နာရီ (၂၀၀) မျပည့္ခင္ မွာပဲ ပ်က္စီး ခဲ့တဲ့ ကြန္ကရစ္လမ္း ကို စည္ပင္ က ဘယ္လို ခင္းခဲ့သလဲ

နာရီ (၂၀၀) မျပည့္ခင္ မွာပဲ ပ်က္စီး ခဲ့တဲ့ ကြန္ကရစ္လမ္း ကို စည္ပင္ က ဘယ္လို ခင္းခဲ့သလဲ

ဖား ကန႔္ၿမိဳ႕ မရွီက ေထာင္ ကုန္းဆင္း CAT ႐ုံးနားက လမ္းဟာ ခင္းၿပီးတာ ရက္ပိုင္းပဲရွိပါေသးတယ္ ။ က်ေနာ့္အထင္ ငါးရက္ထက္ပိုမယ္မထင္ပါ ။အခုေတာ့ မိုးတရက္ႏွစ္ရက္႐ြာတာနဲ႔ ျမင္တဲ့မတိုင္းပါပဲ ။

ခင္းၿပီး တာ ရက္ပိုင္းပဲရွိေသးတဲ့လမ္းက ခ်က္ခ်င္းႀကီး ဒီလိုမရႈမလွ ပ်ပ္စီးသြားေတာ့ ျမင္ရသူအေပါင္းရင္ထဲမေကာင္းတာေတာ့အမွန္ပါပဲ ။

ေနာက္ တခုက မိုးဝက္ခါနီးမွ လမ္းေတြကိုဇြတ္ခက္းတဲ့ ကိစၥက ျပည္သူ တေယာက္အေနနဲ႔ နားမလည္ပါ ။အဲ့အခ်ိန္က်မွ အားလို႔လဲ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္ ။

၂၀၁၈ခုႏွစ္က ဖားျပင္႐ြာနဲ႔ဆိပ္မူေက်း႐ြာလမ္းဆိုရင္ မိုးဝင္ခါနီး ငါးလပိုင္းလေလာက္ မွ ကပ္ၿပီး လမ္းကိုစျပင္တယ္ ။ ၆,၇ပိုင္းမိုး႐ြာေတာ့ လမ္းကမရွိေတာ့ဘူး ။ဘတ္ဂ်တ္ကေတာ့ စာ႐ြက္ထဲမွာ မွတ္တမ္းက်န္ခဲ့တယ္ ။ေျမျပင္မွာေတာ့ လမ္းက မရွိေတာ့ဘူး ။

ဒီလိုျဖစ္ရပ္ေတြကို အဓိက တာဝန္ယူထားသူေတြ (နာမည္ ထုတ္မေျပာေတာ့ပါဘူး) က ေထာက္ မျပသင့္ဘူးလား ။ ျပည္သူေတြမွာ ထင္သလို အႏိုင္က်က့္ခံေနရသလို ျဖစ္ေနတယ္လို႔ ခံစားမိပါတယ္ ။

ဒီလမ္းအတြက္ ဘတ္ဂ်က္ေတြ မနည္းမေနာ သုံးထားတယ္ လို႔လည္း ရပ္မိရပ္ဖ တဦးဆီက သိရပါတယ္ ။ခုလို နာရီပိုင္းသာခံၿပီး အခ်ိန္တိုအတြင္း ပ်က္စီးသြားတာဟာ ဘာေတြေၾကာင့္ပါလဲ ။

နည္းပညာေၾကာင့္လား ၊ အသုံးျပဳတဲ့ပစၥည္းေတြက ကြာလတီမမွီ လို႔လား ။ ပညာရွင္ေတြ လိုတာလား ၊ တခုခုမွားယြင္းလို႔သာ အခုလိုျဖစ္ ရတာလို႔ ယူဆမိပါတယ္ ။ ၿမိဳ႕ေတာ္ သာယာလွပေရးအတြက္ ပါဝင္ေဆာင္႐ြက္ေနတဲ့ ဖားကန႔္ၿမိဳ႕ခံ စည္ပင္ေကာ္မတီလူႀကီးေတြ အေနနဲ႔လည္း ဒီကိစၥကို လက္ပိုက္ၾကည့္မေနသင့္ပါ ။ကိုယ့္ၿမိဳ႕ ကိုယ့္႐ြာ သာယာလွပေစခ်င္လြန္းလို႔ ၿမိဳ႕ကိုယ္စား တာဝန္ေပးထားတာပါ ။ ၿမိဳ႕လူထု ကို ပြင့္လင္းျမင္သာစြာ ခ်ျပသင့္ပါတယ္ ။

ဖားကန႔္စည္ပင္အေနနဲ႔လည္း ျပည္သူ႔ဘ႑ာ ေခြၽးနဲစာ ေငြေၾကးေတြ ကို အခုလို အလြယ္တကူျပဳန္းတီးပ်က္စီးမႈမရွိေအာင္ ဂ႐ုျပဳလုပ္ေဆာင္သင့္တယ္လို႔ျမင္ပါတယ္ ။

ေဇာ္မိုးထက္ ( ဖားကန႔္ )

unicode

နာရီ (၂၀၀) မပြည့်ခင် မှာပဲ ပျက်စီး ခဲ့တဲ့ ကွန်ကရစ်လမ်း ကို စည်ပင် က ဘယ်လို ခင်းခဲ့သလဲ

ဖား ကန့်မြို့ မရှီက ထောင် ကုန်းဆင်း CAT ရုံးနားက လမ်းဟာ ခင်းပြီးတာ ရက်ပိုင်းပဲရှိပါသေးတယ် ။ ကျနော့်အထင် ငါးရက်ထက်ပိုမယ်မထင်ပါ ။အခုတော့ မိုးတရက်နှစ်ရက်ရွာတာနဲ့ မြင်တဲ့မတိုင်းပါပဲ ။

ခင်းပြီး တာ ရက်ပိုင်းပဲရှိသေးတဲ့လမ်းက ချက်ချင်းကြီး ဒီလိုမရှုမလှ ပျပ်စီးသွားတော့ မြင်ရသူအပေါင်းရင်ထဲမကောင်းတာတော့အမှန်ပါပဲ ။

နောက် တခုက မိုးဝက်ခါနီးမှ လမ်းတွေကိုဇွတ်ခက်းတဲ့ ကိစ္စက ပြည်သူ တယောက်အနေနဲ့ နားမလည်ပါ ။အဲ့အချိန်ကျမှ အားလို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။

၂၀၁၈ခုနှစ်က ဖားပြင်ရွာနဲ့ဆိပ်မူကျေးရွာလမ်းဆိုရင် မိုးဝင်ခါနီး ငါးလပိုင်းလလောက် မှ ကပ်ပြီး လမ်းကိုစပြင်တယ် ။ ၆,၇ပိုင်းမိုးရွာတော့ လမ်းကမရှိတော့ဘူး ။ဘတ်ဂျတ်ကတော့ စာရွက်ထဲမှာ မှတ်တမ်းကျန်ခဲ့တယ် ။မြေပြင်မှာတော့ လမ်းက မရှိတော့ဘူး ။

ဒီလိုဖြစ်ရပ်တွေကို အဓိက တာဝန်ယူထားသူတွေ (နာမည် ထုတ်မပြောတော့ပါဘူး) က ထောက် မပြသင့်ဘူးလား ။ ပြည်သူတွေမှာ ထင်သလို အနိုင်ကျက့်ခံနေရသလို ဖြစ်နေတယ်လို့ ခံစားမိပါတယ် ။

ဒီလမ်းအတွက် ဘတ်ဂျက်တွေ မနည်းမနော သုံးထားတယ် လို့လည်း ရပ်မိရပ်ဖ တဦးဆီက သိရပါတယ် ။ခုလို နာရီပိုင်းသာခံပြီး အချိန်တိုအတွင်း ပျက်စီးသွားတာဟာ ဘာတွေကြောင့်ပါလဲ ။

နည်းပညာကြောင့်လား ၊ အသုံးပြုတဲ့ပစ္စည်းတွေက ကွာလတီမမှီ လို့လား ။ ပညာရှင်တွေ လိုတာလား ၊ တခုခုမှားယွင်းလို့သာ အခုလိုဖြစ် ရတာလို့ ယူဆမိပါတယ် ။ မြို့တော် သာယာလှပရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ ဖားကန့်မြို့ခံ စည်ပင်ကော်မတီလူကြီးတွေ အနေနဲ့လည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေသင့်ပါ ။ကိုယ့်မြို့ ကိုယ့်ရွာ သာယာလှပစေချင်လွန်းလို့ မြို့ကိုယ်စား တာဝန်ပေးထားတာပါ ။ မြို့လူထု ကို ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ် ။

ဖားကန့်စည်ပင်အနေနဲ့လည်း ပြည်သူ့ဘဏ္ဍာ ချွေးနဲစာ ငွေကြေးတွေ ကို အခုလို အလွယ်တကူပြုန်းတီးပျက်စီးမှုမရှိအောင် ဂရုပြုလုပ်ဆောင်သင့်တယ်လို့မြင်ပါတယ် ။

ဇော်မိုးထက် ( ဖားကန့် )

Add a Comment

Your email address will not be published. Required fields are marked *

four + eleven =