အသက္ေတြ ထက္ ပိုက္ဆံက ပိုအေရးႀကီးေနတာလား ထရန႔္ ကို႐ိုနာ ကူးစက္သူတိုးလာေသာ္လည္း လုပ္ငန္းမ်ား မပိတ္ ဟု အေမရိကန္ သမၼတေျပာ

အသက္ေတြ ထက္ ပိုက္ဆံက ပိုအေရးႀကီးေနတာလား ထရန႔္ ကို႐ိုနာ ကူးစက္သူတိုးလာေသာ္လည္း လုပ္ငန္းမ်ား မပိတ္ ဟု အေမရိကန္ သမၼတေျပာ

ကို႐ိုနာကူးစက္သူ တိုးလာေသာ္လည္း လုပ္ငန္းမ်ား မပိတ္ဟု အေမရိကန္ သမၼတေျပာ

ေမရိကန္ႏိုင္ငံက ျပည္နယ္ အေတာ္မ်ားမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအသစ္ေတြ တိုးလာေနေပမယ့္ လုပ္ငန္းေတြကို ထပ္ပိတ္မွာမဟုတ္ဘူးလို႔ သမၼတ ေဒၚနယ္ထရမ့္ က ဇြန္ ၁၇ ရက္မွာ ေျပာဆိုလိုက္ပါတယ္။

Fox သတင္း႐ုပ္သံလိုင္းရဲ႕ “Hannity” အင္တာဗ်ဴး မွာ သမၼတ ထရမ့္က အဲဒီလို ေျပာဆိုခဲ့တာပါ။

အိမ္ျဖဴေတာ္ စီးပြားေရးအႀကံေပး လယ္ရီကတ္လိုး နဲ႔ ဘ႑ာေရးဝန္ႀကီး စတီဗင္မ်ဴခ်င္တို႔ ႏွစ္ဦးစလုံးက အေမရိကန္မွာလုပ္ငန္းေတြကို ထပ္ပိတ္မွာ မဟုတ္ဘူး လို႔ ေျပာဆိုၿပီးေနာက္မွာ အခု လို သမၼတ ထရမ့္ရဲ႕ မွတ္ခ်က္ ေပၚထြက္လာတာပါ။

ဒါ့အျပင္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးေဟာင္း ဂြၽန္ေဘာ္လ္တန္ ေရးသားတဲ့ စာအုပ္နဲ႔ ပတ္သက္လို႔ ထရမ့္က ေဘာ္လ္တန္ဟာ ဥပေဒကို ခ်ိဳးေဖာက္ၿပီး စာအုပ္ထဲမွာ အထူး လွ်ိဳ႕ဝွက္ အေၾကာင္းအရာေတြကို ထည့္သြင္းေရးသားခဲ့တယ္လို႔ ေျပာဆိုပါတယ္။

ဇြန္ ၁၆ ရက္က အေမရိကန္ အစိုးရဟာ အမ်ိဳးသား လုံၿခဳံေရးအႀကံေပးေဟာင္း ေဘာ္လ္တန္ကို တရားစြဲဆိုခဲ့ၿပီး အမ်ိဳးသားလုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ စာအုပ္ ထုတ္ေဝေရးကို တားဆီးဖို႔ ႀကိဳးပမ္းေနတယ္လို႔ ႐ိုက္တာက ဆိုပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ………dvb

unicode

အသက်တွေ ထက် ပိုက်ဆံက ပိုအရေးကြီးနေတာလား ထရန့် ကိုရိုနာ ကူးစက်သူတိုးလာသော်လည်း လုပ်ငန်းများ မပိတ် ဟု အမေရိကန် သမ္မတပြော

ကိုရိုနာကူးစက်သူ တိုးလာသော်လည်း လုပ်ငန်းများ မပိတ်ဟု အမေရိကန် သမ္မတပြော

မေရိကန်နိုင်ငံက ပြည်နယ် အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ်တွေ တိုးလာနေပေမယ့် လုပ်ငန်းတွေကို ထပ်ပိတ်မှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့် က ဇွန် ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။

Fox သတင်းရုပ်သံလိုင်းရဲ့ “Hannity” အင်တာဗျူး မှာ သမ္မတ ထရမ့်က အဲဒီလို ပြောဆိုခဲ့တာပါ။

အိမ်ဖြူတော် စီးပွားရေးအကြံပေး လယ်ရီကတ်လိုး နဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မျူချင်တို့ နှစ်ဦးစလုံးက အမေရိကန်မှာလုပ်ငန်းတွေကို ထပ်ပိတ်မှာ မဟုတ်ဘူး လို့ ပြောဆိုပြီးနောက်မှာ အခု လို သမ္မတ ထရမ့်ရဲ့ မှတ်ချက် ပေါ်ထွက်လာတာပါ။

ဒါ့အပြင် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန် ရေးသားတဲ့ စာအုပ်နဲ့ ပတ်သက်လို့ ထရမ့်က ဘော်လ်တန်ဟာ ဥပဒေကို ချိုးဖောက်ပြီး စာအုပ်ထဲမှာ အထူး လျှို့ဝှက် အကြောင်းအရာတွေကို ထည့်သွင်းရေးသားခဲ့တယ်လို့ ပြောဆိုပါတယ်။

ဇွန် ၁၆ ရက်က အမေရိကန် အစိုးရဟာ အမျိုးသား လုံခြုံရေးအကြံပေးဟောင်း ဘော်လ်တန်ကို တရားစွဲဆိုခဲ့ပြီး အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ စာအုပ် ထုတ်ဝေရေးကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာက ဆိုပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ………dvb

Add a Comment

Your email address will not be published.

twelve − eleven =