သည္းသည္းလႈပ္ အားေပးခဲ့ ရတဲ့ ေ႐ႊညီကိုအဖြဲ႕ ကလူေတြ လက္ရွိ ဘာလုပ္ေနၾကသလဲ အလင္းျပ ခဲ့တဲ့ ေကာင္းေက်ာ္

သည္းသည္းလႈပ္ အားေပးခဲ့ ရတဲ့ ေ႐ႊညီကိုအဖြဲ႕ ကလူေတြ လက္ရွိ ဘာလုပ္ေနၾကသလဲ အလင္းျပ ခဲ့တဲ့ ေကာင္းေက်ာ္

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုေက်ာ္တုန္းက ဝက္ဝက္ကြဲေအာင္ျမင္ ခဲ့တဲ့ ေ႐ႊညီကိုအဖြဲ႕ ကိုေတာ့ ပရိသတ္ေတြရင္ထဲမွာ မွတ္မွတ္ထင္ထင္ရွိၾကမွာပါေနာ္။ ၿငိမ္းခ်မ္း၊ ေကာင္းေက်ာ္၊ ဝိုင္းခ်စ္၊ ရွဲဒိုး၊ ထက္ထက္တို႔ ငါးဦးနဲ႔ ဖြဲ႕စည္းထားၿပီး ဟာသပ်က္လုံးေတြကို ဝါးလုံးကြဲရယ္ေမာရေအာင္ ပိုင္ပိုင္ႏိုင္ႏိုင္ ပ်က္လုံးထုတ္ခဲ့တဲ့အျပင္ ႐ုပ္ရွင္၊ဗြီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့တဲ့အဖြဲ႕လို ဆိုရမွာပါ။

သူတို႔ငါးဦးထဲက ဦးရွဲဒိုး ကေတာ့ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ကြယ္လြန္ခဲ့ၿပီျဖစ္ၿပီး က်န္တဲ့အဖြဲ႕ဝင္ေတြလည္း ဘဝရပ္တည္ခ်က္မ်ိဳးစုံနဲ႔ အဖြဲ႕ကြဲခဲ့ၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဦးေကာင္းေက်ာ္က ေ႐ႊညီကိုအဖြဲ႕ဝင္ေတြကို တေမးတည္း ေမးေနၾကတဲ့ ပရိသတ္ႀကီးအတြက္ သူတို႔ဘာေတြလုပ္ေနသလဲ ဆိုတာ ေျပာျပခဲ့ပါတယ္။ “သည္းသည္းလႈပ္ အားေပးခဲ့ဖူးၾကတဲ့ဦးေကာင္းေက်ာ္တို႔ “ေ႐ႊညီကို” အဖြဲ႕သားေတြ အခု ဘာေတြလုပ္ေနၾကလဲ ေမးလာၾကသူမ်ားအတြက္ ??? သဘင္တကၠသိုလ္ႀကီးမွာ ႏွစ္ေပါင္း(၃၀)ေက်ာ္ ပညာဆည္းပူးသင္ၾကား လာၾကၿပီးေနာက္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ ပါေမာကၡ မစၥတာ ကိုဗစ္ရဲ႕ ေထာက္ခံအားေပးမႈေၾကာင့္ ဌာနအသီးသီးမွ ရာထူးႀကီးႀကီးေတြနဲ႔ ႏိုင္ငံဝန္ထမ္းေကာင္းမ်ားအျဖစ္ တာဝန္ထမ္းေဆာင္ေနပါေၾကာင္း ေျဖၾကားအပ္ပါသည္။ ၁။ ဦးၿငိမ္းခ်မ္း (စားေသာက္ကုန္လုပ္ငန္း ၫႊန္ၾကားေရးမႉးခ်ဳပ္) ၂။ ဦးေကာင္းေက်ာ္ (စားေသာက္ကုန္လုပ္ငန္းၫႊန္ၾကားေရးမႉးခ်ဳပ္) ၃။ ဦးဝိုင္းခ်စ္(လူသုံးကုန္လုပ္ငန္း ၫႊန္ၾကားေရးမႉးခ်ဳပ္) ၄။ ဦးထက္ထက္(ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမႉးခ်ဳပ္) ကိုင္းဘာေတြလုပ္ေနၾကလဲခဏခဏ ထပ္မေမးၾကနဲ႔ေတာ့ ဒါဘဲ ဟားဟားဟားးး???” ဆိုၿပီးေရးသား မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

သူတို႔ေတြကေတာ့ အဖြဲ႕တစ္ဖြဲ႕အေနနဲ႔ ပရိသတ္ေတြ ကို ဟာဒယ႐ႊင္ေဆး မတိုက္ေကြၽးေတာ့ေပမယ့္ တစ္ဦးခ်င္းစီ သဘင္ပညာနဲ႔ပဲ အသက္ေမြးဝမ္းေက်ာင္းေနၾကသူေတြပါ။ ဒါေပမယ့္ အခုလို ကိုဗစ္ကာလမွာေတာ့ အဆင္ေျပတာေတြ လုပ္ၾကရင္း စားစရာေရာင္း၊ တက္စီဆြဲေနရတဲ့ သူတို႔ေတြအေၾကာင္းကို ဦးေကာင္းေက်ာ္ ကေတာ့ အ႐ႊန္းေဖာက္ၿပီး မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ…

Source – U Kaung Kyaw
Credit – Cele Gabar

unicode

သည်းသည်းလှုပ် အားပေးခဲ့ ရတဲ့ ရွှေညီကိုအဖွဲ့ ကလူတွေ လက်ရှိ ဘာလုပ်နေကြသလဲ အလင်းပြ ခဲ့တဲ့ ကောင်းကျော်

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်တုန်းက ဝက်ဝက်ကွဲအောင်မြင် ခဲ့တဲ့ ရွှေညီကိုအဖွဲ့ ကိုတော့ ပရိသတ်တွေရင်ထဲမှာ မှတ်မှတ်ထင်ထင်ရှိကြမှာပါနော်။ ငြိမ်းချမ်း၊ ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုး၊ ထက်ထက်တို့ ငါးဦးနဲ့ ဖွဲ့စည်းထားပြီး ဟာသပျက်လုံးတွေကို ဝါးလုံးကွဲရယ်မောရအောင် ပိုင်ပိုင်နိုင်နိုင် ပျက်လုံးထုတ်ခဲ့တဲ့အပြင် ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့အဖွဲ့လို ဆိုရမှာပါ။

သူတို့ငါးဦးထဲက ဦးရှဲဒိုး ကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေလည်း ဘဝရပ်တည်ချက်မျိုးစုံနဲ့ အဖွဲ့ကွဲခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဦးကောင်းကျော်က ရွှေညီကိုအဖွဲ့ဝင်တွေကို တမေးတည်း မေးနေကြတဲ့ ပရိသတ်ကြီးအတွက် သူတို့ဘာတွေလုပ်နေသလဲ ဆိုတာ ပြောပြခဲ့ပါတယ်။ “သည်းသည်းလှုပ် အားပေးခဲ့ဖူးကြတဲ့ဦးကောင်းကျော်တို့ “ရွှေညီကို” အဖွဲ့သားတွေ အခု ဘာတွေလုပ်နေကြလဲ မေးလာကြသူများအတွက် ??? သဘင်တက္ကသိုလ်ကြီးမှာ နှစ်ပေါင်း(၃၀)ကျော် ပညာဆည်းပူးသင်ကြား လာကြပြီးနောက် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပါမောက္ခ မစ္စတာ ကိုဗစ်ရဲ့ ထောက်ခံအားပေးမှုကြောင့် ဌာနအသီးသီးမှ ရာထူးကြီးကြီးတွေနဲ့ နိုင်ငံဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်နေပါကြောင်း ဖြေကြားအပ်ပါသည်။ ၁။ ဦးငြိမ်းချမ်း (စားသောက်ကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်) ၂။ ဦးကောင်းကျော် (စားသောက်ကုန်လုပ်ငန်းညွှန်ကြားရေးမှူးချုပ်) ၃။ ဦးဝိုင်းချစ်(လူသုံးကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်) ၄။ ဦးထက်ထက်(ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်) ကိုင်းဘာတွေလုပ်နေကြလဲခဏခဏ ထပ်မမေးကြနဲ့တော့ ဒါဘဲ ဟားဟားဟားးး???” ဆိုပြီးရေးသား မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

သူတို့တွေကတော့ အဖွဲ့တစ်ဖွဲ့အနေနဲ့ ပရိသတ်တွေ ကို ဟာဒယရွှင်ဆေး မတိုက်ကျွေးတော့ပေမယ့် တစ်ဦးချင်းစီ သဘင်ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေကြသူတွေပါ။ ဒါပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ အဆင်ပြေတာတွေ လုပ်ကြရင်း စားစရာရောင်း၊ တက်စီဆွဲနေရတဲ့ သူတို့တွေအကြောင်းကို ဦးကောင်းကျော် ကတော့ အရွှန်းဖောက်ပြီး မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – U Kaung Kyaw
Credit – Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 7 =