တ႐ုတ္-အိႏၵိယ နယ္စပ္ ရန္ပြဲ မွ တ႐ုတ္ စစ္သည္မ်ား အသုံးျပဳသည့္ လက္နက္ ပုံမ်ား ထြက္ေပၚလာ…

တ႐ုတ္-အိႏၵိယ နယ္စပ္ ရန္ပြဲ မွ တ႐ုတ္ စစ္သည္မ်ား အသုံးျပဳသည့္ လက္နက္ ပုံမ်ား ထြက္ေပၚလာ…

အနည္းဆုံး အိႏၵိယ စစ္သည္ ၂၀ က်ဆုံးခဲ့တဲ့ ဟိမဝႏၲာနယ္စပ္တိုက္ပြဲမွာ တ႐ုတ္တပ္ဖြဲ႕ေတြ အသုံးျပဳခဲ့တယ္ဆိုတဲ့ လက္နက္ေတြရဲ႕ ဓာတ္ပုံထြက္ေပၚလာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့တနလၤာေန႔က ဂယ္ဝမ္ေတာင္ၾကားတိုက္ပြဲမွာ ေသနတ္တစ္ခ်က္မွ မပစ္ခဲ့ဘဲ အိႏၵိယစစ္သည္ ၂၀ က်ဆုံးခဲ့တယ္ဆိုတဲ့ သတင္း ေၾကာင့္ တ႐ုတ္တပ္ဖြဲ႕ေတြက ဘယ္လိုလက္နက္မ်ိဳး အသုံးျပဳခဲ့တာလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ထြက္ေပၚလာတဲ့ ဓာတ္ပုံအရ တ႐ုတ္ တပ္ဖြဲ႕က သံေခ်ာင္းေတြ ႐ိုက္သြင္းထားတဲ့ သံတုတ္ေတြကို လက္နက္အျဖစ္ အသုံးျပဳခဲ့တာ ေတြ႕ရပါတယ္။ အိႏၵိယ-တ႐ုတ္နယ္စပ္မွာ တာဝန္က်တဲ့ အိႏၵိယစစ္တပ္ရဲ႕ ထိပ္တန္းအရာရွိတစ္ေယာက္က ဒီဓာတ္ပုံကို ဘီဘီစီသတင္းဌာနထံ ေပးအပ္ခဲ့တာပါ။

ဟိမဝႏၲာေတာင္တန္းေဒသ မွာ တ႐ုတ္-အိႏၵိယ နယ္စပ္သတ္မွတ္မ်ဥ္းက တိက်ေရရာမႈ အားနည္းၿပီး ပထဝီမ်က္ႏွာျပင္ ေျပာင္းလဲမႈအလိုက္ ေ႐ြ႕လ်ားေျပာင္းလဲႏိုင္ပါတယ္။ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံ ၂ ႏိုင္ငံလုံးကေတာ့ နယ္စပ္က်ဴးေက်ာ္ဝင္ေရာက္တယ္လို႔ အျပန္အလွန္စြပ္စြဲထားၾက ပါတယ္။ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ အျငင္းပြားဖြယ္ နယ္စပ္ေဒသမွာ တင္းမာမႈေလွ်ာ့ခ်ဖို႔အတြက္ ၁၉၉၆ ခုႏွစ္က သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး အဲဒီစာခ်ဳပ္မွာ ႏွစ္ႏိုင္ငံတပ္ဖြဲ႕ၾကား ေသနတ္ေတြ၊ ေဖာက္ခြဲေရးပစၥည္းေတြ အသုံးမျပဳဖို႔ တားျမစ္ထားပါတယ္။ အဲဒီ အတြက္ ဂယ္ဝမ္ေတာင္ၾကားတိုက္ပြဲမွာ ေသနတ္အသုံးမျပဳခဲ့ၾကတာပါ။

အိႏၵိယနဲ႔ တ႐ုတ္စစ္သည္ေတြ ဟာ အျမင့္ေပ ၁၄၀၀၀ မွာရွိတဲ့ ေက်ာက္ေဆာင္ေတြေပၚမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေရခဲမွတ္ေအာက္ အပူခ်ိန္မွာ ေရစီးသန္လြန္းတဲ့ ဂယ္ဝမ္ျမစ္ထဲ ျပဳတ္က်ခဲ့တဲ့ စစ္သည္တခ်ိဳ႕ရွိတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ ဂယ္ဝမ္ေတာင္ၾကားတိုက္ပြဲမွာ တ႐ုတ္ တပ္ဖြဲ႕ဝင္ ဘယ္ေလာက္က်ဆုံးခဲ့လဲဆိုတာကို တ႐ုတ္ႏိုင္ငံက ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရေတာ့ တ႐ုတ္စစ္သည္ ၄၀ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

အိႏၵိယ သတင္းစာမ်ား အဆိုအရ တပ္မ်ား ႐ုပ္သိမ္းေရး အတြက္ ေဆြးေႏြးေနစဥ္အတြင္း ထိုးႀကိတ္႐ိုက္ႏွက္မႈမ်ား ျဖစ္ခဲ့ျခင္း ဟု သိရသည္။ ရန္ပြဲအတြင္း အိႏၵိယ စစ္သားမ်ား ေတာင္ေစာင္းအတိုင္း ဒလိမ့္ေခါက္ေခြး ေလ်ာက်သြားခဲ့ရသည္ဟု ဆိုသည္။ တ႐ုတ္ဖက္မွ သံတုတ္မ်ား၊ သံဆူးမ်ား တပ္ထားေသာ သစ္သား တုတ္မ်ား ဆြဲထုတ္လာကာ ႐ိုက္ႏွက္ခဲ့ၾကၿပီး ေက်ာက္ခဲမ်ားႏွင့္ပါ ပစ္ေပါက္ ခဲ့ၾကသည္ဟု အိႏၵိယ ကာကြယ္ေရး ဆိုင္ရာ သုေတသီ နီတင္ ဂိုလ္ေဟးက ေျပာျပခဲ့သည္။ “အိႏၵိယ တပ္မ်ား လည္း အလားတူ လက္နက္ မ်ားျဖင့္ တုန႔္ျပန္ တိုက္ခိုက္ခဲ့သည္” ဟု ဆိုေသာ္ လည္း ႏွစ္ဆယ္ေလးနာရီ အၾကာတြင္ အိႏၵိယ ဗိုလ္မႉး တဦး ႏွင့္ ကက္ပတိန္ တဦးအား တ႐ုတ္တို႔ မွ ဖမ္းခ်ဳပ္ထားဆဲ ျဖစ္ေၾကာင္း သတင္းထြက္ေပၚလာခဲ့သည္။

တ႐ုတ္ အစိုးရမွာ ၎တို႔ လုပ္ရပ္ အတြက္ ေနာင္တရပုံ မေပၚပဲ အိႏၵိယ အစိုးရသည္ အေစာပိုင္း သေဘာ တူညီခ်က္မ်ားကို ခ်ိဳးေဖာက္ကာ နယ္ျခားမ်ဥ္းကို ႏွစ္ႀကိမ္တိုင္ တရားမဝင္ ျဖတ္ေက်ာ္ၿပီး တ႐ုတ္ အမႈထမ္းမ်ားကို ရန္စတိုက္ခိုက္ခဲ့ၾကျခင္း ျဖစ္သည္ဟု ေျပာလာခဲ့ၾကသည္။ တ႐ုတ္ ဂလို ဘယ္တိုင္းမ္ သတင္းစာ အယ္ဒီတာ ဟုရွီဂ်င္မွ သူ၏ တြစ္တာ ပို႔စ္တြင္ တ႐ုတ္ဖက္မွ ထိခိုက္ က်ဆုံးမႈမ်ား ရွိခဲ့သည္ဟု ဝန္ခံေရးသားထားခဲ့သည္။

unicode

တရုတ်-အိန္ဒိယ နယ်စပ် ရန်ပွဲ မှ တရုတ် စစ်သည်များ အသုံးပြုသည့် လက်နက် ပုံများ ထွက်ပေါ်လာ…

အနည်းဆုံး အိန္ဒိယ စစ်သည် ၂၀ ကျဆုံးခဲ့တဲ့ ဟိမဝန္တာနယ်စပ်တိုက်ပွဲမှာ တရုတ်တပ်ဖွဲ့တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ လက်နက်တွေရဲ့ ဓာတ်ပုံထွက်ပေါ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့က ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ သေနတ်တစ်ချက်မှ မပစ်ခဲ့ဘဲ အိန္ဒိယစစ်သည် ၂၀ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်း ကြောင့် တရုတ်တပ်ဖွဲ့တွေက ဘယ်လိုလက်နက်မျိုး အသုံးပြုခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ တရုတ် တပ်ဖွဲ့က သံချောင်းတွေ ရိုက်သွင်းထားတဲ့ သံတုတ်တွေကို လက်နက်အဖြစ် အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ-တရုတ်နယ်စပ်မှာ တာဝန်ကျတဲ့ အိန္ဒိယစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က ဒီဓာတ်ပုံကို ဘီဘီစီသတင်းဌာနထံ ပေးအပ်ခဲ့တာပါ။

ဟိမဝန္တာတောင်တန်းဒေသ မှာ တရုတ်-အိန္ဒိယ နယ်စပ်သတ်မှတ်မျဉ်းက တိကျရေရာမှု အားနည်းပြီး ပထဝီမျက်နှာပြင် ပြောင်းလဲမှုအလိုက် ရွေ့လျားပြောင်းလဲနိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံ ၂ နိုင်ငံလုံးကတော့ နယ်စပ်ကျူးကျော်ဝင်ရောက်တယ်လို့ အပြန်အလှန်စွပ်စွဲထားကြ ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ အငြင်းပွားဖွယ် နယ်စပ်ဒေသမှာ တင်းမာမှုလျှော့ချဖို့အတွက် ၁၉၉၆ ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့ကြား သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ အဲဒီ အတွက် ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ သေနတ်အသုံးမပြုခဲ့ကြတာပါ။

အိန္ဒိယနဲ့ တရုတ်စစ်သည်တွေ ဟာ အမြင့်ပေ ၁၄၀၀၀ မှာရှိတဲ့ ကျောက်ဆောင်တွေပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေခဲမှတ်အောက် အပူချိန်မှာ ရေစီးသန်လွန်းတဲ့ ဂယ်ဝမ်မြစ်ထဲ ပြုတ်ကျခဲ့တဲ့ စစ်သည်တချို့ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ တရုတ် တပ်ဖွဲ့ဝင် ဘယ်လောက်ကျဆုံးခဲ့လဲဆိုတာကို တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ တရုတ်စစ်သည် ၄၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ သတင်းစာများ အဆိုအရ တပ်များ ရုပ်သိမ်းရေး အတွက် ဆွေးနွေးနေစဉ်အတွင်း ထိုးကြိတ်ရိုက်နှက်မှုများ ဖြစ်ခဲ့ခြင်း ဟု သိရသည်။ ရန်ပွဲအတွင်း အိန္ဒိယ စစ်သားများ တောင်စောင်းအတိုင်း ဒလိမ့်ခေါက်ခွေး လျောကျသွားခဲ့ရသည်ဟု ဆိုသည်။ တရုတ်ဖက်မှ သံတုတ်များ၊ သံဆူးများ တပ်ထားသော သစ်သား တုတ်များ ဆွဲထုတ်လာကာ ရိုက်နှက်ခဲ့ကြပြီး ကျောက်ခဲများနှင့်ပါ ပစ်ပေါက် ခဲ့ကြသည်ဟု အိန္ဒိယ ကာကွယ်ရေး ဆိုင်ရာ သုတေသီ နီတင် ဂိုလ်ဟေးက ပြောပြခဲ့သည်။ “အိန္ဒိယ တပ်များ လည်း အလားတူ လက်နက် များဖြင့် တုန့်ပြန် တိုက်ခိုက်ခဲ့သည်” ဟု ဆိုသော် လည်း နှစ်ဆယ်လေးနာရီ အကြာတွင် အိန္ဒိယ ဗိုလ်မှူး တဦး နှင့် ကက်ပတိန် တဦးအား တရုတ်တို့ မှ ဖမ်းချုပ်ထားဆဲ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

တရုတ် အစိုးရမှာ ၎င်းတို့ လုပ်ရပ် အတွက် နောင်တရပုံ မပေါ်ပဲ အိန္ဒိယ အစိုးရသည် အစောပိုင်း သဘော တူညီချက်များကို ချိုးဖောက်ကာ နယ်ခြားမျဉ်းကို နှစ်ကြိမ်တိုင် တရားမဝင် ဖြတ်ကျော်ပြီး တရုတ် အမှုထမ်းများကို ရန်စတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။ တရုတ် ဂလို ဘယ်တိုင်းမ် သတင်းစာ အယ်ဒီတာ ဟုရှီဂျင်မှ သူ၏ တွစ်တာ ပို့စ်တွင် တရုတ်ဖက်မှ ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်ဟု ဝန်ခံရေးသားထားခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *

nine − four =