မ်က္ႏွာခ်င္းဆုိင္ စကားေျပာမိရံု နဲ႔ ကူးတဲ့ ကုိဗစ္ နဲ႕ မရွိမျဖစ္ ပစၥည္း ျဖစ္ လာေတာ့မယ့္ “Mask”
|မ်က္ႏွာခ်င္းဆုိင္ စကားေျပာမိရံုနဲ႔ ကူးတဲ့ ကုိဗစ္ နဲ႕ မရွိမျဖစ္ ပစၥည္း ျဖစ္ လာေတာ့မယ့္ “Mask”
ဆန္ဖရန္ စစၥကုိမွာ လူေကာင္း ၄၁၆၀ ကို စစ္တာ လူ ၂.၁% မွာ ကိုဗစ္ ၁၉ ေတြ႕တယ္။ ေရာဂါပိုးေတြ႕သူေတြကို ေမးၾကည့္ေတာ့ ၁၀ ေယာက္မွာ ၉ ေယာက္က အျပင္ထြက္ အလုပ္လုပ္ရတဲ့ က်ေနာ္တို႔လို လူမ်ိဳးေတြေလ။ အိမ္မွာ ထိုင္လုပ္ ေနၿပီး ပိုက္ဆံရတာမ်ိဳး (Work from home) မဟုတ္ဘူး။ (သူတို႔ က PCR + Ab တြဲစစ္တာ)
ဒီေတာ့ အလုပ္လုပ္ေနႏိုင္ေအာင္ က်န္းမာေနသူေတြ ကပဲ ေရာဂါကို ျဖန႔္ေနတယ္ဆိုတာ နားလည္ၾကပါ။ ေရာဂါ ရသြားတဲ့အထဲက ကံဆိုးသူေတြသာ ေသတတ္တာ။ တရားပြဲမွာ ေဟာေျပာခဲ့သူဟာ ေတာ္ေတာ္ေလးကို အသံေအာင္ပါတယ္။ ေလျပင္းပါတယ္။ သူက ေနေကာင္းေနပါတယ္။ ဒါေၾကာင့္ ေခ်ာင္းဆိုး လိုက္လို႔ ႏွာေခ်လိုက္လို႔ ေရာဂါ ျပန႔္တာ လို႔ ယူဆလို႔ မရေတာ့ပါ။ စကားေျပာ႐ုံနဲ႔ တံေတြးက အစက္ေသးေသးေလး Droplet ျပန႔္သြားၿပီး ကူးပုံပါပဲ။
ဟိုေန႔က လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ Mask ေမးခ်ိတ္တာမ်ိဳးဟာ အႏၲရာယ္ႀကီးပါတယ္။ ဒါေၾကာင့္ စကားေျပာရင္ Mask ျဖဳတ္ၿပီး မေျပာၾကပါနဲ႔။ တရားပြဲမွာ Mask သုံးခဲ့မယ္ဆိုရင္ က်ေနာ္ တို႔အေျခအေန ဒီလို မျဖစ္ႏိုင္ဘူးလို႔ ထင္ေနမိတယ္။
တေန႔က လူနာ တစ္ေယာက္ က Mask ကို ႏွာေခါင္းေဖၚထားျပန္တယ္။ ဘာလို႔လဲ ဆိုေတာ့ အသက္ရႈ မဝလို႔တဲ့။ တကယ္ေတာ့ သူ႔မွာ အဆုတ္ ႏွလုံးေရာဂါ မရွိပါ။ ဒါနဲ႔ က်ေနာ္လည္း ပညာေပးရ တယ္။ ဒီကိုဗစ္၁၉ ဟာ ဘယ္အခ်ိန္မွ ကမာၻေပၚက ထြက္ခြာမယ္ဆိုတာ မသိႏိုင္ေၾကာင္း… ျမန္မာျပည္ မွာ မရွိေတာ့ ရင္ေတာင္ ခရီးသြားသူေတြေၾကာင့္ ျပည္ပက ခဏခဏ ျပန္ျပန္ဝင္လာဦး မွာျဖစ္ေၾကာင္း… ဒါေၾကာင့္ Mask တပ္ေနရမယ့္ ကာလကို မွန္းရင္ ၂ ႏွစ္လို႔ ထင္ေၾကာင္း။ အက်င့္ပါေအာင္ က်င့္သင့္ေၾကာင္း… ခင္ဗ်ားတို႔ ေႏြရာသီေတာင္ အတြင္းခံ ရင္စည္းကို ျဖစ္ေအာင္ ဝတ္ၾကသူေတြ မ်ားေၾကာင္း… Mask ကိုလည္း ရင္စည္းလို ထမီလို သေဘာ ထားဖို႔ လိုၿပီ ျဖစ္ေၾကာင္း.. စသည္ေပါ့ေလ။

ေရွးျမန္မာႀကီးမ်ားဟာ အေပၚပိုင္း ဗလာေနေလ့ ရွိေၾကာင္း ဖတ္ဖူးတယ္။ အဲဒီကေန အေပၚပိုင္းမွာ အက်ႌ လႊမ္းလာတာ။ ဒီထက္ေရွး က်တာ ျပန္စဥ္းစားရင္ ေမ်ာက္ကေန လူျဖစ္လာေတာ့ အဝတ္အစားေတြ တျဖည္းျဖည္း ဝတ္လာတာ။ က်ေနာ္တို႔ ၂၁ ရာစု လူသား ဝတ္ဆင္မႈ ပုံသဏန္ဟာ မ်က္ႏွာမွာ Mask တပ္ထား တာမ်ား ျဖစ္ေလေတာ့မလား။
Maung Maung Oo
unicode
မျက်နှာချင်းဆိုင် စကားပြောမိရုံနဲ့ ကူးတဲ့ ကိုဗစ် နဲ့ မရှိမဖြစ် ပစ္စည်း ဖြစ် လာတော့မယ့် “Mask”
ဆန်ဖရန် စစ္စကိုမှာ လူကောင်း ၄၁၆၀ ကို စစ်တာ လူ ၂.၁% မှာ ကိုဗစ် ၁၉ တွေ့တယ်။ ရောဂါပိုးတွေ့သူတွေကို မေးကြည့်တော့ ၁၀ ယောက်မှာ ၉ ယောက်က အပြင်ထွက် အလုပ်လုပ်ရတဲ့ ကျနော်တို့လို လူမျိုးတွေလေ။ အိမ်မှာ ထိုင်လုပ် နေပြီး ပိုက်ဆံရတာမျိုး (Work from home) မဟုတ်ဘူး။ (သူတို့ က PCR + Ab တွဲစစ်တာ)
ဒီတော့ အလုပ်လုပ်နေနိုင်အောင် ကျန်းမာနေသူတွေ ကပဲ ရောဂါကို ဖြန့်နေတယ်ဆိုတာ နားလည်ကြပါ။ ရောဂါ ရသွားတဲ့အထဲက ကံဆိုးသူတွေသာ သေတတ်တာ။ တရားပွဲမှာ ဟောပြောခဲ့သူဟာ တော်တော်လေးကို အသံအောင်ပါတယ်။ လေပြင်းပါတယ်။ သူက နေကောင်းနေပါတယ်။ ဒါကြောင့် ချောင်းဆိုး လိုက်လို့ နှာချေလိုက်လို့ ရောဂါ ပြန့်တာ လို့ ယူဆလို့ မရတော့ပါ။ စကားပြောရုံနဲ့ တံတွေးက အစက်သေးသေးလေး Droplet ပြန့်သွားပြီး ကူးပုံပါပဲ။
ဟိုနေ့က လွှတ်တော် ကိုယ်စားလှယ်တွေ Mask မေးချိတ်တာမျိုးဟာ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် စကားပြောရင် Mask ဖြုတ်ပြီး မပြောကြပါနဲ့။ တရားပွဲမှာ Mask သုံးခဲ့မယ်ဆိုရင် ကျနော် တို့အခြေအနေ ဒီလို မဖြစ်နိုင်ဘူးလို့ ထင်နေမိတယ်။
တနေ့က လူနာ တစ်ယောက် က Mask ကို နှာခေါင်းဖေါ်ထားပြန်တယ်။ ဘာလို့လဲ ဆိုတော့ အသက်ရှု မဝလို့တဲ့။ တကယ်တော့ သူ့မှာ အဆုတ် နှလုံးရောဂါ မရှိပါ။ ဒါနဲ့ ကျနော်လည်း ပညာပေးရ တယ်။ ဒီကိုဗစ်၁၉ ဟာ ဘယ်အချိန်မှ ကမ္ဘာပေါ်က ထွက်ခွာမယ်ဆိုတာ မသိနိုင်ကြောင်း… မြန်မာပြည် မှာ မရှိတော့ ရင်တောင် ခရီးသွားသူတွေကြောင့် ပြည်ပက ခဏခဏ ပြန်ပြန်ဝင်လာဦး မှာဖြစ်ကြောင်း… ဒါကြောင့် Mask တပ်နေရမယ့် ကာလကို မှန်းရင် ၂ နှစ်လို့ ထင်ကြောင်း။ အကျင့်ပါအောင် ကျင့်သင့်ကြောင်း… ခင်ဗျားတို့ နွေရာသီတောင် အတွင်းခံ ရင်စည်းကို ဖြစ်အောင် ဝတ်ကြသူတွေ များကြောင်း… Mask ကိုလည်း ရင်စည်းလို ထမီလို သဘော ထားဖို့ လိုပြီ ဖြစ်ကြောင်း.. စသည်ပေါ့လေ။

ရှေးမြန်မာကြီးများဟာ အပေါ်ပိုင်း ဗလာနေလေ့ ရှိကြောင်း ဖတ်ဖူးတယ်။ အဲဒီကနေ အပေါ်ပိုင်းမှာ အင်္ကျီ လွှမ်းလာတာ။ ဒီထက်ရှေး ကျတာ ပြန်စဉ်းစားရင် မျောက်ကနေ လူဖြစ်လာတော့ အဝတ်အစားတွေ တဖြည်းဖြည်း ဝတ်လာတာ။ ကျနော်တို့ ၂၁ ရာစု လူသား ဝတ်ဆင်မှု ပုံသဏန်ဟာ မျက်နှာမှာ Mask တပ်ထား တာများ ဖြစ်လေတော့မလား။
Maung Maung Oo