အႏွိမ္ခံ ရတဲ့ ဝတုတ္ဘဝက ကြၽတ္ခ်င္တယ္ ဆိုတဲ့ ေ႐ႊပိုးအိမ္

အႏွိမ္ခံ ရတဲ့ ဝတုတ္ဘဝက ကြၽတ္ခ်င္တယ္ ဆိုတဲ့ ေ႐ႊပိုးအိမ္

ေ႐ႊပိုးအိမ္ကေတာ့ ဝဝျပည့္ျပည့္ေလး နဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ အျပင္ စိတ္ထားေကာင္းသူတစ္ေယာက္မို႔ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ။ ပရိသတ္ေတြရဲ႕အားေပးမႈေၾကာင့္ ရရွိလာတဲ့အႏုပညာေၾကးေတြကိုလည္း ေဝစုခြဲၿပီး ျပန္လည္လႉဒါန္းေလ့ရွိသူတစ္ေယာက္ပါ။

အရင္တုန္းက ဝတဲ့သူတစ္ေယာက္ျဖစ္ ခဲ့ေပမယ့္လို႔ အခုခ်ိန္မွာ အရမ္းလွလာၿပီျဖစ္တဲ့ေ႐ႊပိုးအိမ္ကေတာ့ မၾကာခဏဆိုသလို အရင္တုန္းက ပုံေလးေတြကိုလည္း မွ်ေဝၿပီး စိတ္အားငယ္တတ္သူ တစ္ေယာက္ပါ။ ဒီတစ္ေခါက္မွာလည္း ဟိုးအရင္တုန္းက ပုံရိပ္တခ်ိဳ႕နဲ႔အတူ “ဝခဲ့ဖူးတယ္ အခုလဲ ဝေနတုန္းပဲ ငါ ဘယ္ေတာ့ မွ ပိန္မွာလဲ အားငယ္တယ္ စိတ္ဓါတ္က်တယ္ အႏွိမ္ခံရတဲ့ ဝတုတ္ဘဝက ဘယ္ေတာ့ ကြၽတ္မွာလဲ မေသခင္ ပိန္ဖူး သြားခ်င္တယ္” ဆိုၿပီး ရင္ထဲကခံစားခ်က္တို႔ကို ထုတ္ေဖာ္လာခဲ့ပါတယ္။

လူမႈအသိုင္းအဝိုင္းမွာ ဝတာကို ႏွိမ္စရာတစ္ခုလို သေဘာ ထားၿပီးဆက္ဆံေလ့ရွိၾကတာေၾကာင့္ ေ႐ႊပိုးအိမ္ကေတာ့ အားငယ္စရာတစ္ခုလိုျဖစ္ေနတဲ့ သူ႔ ခႏၶာကိုယ္အေနအထားနဲ႔ပတ္သက္ၿပီး စိတ္ဓာတ္က်ေနတဲ့အေၾကာင္း ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ေ႐ႊပိုးက ျပည့္ျပည့္ေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့သူေလးတစ္ေယာက္ဆို တာေတာ့ ေမးေနစရာေတာင္လိုမယ္မထင္ပါဘူးေနာ္ အားငယ္ေနတဲ့ေ႐ႊပိုးအိမ္အတြက္ အားေပး စကားေလး ေျပာေပးခဲ့ပါဦး။

crd : panpyoelat

unicode

အနှိမ်ခံ ရတဲ့ ဝတုတ်ဘဝက ကျွတ်ချင်တယ် ဆိုတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်ကတော့ ဝဝပြည့်ပြည့်လေး နဲ့ ချစ်ဖို့ကောင်းတဲ့ အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း ဝေစုခွဲပြီး ပြန်လည်လှူဒါန်းလေ့ရှိသူတစ်ယောက်ပါ။

အရင်တုန်းက ဝတဲ့သူတစ်ယောက်ဖြစ် ခဲ့ပေမယ့်လို့ အခုချိန်မှာ အရမ်းလှလာပြီဖြစ်တဲ့ရွှေပိုးအိမ်ကတော့ မကြာခဏဆိုသလို အရင်တုန်းက ပုံလေးတွေကိုလည်း မျှဝေပြီး စိတ်အားငယ်တတ်သူ တစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း ဟိုးအရင်တုန်းက ပုံရိပ်တချို့နဲ့အတူ “ဝခဲ့ဖူးတယ် အခုလဲ ဝနေတုန်းပဲ ငါ ဘယ်တော့ မှ ပိန်မှာလဲ အားငယ်တယ် စိတ်ဓါတ်ကျတယ် အနှိမ်ခံရတဲ့ ဝတုတ်ဘဝက ဘယ်တော့ ကျွတ်မှာလဲ မသေခင် ပိန်ဖူး သွားချင်တယ်” ဆိုပြီး ရင်ထဲကခံစားချက်တို့ကို ထုတ်ဖော်လာခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းမှာ ဝတာကို နှိမ်စရာတစ်ခုလို သဘော ထားပြီးဆက်ဆံလေ့ရှိကြတာကြောင့် ရွှေပိုးအိမ်ကတော့ အားငယ်စရာတစ်ခုလိုဖြစ်နေတဲ့ သူ့ ခန္ဓာကိုယ်အနေအထားနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျနေတဲ့အကြောင်း ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ ရွှေပိုးက ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့သူလေးတစ်ယောက်ဆို တာတော့ မေးနေစရာတောင်လိုမယ်မထင်ပါဘူးနော် အားငယ်နေတဲ့ရွှေပိုးအိမ်အတွက် အားပေး စကားလေး ပြောပေးခဲ့ပါဦး။