




crd : panpyoelat

unicode

မြင်သူတကာ ရဲ့ ချစ်ခြင်းတွေ ကို ရရှိစေမယ့် အကြည် ဓာတ်လေးတွေ ပိုင်ဆိုင် ထားတဲ့ ဖြူ ဖြူ ထွေး

ပြည်သူ အချစ်တော်လေး သရုပ်ဆောင် ဖြူဖြူထွေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေ အမောပြေအောင် တင်ပေးရင်းကနေ Facebook ဆယ်လီတစ်ယောက်အနေ နဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိခဲ့ပြီး အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်.။ သူမကိုယ်တိုင် ကြိုးစားသလို အများအတွက်ကိုလည်း တတ်နိုင်သလောက် ကူညီပေးသူတစ်ယောက်ပါ။

ခက်ခဲနေတဲ့ သူတွေအတွက် ကူညီပေးဖို့ နောက်မတွန့်တတ် သလို အရှိအတိုင်း စကားကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လို့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေနဲ့အတူ အနုပညာရှင်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ ကိုယ်တိုင်လည်း အလှူအတန်းတွေ လုပ်ကိုင်သလို အများရဲ့ အလှူတွေ မှာလည်း လူအား ငွေအားနဲ့ ပါဝင်ကူညီတာမျိုးကိုလည်း လုပ်ဆောင်တတ်သူပါ.။ ဒီနေ့ ဇွန်လ (၁၇)ရက်နေ့မှာတော့ ဖြူဖြူထွေးက သူမရဲ့အလှပုံရိပ်လေးတွေကို “အဖြူရောင်လေးဟာ ဖြူဖြူထွေးရဲ့အမှတ်အသားပါ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်။

အမြဲတက်ကြွကာ ပွင့်လင်းပြောဆို နေထိုင်တတ်တဲ့ သူမ ရဲ့ အပြုအမူလေးတွေက ပရိသတ်တွေအတွက်တော့ ချစ်စဖွယ် လေးတွေ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲနော်.။ စိတ်ထားလည်း ဖြူစင်လို့ တဖြည်းဖြည်း ပိုကြည့်ကောင်းလာကာ ချောလာသူ ဖြူဖြူထွေး ကတော့ စိတ်ရဲ့ ဖြူစင်ခြင်းတွေ ယောင်ပြန် ဟပ်ကာ ပိုလှလာသူလို့ ဆိုရမယ် ထင်ပါတယ် ပရိသတ်ကြီးအတွက်လည်း စိတ်ရဲ့ ဖြူစင်မှုတွေနဲ့ အတူ မျက်နှာလေးပါ ကြည်လင်ကာ လှပနေသူ ဖြူဖြူထွေး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှ ဝေပေးလိုက် ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

ten + nineteen =