







crd : panpyoelat

unicode

အမွှာညီအမ နှစ်ဦး မှ အမဖြစ်သူ ရဲ့အလောင်း ကို တစ်လနီးပါး အကြာမှာ ပြန်တွေ့

စစ်ကိုင်းတံတားနားမာ ပျောက်သွား တဲ့ အမွာညီအမနစ်ဦးမ အမဖြစ်သူရဲ့ အလောင်းကို တစ်လနီးပါး အကြာမှာ ပြန်တွေ့

စစ်ကိုင်းတံတားနားမာ ပျောက်ဆုံးသွား တဲ့ အမွညီမ (၂) ယောက်ထဲက အစ်မဖြစ်သူရဲ့ ရုပ်အလောင်းကိုပါ ဒီနေ့ဇွန်လ (၁၈) ရက်နေ့မာ ပြန်တွေ့ပြီ လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) က သိရပါတယ်။

ဒီနေ့ ညနေပိုင်းက ဧရာဝတီမြစ် ပေါက်လု ကျွန်းနားမာ ရုပ်အလောင်း တစ်လောင်းတွေ့တယ်လို့ ရဲတပ်ဖွဲ့က ဆက်သွယ် လာတာကြောင့် သွားရောက် ဆယ်ယူတဲ့အခါမှာ အစ်မဖြစ်သူ ရဲ့ ရုပ်အလောင်း ဖြစ်နေတာလို့ သိရပါတယ်။

“ အခု ဆယ်ယူပြီး သွားပါပြီ ရုပ်အလောင်း ကတော့ တော်တော်လေး ကြာနေပြီဖြစ်တာကြောင့် ရုပ်ကတော့ တော်တော် ပျက်နေပြီပေါ့နော်၊ ဝတ်ထားတဲ့ အင်္ကျီ အဝတ်အစားတွေ အရ တိုက်ကြည့် လိုက်တော့ အစ်မဖြစ်သူ ရဲ့ ရုပ်အလောင်းဖြစ်နေတာပါ။ ”လို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း) ရဲ့ အဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အခုအချိန်မှာတော့ ရုပ်အလောင်းကို စစ်ကိုင်းဆေးရုံး သွားရောက်ပို့ဆောင်နေပြီ လို့လည်း သိရပါတယ်။ အမွာညီမ (၂) ယောက်ဟာ ပြီးခဲ့တဲ့ မေလ (၂၄) ရက်နေ့က စစ်ကိုင်း တံတားနားမာ ပျောက်ဆုံးသွား ခဲ့တာဖြစ်ပြီး သူတို့ စီးသွားတဲ့ ဆိုင်ကယ်ကို တံတားပေါ်မာ တွေ့ခဲ့တာပါ။

မေလ (၂၅) ရက်နေ့မာတော့ တံငါသည်တွေ သတင်းပေးပို့ ခဲ့တာ ကြောင့် ညီမဖြစ်သူ ရဲ့ ရုပ်အလောင်းကို ရာဖွေတွေ့ရ ခဲ့ပြီး တစ်လလောက် အကြာမာတော့ အစ်မဖြစ်သူ ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ ရခဲ့တာပါ။