မြို့လည်ခေါင် လူကြား ထဲ ပိုက်ဆံ လာတောင်း ပြီး မပေး လို့ ဒေါသူ ပုန်ထဆဲဆို နေတဲ့ ဦးဇင်း နှစ်ပါး (ရုပ်/သံ)

မြို့လည်ခေါင် လူကြား ထဲ ပိုက်ဆံ လာတောင်း ပြီး မပေး လို့ ဒေါသူ ပုန်ထဆဲဆို နေတဲ့ ဦးဇင်း နှစ်ပါး (ရုပ်/သံ)












ဒါ ဗုဒ္ဓဘာသာနိုင်ငံတဲ့လား…။

Aung Myo Kyaw

unicode

မြို့လည်ေခါင် လူကြား ထဲ ပိုက်ဆံ လာတောင်း ပြီး မပေး လို့ ဒေါသူ ပုန်ထဆဲဆို နေတဲ့ ဦးဇင်း နှစ်ပါး (ရုပ်/သံ)

အောက်ဆုံးတွင် ဗီဒီယို ဖိုင် တင်ပေး ထားပါတယ်

မြို့လည်ေ ခါင် လူကြား ထဲ ပိုက်ဆံ လာ တောင်းပြီး မပေး လို့ ဒေါသူပုန် ထ ဆဲ ဆိုနေ တဲ့ ဦးဇင်းနှစ်ပါး (ရုပ်သံ)

တာ ဝန်ရှိသူတွေကို မေးချင်တာတွေ အများ ကြီး

ဗုဒ္ဓဘာသာ နိုင်ငံဆိုပြီး အခွင့်ကောင်းယူ ဒီလို သက်န်းဝတ်ထားရုံနဲ့ လူသူကြားထဲ ပေါ်တင်ကြီး မိုက်ရိုင်းစော်ကား ဗိုလ်ကျအနိုင်ကျင့်တာမျိုး လုပ်လို့ရလား

ဒီနေ့ကြုံခဲ့ရတဲ့ အဖြစ်တခုကို ပြောပြချင်တယ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး သွေးဌာနအဆောင်ရှေ့ လူသွားလမ်းဘေး ခဏထိုင်ပြီး ကိုယ့်အပူနဲ့ကိုယ် အရေးတကြီးကိစ္စ ဖုန်းပြောနေချိန်

အနောက်ဘက်က အသံကြားလို့ လှည့်ကြည့် မိတယ် ဦးဇင်းနှစ်ပါး မှော်ဘီပြန်မှာ ဖိနပ်ပြတ်လို့ ဖိနပ်ဖိုးပေးပါတဲ့ ကိုယ့်အပူနဲ့ကိုယ်မို့ လက်လေးထောင်ပြ ခေါင်းလေးညှိတ်ပြပြီး ဖုန်းဆက်ပြောနေလိုက်တယ်

အဲ့ဒါကို မင်းအခုထစမ်း ဗုဒ္ဓဘာသာမဟုတ် ဘူးလား သက်န်းကိုမြင်လား ဘုန်းကြီးတွေကို ဒီလိုဆက်ဆံလို့ရလား ဒီစောက်ချိုးမျိုး လာမလုပ်နဲ့ ဒါဗုဒ္ဓဘာသာနိုင်ငံ သေသွားချင်လား ဘာညာတွေနဲ့ ဒေါသူပုန်ထနေကြတယ်

ပြသနာဖြစ်မှာစိုးလို့ ပြန်မပြောပဲ မသိဟန် ဆောင်ပြီး ဖုန်းဆက်ပြောနေလိုက်တယ် အဲ့ချိန် မျက်မှန်နဲ့တစ်ပါးက မအေ-ိုး မင်းကိုပြောနေတာ မထီမဲ့မြင် လုပ်နေတယ် အသေဆိုးနဲ့ သေချင်နေတာလားဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့လုပ်တယ်

ဒေါသ အရမ်းထွက်သွာတယ် ကိုယ့်နားကိုယ့် မျက်စိတောင် မယုံနိုင်ဘူး ဒါနဲ့ဖုန်းပြောရပ် Vdo record လုပ်ပြီး ထရင်ဆိုင်လိုက်တော့ အဲ့မျက်မှန်နဲ့တစ်ပါးက အနားကပ်လာပြီး ရင်ဘက်လာတွန်းသေးတယ် Vdo record လုပ်ထားတာ သိသွားမှ ရှောင်ထွက်သွားကြတယ်

ဒီအဖြစ်အပျက်တွေကို အဲ့နားကလူတွေ အကုန်တွေ့ကြတယ် နောက်ပြီး သူတို့နဲ့တုမဖြစ်ဖို့ တားကြတယ် ဒီလိုပဲ ဒီနားမှာ လုပ်စားနေကျတဲ့ အဖွဲ့လိုက်ကြီးရှိတယ် ကြောက်လို့ မပြောရဲကဘူးတဲ့ဗျာ လွယ်အိတ်ထဲလည်း ဓားတွေ ​ဆောင်ထားတတ်ကြတယ်တဲ့

ပြောချင်တာက မြို့လယ်ခေါင် ဒီလို လုပ်စားနေကြ လုပ်စားရဲနေကြတာ ဘာကြောင့်လဲ ဘယ်သူ့မှာတာဝန်ရှိလဲ သက်န်းဝတ်ထားရုံနဲ့ လုပ်ချင်ရာလုပ်ခွင့် ရနေကြရောတဲ့လား

ဒါ ဗုဒၶဘာသာႏိုင္ငံတဲ့လား…။

Aung Myo Kyaw

Add a Comment

Your email address will not be published. Required fields are marked *

10 + 6 =