ငယ်ငယ်က အနှိမ်ခံဘဝကနေ သေတဲ့အထိတောင် စားလို့ရတဲ့ ပိုင်ဆိုင်မှုတွေ ရရှိခဲ့ပုံ ကိုပြောပြလာတဲ့ “ဇေရဲထက်”

မင်းသားချော ဇေရဲထက် ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ တဖြည်းဖြည်း အောင်မြင်လာခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုနဲ့အတူ အောင်မြင်မှု များစွာရရှိခဲ့တဲ့ ဇေရဲထက်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဇေရဲထက်က အနုပညာ အလုပ်တွေကို ရပ်နားထားတာ အချိန်အနည်းငယ် ကြာနေပြီလည်း ဖြစ်ပါတယ် ။

အခုလည်း ဇေရဲထက်က လူငယ်တွေအတွက်အားပေး စကားပြောရင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ပြောပြလာတာ ဖြစ်ပါတယ် ။ ဇေရဲထက်က “ငါကဘာမှမရှိ လူတိုင်းအဆင်မပြေဘဝကအဓိပ္ပါယ်မရှိဘူးလည်းမထင်နဲ့ ရခဲတဲ့ လူ့ဘဝမှာ မသေမချင်း မျှော်လင့်ချက်ထားပြီး လုပ်ဆောင်စရာတွေ အများကြီးရှိတယ်လေ ကျွန်တော်ဆို ဘာတစ်ခုမှမရှိတဲ့ဘဝပါ လမ်းပေါ်မှာ နေရင်း အလုပ် မှန်သမျှကို လုပ်ကိုင်ခဲ့တယ် အဲ့ဒီချိန်မှာ ကျရှုံးတာတွေရော လှောင်ပြောင်ခဲ့ တာတွေရော အနှိမ်ခံခဲ့ရတာတွေကို တစ်လှေကြီးခံစားခဲ့ရပါတယ် ကျွန်တော် အရှုံးမပေးခဲ့ဘူးလဲ ရင်ပြန်ထခဲ့တယ် ရုန်းကန်တယ် ကျွန်တော်အသက်(၃၃)အရွယ်မှာ နေတတ်ရင် သေတဲ့အထိ စားလို့ရတဲ့ အနေအထားရှိပါတယ် ကံကို မမြင်ရသလို သရုပ်ဆောင်ဆိုတဲ့လောကကို အိပ်မက်တောင် မမက်ဖူးဘဲ အလုပ်တွေလုပ်ရင်း ကံပေးလာတော့ လမ်းစတွေပေါ်ခဲ့တယ် အဲ့ဒီအချိန်မှာလည်း ကျွန်တော်နေ့မအိပ် ညမအိပ် ကြိုးစားရုန်းကန်ခဲ့တယ် ကျေးဇူးထပ်ခါထပ်ခါတင်မိပါတယ် ကျေးဇူးရှင်ဆရာတွေ ကျေးဇူးရှင်ပြည်သူတွေ ကျေးဇူးရှင်ပရိုဂျူဆာတို့ကို အမြဲ ဘုရားမှာဆုတောင်းပေးတယ် ကျန်းမာချမ်းပါစေလို့”

“ပြောချင်တာက ငါကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး ငါ့ဘဝကို ရေစုန်မျောပြစ်မယ် နေရတဲ့လူ့ဘဝကြီးကအဓိပ္ပါယ်မရှိဘူးမထင်ပါနဲ့ ကံတရားက အလှည့်ကျ ရောက်လာတတ်တာပါ ကိုယ့်ဘက်ကတော့ ကြိုးစားရုန်းကန်စည်းကမ်းရှိစွာနေထိုင်ရင်း ကံတရားပေးလာတဲ့အခါ မင်းဘဝကိုအကောင်းဆုံးထူထောင်ပါ ကံဆိုတာ အလုပ်ပါ အလုပ်လုပ်ရင်းကိုယ်ပြုတဲ့ကံက ကိုယ့်အလုပ်ဖြစ်စေတာပါ ကျွန်တော်တို့တွေ ကြိုးစားနေဖို့တော့လိုတာပေါ့နော် ပြောခဲ့သလို ကံကမျက်နှာသာမပေးရင်တောင် ကြိုးစားနေသူအဖို့ တစ်နေရာစာ မခဲယဉ်းပါဘူးဆိုတဲ့စိတ်နဲ့လုပ်ကြည့်ပါ စိတ်ဓါတ်မကျပါနဲ့ မင်းအတွက် တစ်နေရာစာဆိုတာ ရှိနေမှာပါ (ကျွန်တော့်ဘဝဖြစ်တည်ခဲ့တာကို ပြန်မျှဝေတာပါလူငယ်တွေကို ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့နောက်ပြီးရင် ကောင်းသွားမယ် ok)” ဆိုပြီး ရေးသား ပြေ ာပြထားတာပဲ ဖြစ်ပါတယ် ။

Source and Photo Credit-Zay Ye Htet

zawgyi

မင္းသားေခ်ာ ေဇရဲထက္ ကေတာ့ ဗီဒီယိုဇာတ္ကားေတြ႐ိုက္ကူးရင္းနဲ႔ တျဖည္းျဖည္း ေအာင္ျမင္လာခဲ့ၿပီး ေနာက္ပိုင္းမွာ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာေတြ ဆက္တိုက္႐ိုက္ကူးလာရတာ ျဖစ္ပါတယ္ ။ ပရိသတ္ေတြရဲ႕ဝန္းရံအားေပးမႈနဲ႔အတူ ေအာင္ျမင္မႈ မ်ားစြာရရွိခဲ့တဲ့ ေဇရဲထက္က ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ ေဇရဲထက္က အႏုပညာ အလုပ္ေတြကို ရပ္နားထားတာ အခ်ိန္အနည္းငယ္ ၾကာေနၿပီလည္း ျဖစ္ပါတယ္ ။

အခုလည္း ေဇရဲထက္က လူငယ္ေတြအတြက္အားေပး စကားေျပာရင္း သူျဖတ္သန္းခဲ့ရတဲ့ ဘဝအေတြ႕အႀကဳံေတြကို ေျပာျပလာတာ ျဖစ္ပါတယ္ ။ ေဇရဲထက္က “ငါကဘာမွမရွိ လူတိုင္းအဆင္မေျပဘဝကအဓိပၸါယ္မရွိဘူးလည္းမထင္နဲ႔ ရခဲတဲ့ လူ႔ဘဝမွာ မေသမခ်င္း ေမွ်ာ္လင့္ခ်က္ထားၿပီး လုပ္ေဆာင္စရာေတြ အမ်ားႀကီးရွိတယ္ေလ ကြၽန္ေတာ္ဆို ဘာတစ္ခုမွမရွိတဲ့ဘဝပါ လမ္းေပၚမွာ ေနရင္း အလုပ္ မွန္သမွ်ကို လုပ္ကိုင္ခဲ့တယ္ အဲ့ဒီခ်ိန္မွာ က်ရႈံးတာေတြေရာ ေလွာင္ေျပာင္ခဲ့ တာေတြေရာ အႏွိမ္ခံခဲ့ရတာေတြကို တစ္ေလွႀကီးခံစားခဲ့ရပါတယ္ ကြၽန္ေတာ္ အရႈံးမေပးခဲ့ဘူးလဲ ရင္ျပန္ထခဲ့တယ္ ႐ုန္းကန္တယ္ ကြၽန္ေတာ္အသက္(၃၃)အ႐ြယ္မွာ ေနတတ္ရင္ ေသတဲ့အထိ စားလို႔ရတဲ့ အေနအထားရွိပါတယ္ ကံကို မျမင္ရသလို သ႐ုပ္ေဆာင္ဆိုတဲ့ေလာကကို အိပ္မက္ေတာင္ မမက္ဖူးဘဲ အလုပ္ေတြလုပ္ရင္း ကံေပးလာေတာ့ လမ္းစေတြေပၚခဲ့တယ္ အဲ့ဒီအခ်ိန္မွာလည္း ကြၽန္ေတာ္ေန႔မအိပ္ ညမအိပ္ ႀကိဳးစား႐ုန္းကန္ခဲ့တယ္ ေက်းဇူးထပ္ခါထပ္ခါတင္မိပါတယ္ ေက်းဇူးရွင္ဆရာေတြ ေက်းဇူးရွင္ျပည္သူေတြ ေက်းဇူးရွင္ပ႐ိုဂ်ဴဆာတို႔ကို အၿမဲ ဘုရားမွာဆုေတာင္းေပးတယ္ က်န္းမာခ်မ္းပါေစလို႔”

“ေျပာခ်င္တာက ငါကေတာ့ ဘာမွျဖစ္လာမွာမဟုတ္ဘူး ငါ့ဘဝကို ေရစုန္ေမ်ာျပစ္မယ္ ေနရတဲ့လူ႔ဘဝႀကီးကအဓိပၸါယ္မရွိဘူးမထင္ပါနဲ႔ ကံတရားက အလွည့္က် ေရာက္လာတတ္တာပါ ကိုယ့္ဘက္ကေတာ့ ႀကိဳးစား႐ုန္းကန္စည္းကမ္းရွိစြာေနထိုင္ရင္း ကံတရားေပးလာတဲ့အခါ မင္းဘဝကိုအေကာင္းဆုံးထူေထာင္ပါ ကံဆိုတာ အလုပ္ပါ အလုပ္လုပ္ရင္းကိုယ္ျပဳတဲ့ကံက ကိုယ့္အလုပ္ျဖစ္ေစတာပါ ကြၽန္ေတာ္တို႔ေတြ ႀကိဳးစားေနဖို႔ေတာ့လိုတာေပါ့ေနာ္ ေျပာခဲ့သလို ကံကမ်က္ႏွာသာမေပးရင္ေတာင္ ႀကိဳးစားေနသူအဖို႔ တစ္ေနရာစာ မခဲယဥ္းပါဘူးဆိုတဲ့စိတ္နဲ႔လုပ္ၾကည့္ပါ စိတ္ဓါတ္မက်ပါနဲ႔ မင္းအတြက္ တစ္ေနရာစာဆိုတာ ရွိေနမွာပါ (ကြၽန္ေတာ့္ဘဝျဖစ္တည္ခဲ့တာကို ျပန္မွ်ေဝတာပါလူငယ္ေတြကို ဘာျဖစ္ျဖစ္ စိတ္မညစ္နဲ႔ေနာက္ၿပီးရင္ ေကာင္းသြားမယ္ ok)” ဆိုၿပီး ေရးသား ေျပ ာျပထားတာပဲ ျဖစ္ပါတယ္ ။

Source and Photo Credit-Zay Ye Htet