောက်လို့အနှိမ်ခံရတာ စနောက်တဲ့ သူတွေကိုလဲ ထပ်ပြောမယ် နောက်တခါ ဆောင်းရှေ့မှာ ဂွေးသီးစားတယ်မလားလို့လာနောက်ရင်ဖြစ်ဖြစ် အသီးနဲ့လိုက်တို့ လိုက်စရင်ဖြစ်ဖြစ် ဘယ်သူဖြစ်ပါစေ ဘယ်လောက်ခင်တဲ့သူဖြစ်ပါစေ ဘယ်လောက်ချစ်တဲ့သူဖြစ်ဖြစ် အနားမှာရှိတာနဲ့ ကောက်ပေါက်မယ် ဆိုတာပဲ.. အရင်လို သည်းခံပီး ကွယ်ရာမှာ ငိုနေတော့မှာမဟုတ်ဘူး..(စနောက်နေတာက တယောက်တည်း မဟုတ်လို့ အားလုံးကို သိစေချင်လို့ ဒီက ပြောတာပါ.. )
ဒါနောက်ဆုံးအကြိမ် အသီးနဲ့ပတ်သတ်ပီးပြောတာပါပဲ..media တွေမှာလဲ အသီးနဲ့ပတ်သတ်ပီး ဘယ်တော့မှ ဖြေမှာ မဟုတ်တော့ပါဘူး..အရမ်းစိတ်ဆိုးလို့ ရေးတာပါ.. (ဆောင်းအသီးကြာက်တာကို နားလည်ပီး သည်းခံ ချစ်ပေးတဲ့ သူတွေလဲ ရှိပါတယ်.. အဲ့သူတွေကိုလဲ တကယ် ကျေးဇူးတင်ပါတယ် 🙏🙏)”ဆိုတဲ့စာလေးနဲ့ သူမရဲ့အားနည်းချက်ကို လှောင်ပြောင်ကာ စနောက်တဲ့သူတွေကို သတိပေးစကားပြောကြားလာခဲ့တာပါပရိသတ်ကြီးရေ။
Credit-CeleZone
Source – Saung Yoon San