ကိုဗစ္ ဒုတိယလႈိင္းက ပိုဆိုးႏိုင္ လို႔ အတိုင္ပင္ခံ ပုဂၢိဳလ္ သတိေပး

ကိုဗစ္ ဒုတိယလႈိင္းက ပိုဆိုးႏိုင္ လို႔ အတိုင္ပင္ခံ ပုဂၢိဳလ္ သတိေပး

ကိုဗစ္-၁၉ ေရာဂါ ဒုတိယလႈိင္းဟာ ပထမလႈိင္း ထက္ ပိုဆိုးဖို႔မ်ားတဲ့အတြက္ လုံ႔လဝီရိယ မေလွ်ာ့စတမ္း က်န္းမာေရးဝန္ႀကီးဌာနကထုတ္ ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ကေန ထပ္မံတိုက္တြန္း လိုက္ပါတယ္။

“ထပ္မံၿပီးသတိေပးပါရ​ေစ၊ ဒုတိယ ကိုဗစ္-၁၉ လႈိင္းဟာ ပထမထက္ဆိုးဖို႔ရာ မ်ားတယ္လို႔ ေလ့လာထားသူေတြက သုံးသပ္ပါတယ္။ ကြၽန္မတို႔ ပထမလႈိင္းကို ေက်ာ္လႊားႏိုင္ခဲ့တာလည္း လြယ္လြယ္နဲ႔မဟုတ္ပါဘူး။ ေငြအင္အား၊ လူအင္အား၊ စိတ္ဓာတ္အင္အား၊ အင္အားအမ်ိဳးမ်ိဳး ရင္းႏွီးခဲ့ ရပါတယ္။

ဒီရင္းႏွီးမႈေတြ အေဟာသိကံ မျဖစ္ သြားဖို႔ ကြၽန္မတို႔ စိတ္အင္အားေတြ အဆက္မျပတ္ထုတ္ရပါဦးမယ္။ ရည္မွန္းခ်က္ ေအာင္ပန္းဆြတ္ခူးႏိုင္ဖို႔၊ ပင္ပန္းတယ္လို႔ ခံစားရေပမဲ့လည္း လုံ႔လဝီရိယ မေလွ်ာ့စတမ္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာပါ။”

ကိုဗစ္-၁၉ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ မျဖစ္ေအာင္ ကာကြယ္ တားဆီးဖို႔အတြက္ က်န္းမာေရးဌာနက ခ်မွတ္ထားတဲ့ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္းေတြကို သည္းမခံႏိုင္ေတာ့တဲ့ သူေတြကိုလည္း ေတြ႕ေနရတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

“ကြၽန္မတို႔ႏိုင္ငံမွာ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္းေတြ ၾကပ္ၾကပ္ မတ္မတ္ခ်ၿပီး ကိုဗစ္-၁၉ ကာကြယ္ေရး ေဆာင္႐ြက္ခဲ့တာ သုံးလတင္းတင္းေတာင္ မျပည့္ေသးပါဘူး၊ သည္းမခံႏိုင္ေတာ့တဲ့သူေတြကို ျမင္ေနရပါတယ္။ ဒီလိုအေျခအေနက ေၾကာက္သင့္လို႔ ေၾကာက္ရမဲ့ (ဝါ)၊ သတိကို လက္မလႊတ္ရမယ့္အခ်ိန္ပါ။ ကိုဗစ္-၁၉ စိန္ေခၚမႈႀကီးကို ေက်ာ္လႊားႏိုင္ၿပီ လို႔ တရားဝင္ေၾကညာခဲ့တဲ့ ႏိုင္ငံအခ်ိဳ႕မွာ ကိုဗစ္-၁၉ျပန္လည္ေတြ႕ေနရပါၿပီ။ ေၾကာက္စရာပါ” လို႔လည္း ေရးသားထားပါတယ္။

ဇြန္လ ၁၈ ရက္မနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံ မွာ ကိုဗစ္-၁၉ အတည္ျပဳလူနာေတြ ဆက္ေတြ႕ေနရဆဲ ျဖစ္ၿပီး အမ်ားစုက ျပည္ပကေန ျပန္ဝင္လာသူေတြထံက ကူးစက္ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ဒီကေန႔အထိ ျမန္မာႏိုင္ငံ တဝန္း ကိုဗစ္-၁၉ လူနာေပါင္း ၂၆၃ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေရာဂါပိုး ကင္းစင္လာသူ ၁၇၉ ဦးနဲ႔ အဲဒီထဲက ၁၆၂ ဦးကို ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ပါတယ္။

DVB TV News

unicode

ကိုဗစ် ဒုတိယလှိုင်းက ပိုဆိုးနိုင် လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် သတိပေး

ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဟာ ပထမလှိုင်း ထက် ပိုဆိုးဖို့များတဲ့အတွက် လုံ့လဝီရိယ မလျှော့စတမ်း ကျန်းမာရေးဝန်ကြီးဌာနကထုတ် ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထပ်မံတိုက်တွန်း လိုက်ပါတယ်။

“ထပ်မံပြီးသတိပေးပါရ​စေ၊ ဒုတိယ ကိုဗစ်-၁၉ လှိုင်းဟာ ပထမထက်ဆိုးဖို့ရာ များတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်။ ကျွန်မတို့ ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း လွယ်လွယ်နဲ့မဟုတ်ပါဘူး။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား၊ အင်အားအမျိုးမျိုး ရင်းနှီးခဲ့ ရပါတယ်။

ဒီရင်းနှီးမှုတွေ အဟောသိကံ မဖြစ် သွားဖို့ ကျွန်မတို့ စိတ်အင်အားတွေ အဆက်မပြတ်ထုတ်ရပါဦးမယ်။ ရည်မှန်းချက် အောင်ပန်းဆွတ်ခူးနိုင်ဖို့၊ ပင်ပန်းတယ်လို့ ခံစားရပေမဲ့လည်း လုံ့လဝီရိယ မလျှော့စတမ်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။”

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်အောင် ကာကွယ် တားဆီးဖို့အတွက် ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို သည်းမခံနိုင်တော့တဲ့ သူတွေကိုလည်း တွေ့နေရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ကြပ်ကြပ် မတ်မတ်ချပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ခဲ့တာ သုံးလတင်းတင်းတောင် မပြည့်သေးပါဘူး၊ သည်းမခံနိုင်တော့တဲ့သူတွေကို မြင်နေရပါတယ်။ ဒီလိုအခြေအနေက ကြောက်သင့်လို့ ကြောက်ရမဲ့ (ဝါ)၊ သတိကို လက်မလွှတ်ရမယ့်အချိန်ပါ။ ကိုဗစ်-၁၉ စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပြီ လို့ တရားဝင်ကြေညာခဲ့တဲ့ နိုင်ငံအချို့မှာ ကိုဗစ်-၁၉ပြန်လည်တွေ့နေရပါပြီ။ ကြောက်စရာပါ” လို့လည်း ရေးသားထားပါတယ်။

ဇွန်လ ၁၈ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ဆက်တွေ့နေရဆဲ ဖြစ်ပြီး အများစုက ပြည်ပကနေ ပြန်ဝင်လာသူတွေထံက ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီကနေ့အထိ မြန်မာနိုင်ငံ တဝန်း ကိုဗစ်-၁၉ လူနာပေါင်း ၂၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုး ကင်းစင်လာသူ ၁၇၉ ဦးနဲ့ အဲဒီထဲက ၁၆၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

DVB TV News

Add a Comment

Your email address will not be published. Required fields are marked *

two × 3 =