လက်ကို နမ်းပြီး ကိုဗစ်ပျောက်အောင် မန်းပေးတဲ့ ဘာသာေ ရး ဆရာ ကိုဗစ် ဖြင့် သေဆုံး

လက်ကို နမ်းပြီး ကိုဗစ်ပျောက်အောင် မန်းပေးတဲ့ ဘာသာေ ရး ဆရာ ကိုဗစ် ဖြင့် သေဆုံး





unicode

လက်ကို နမ်းပြီး ကိုဗစ်ေပျာက်အောင် မန်းပေးတဲ့ ဘာသာေ ရး ဆရာ ကိုဗစ် ဖြင့် သေဆုံး

အိန ္ဒိယနိုင်ငံမှ ဘာသာရေးဆရာ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာများအား လက်ကိုနမ်းပေးသည့်နည်းဖြင့် ရောဂါပျောက်အောင် ကုသပေးနိုင်သည်ဟုဆိုခဲ့သော်လည်း ၎င်း ကိုယ်တိုင်မှာ ကိုဗစ်ကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

အိန ္ဒိယနိုင်ငံ မက်ဒ်ရာပရာ ဒက်ရှ် ပြည်နယ် ရက်လမ် မြို့မှ အဆိုပါဘာသာရေးဆရာသည် ၎င်းကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသည့် အပြင် နောက်လိုက်များ၏ လက်ကိုပါ နမ်းခဲ့သည့်အ တွက် ၎င်း၏နောက်လိုက် ၂၀ ပါ ရောဂါ ကူးစက်ခံခဲ့ရသည်။ ဘာသာရေးဆရာ ကိုယ်တိုင် မှာလည်း ဇွန်လ ၃ ရက်တွင် အခြေအနေဆိုးရွားသည့်အချိန်မှသာ ရောဂါ ကူးစက်ခံထားရမှန်း သိရှိပြီး နောက်တစ် ရက်တွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ဘာသာရေးဆရာမှ တစ်ဆင့် ရောဂါကူးစက်ခံသူ ၂၀ ထဲတွင် ၎င်း၏မိသားစုဝင် ၇ ဦးလည်း ပါဝင်ပြီး အခြား ၂၉ ဦးကိုလည်း ထပ်မံ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု အိန္ဒိယကျန်းမာရေးအာဏာပိုင်များက ဆိုထားသည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုဗစ် ရောဂါကူးစက် ခံရသူ ၃ သိန်း ၆ သောင်းကျော်နှင့်သေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာပြီး လော့ဒေါင်း ဖြေလျှော့ပေး ပြီးချိန်မှစတင်ကာ ရောဂါကူးစက်ခံရသူအရေအတွက်မှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *

19 + 19 =