တရုတ်ပြည် ရဲ့ အကြွေး ထောင်ချောက်စွန်း က မြန်မာပြည်ကြီး ရဲ့ အခြေအေန နဲ့ သတိကြီးကြီး ထားရတော့မယ် တရုတ်ကြီး ရဲ့ စီမံကိန်းများ

တရုတ်ပြည် ရဲ့ အကြွေး ထောင်ချောက်စွန်း က မြန်မာပြည်ကြီး ရဲ့ အခြေအေန နဲ့ သတိကြီးကြီး ထားရတော့မယ် တရုတ်ကြီး ရဲ့ စီမံကိန်းများ

မြန် မာပြည် ရဲ့ လက်ရှိ အကြွေးစာရင်းဟာ ဒေါ်လာ ၁၀ ဘီလီယန်လောက်ရှိေ နပါတယ် အဲ့ဒီ အထဲက ၄ ဘီလီယန် က တရုပ် ကို ဆပ်ရ ပါမယ် နေပြည်တော် မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ စာရင်းစစ်ချုပ် ဦးမော်သန်း က ထုတ်ပြော လို က် ပါတယ် ဒီအခြေအနေ ဟာ မြန်မာ ကို သီရီလင်္ကာနဲ့ အာဖရိကန်နိုင်ငံတွေ လို တရုပ် ရဲ့ အကြွေးထောင်ချောက်ထဲ မိစေနိုင်တယ် လို့ ပြောလိုက် ပါတယ် စာရင်းစစ်ချုပ်ဟာ တရုပ်ချေးငွေတွေ အပေါ်မှီခိုလွန်းတဲ့ ကိစ္စ အတွက် အစိုးရအဖွဲ့ဝင်တွေ ကို သတိထားကြဖို့ ပြောရင်း BRI ပရောဂျက် ရဲ့ အတိုးနှုန်းတွေဟာအရမ်းမြင့်မား နေတယ် လို့ထည့်ပြောပါတယ်

ကမ္ဘာ့ ဘဏ် တို့ အိုင်အမ်အက်ဖ် တို့ က အတိုးနှုနိးတွေ နဲ့ ယှဉ်ရင် ကွာဟချက်ဟာကြီးမားလွန်းနေ တယ် ဒါ့ကြောင့် ဝန်ကြီးဌာနတွေ အဖွဲ့အစည်း တွေဟာ တရုပ်ချေးငွေတွေနဲ့ပတ်သက်ရင် ထိန်းထိန်း မ်းသိမ်းလုပ်ဖို့ သတိပေး လိုတယ် လို့ ပြောလိုက်ပါတယ် မြန်မာနိုင်ငံဟာ တရုပ်ကို တစ်နှစ် မှာ ဒေါ်လာသန်း ၅၀၀ ကျော် အတိုးရောအရင်းပါဆပ်နေရပါတယ် လေ့လာ သူတွေထောက်ပြတာကတော့ တရုပ် ရဲ့ ခါးပါတ်လမ်းကြောင်း BRI မှာမြန်မာသာဝင်ပါမယ်ဆိုရင် ဒီလိုကြီးမားတဲ့စီမံကိန်းကြီးအတွက် ချေးငွေတွေ ထပ်တိုးလာမှာ သေချာ ပါတယ် တဲ့

၂၀၂၀ ဇန်နဝါရီလတုန်းက တရုပ်သမ္မတမြန်မာပြည် ကို လာတုန်း မှာ အတိုင်ပင်ခံ နဲ့ သဘောတူညီချက်တွေ စာတွေ နဲ့ BRI ခေါင်းစဉ်အောက်က လုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရထားလမ်းကိစ္စတွေ အပါအဝင် သဘောတူညီချက် ၃၃ ခုပြုလုပ် ခဲ့ပါတယ် အဲ့ဒိခရီးစဉ် မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် NYDC ခေါ်တဲ့ ရန်ကုန်မြို့တော်သစ် စီမံကိန်း ရွှေလီမူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စတာတွေ ကိုထည့်ပြီး သဘောတူထားခဲ့ကြ ပါတယ် တရုပ်ချေးငွေတိုင်း ရဲ့အတိုးတွေဟာ မြင့်မား ပါတယ် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် အသေအချာ စီစစ်မှဖြစ် လိမ့်မယ် လို့ပြောကြ ပါတယ်

မြန်မာ့ မီးရထားကတော့ မူဆယ် မန္တလေး ရထားလမ်းဖောက်ဖို့ရာမှာ ဆွစ်ဇာလန် နိုင်ငံက ကုမ္ပဏီ တစ်ခုကို အကြိုစစ်ဆေးရေး တာဝန်ပေးထား ပါတယ်လို့သိရပါတယ် ဒီရထားလမ်း ဟာ ဒေါ်လာ ၈.၉ ဘီလီယန် ကုန်ကျမယ့် လုပ်ငန်းဖြစ် ပါလိမ့်မယ် ဒီလုပ်ငန်းကတော့ ၂၀၁၁ ကထဲ က လက်မှတ် ထိုးထား တဲ့စီမံကိန်းပါပဲ အချိန်တွေ ရွှေ့ရင်း နဲ့ ၂၀၁၈ မှာသဘောတူညီချက်ပြန် လက်မှတ်ထိုးခဲ့ရပါတယ်

ဒေသခံတွေက ကန့်ကွက်ထား တဲ့ ပရောဂျက်ပါ ဒါကြောင့် အစမပြုရပဲကြာနေတာပါ ရထားလမ်းဟာ ၄၃၁ ကီလိုမီတာ အရှည်ရှိပြီး မူဆယ် မန္တလေး ကို ၃နာရီပဲကြာမယ့် လမ်းဖြစ်လာ ပါမယ် လို့ဆိုပါတယ် တနာရီ ကို ၁၆၀ ကီလိုမီတာ လောက်မောင်းနိုင်မယ့် ရထားလမ်းပါ ခုထိလည်း မစနိုင်သေးပါဘူး ပြည်တွင်းစီးပွားရေး ပညာရှင်တွေကတော့ အစိုးရအနေ နဲ့ ကပ်ရောဂါကို အကြောင်းပြုပြီး တရုပ်ဆီကငွေချေး ယူမယ့်ကိစ္စတွေ ကို ဖျက်သိမ်း လိုက်ဖို့ကောင်းတယ် လို့ အကြံပေးကြပါတယ် တရုပ်မြန်မာစီးပွားရေး စင်္ကြန်ခေါ်တဲ့ CMEC နားလည်မှုစာချွန်လွှာ ကို ၂၀၁၈မှာ လက်မှတ်ထိုးထား ပါတယ်

ကီလိုမီတာ ၁၇၀၀ ရှိတဲ့ စင်္ကြန် ဟာ ကူမင်း ကနေ မန္တလေး ကနေ ရန်ကုန် အထိ တလမ်း အနောက်ဖက်မှာ မန္တလေးကနေကျောက်ဖြူအထူး စီးပွားရေးဇုန်အထိ တလမ်း ဖြစ်ပါတယ် ဒီပရောဂျက်ဟာ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်ကြီးကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖော်ပေး တဲ့ သူ့စီးပွားရေး နဲ့ လမ်းပန်း ကောင်းစေရေး အတွက်ဆိုတာမြင်သာနေပါတယ် မလက္ကာရေလက်ကြားကိုမဖြတ်ရတော့ဘဲ တရုပ်ပြည် ယူနန်ကနေ ပင်လယ်ထွက်ပေါက် အသစ်ဖန်တီးပေးတဲ့ လုပ်ငန်းပါပဲ ရန်ကုန်မြို့သစ်စီမံကိန်း ဟာလည်း ၂၀၁၈မှာ လက်မှတ်ထိုးထား ခဲ့ပါတယ်

မြို့တော် အသစ်ဟာပြီးသွားရင် စင်္ကာပူနိုင်ငံ ထက်နှစ်ဆပိုကြီးမယ့်မြို့ဖြစ်လာ မှာပါ အဲ့ဒိပရောဂျက်ကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီဟာ အခြားနိုင်ငံတွေ မှာ နာမည်ပျက် ရှိထားခဲ့တဲ့ ကုမ္ပဏီဖြစ်နေပါတယ်လို့ သိထားရပါတယ် ပြီးတော့ ရန်ကုန် အစိုးရဟာ လုပ်ပုံကိုင်ပုံတွေ မှားယွင်းနေတယ် ဆိုပြီးတော့ လည်း စွပ်စွဲခံထားရတဲ့ စီမံကိန်းဖြစ်နေခဲ့ ပါတယ် တရုပ်နဲ့ တခြားသဘောတူထားတဲ့ လုပ်ငန်းတွေက ရှမ်း နဲ့ ကချင်နယ်မြေထဲက နယ်စပ်စီးပွားရေးဇုန်ပူးတွဲ ဆောင်ရွက်မယ့် လုပ်ငန်းတွေပါပဲ မူဆယ်စီးပွားရေးဇုန် ကန်ပိုက်တီးဇုန် ချင်းရွှေဟော် ဇုန်တို့ဖြစ်ပြီး NLD တက်လာပြီး မကြာခင် ၂၀၁၇မှာသဘောတူလက်မှတ်ထိုးထားတဲ့လုပ်ငန်းတွေပါ xxxxx တစ်ခါပြန်ကြည့်ရင် တရုပ်ဟာ သူ့ရဲ့ရှေ့ဆက်မယ့် ပရောဂျက်တွေနေရာတွေတိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရှိနေစေတာကို မြင်ရပါလိမ့်မယ် သူ့ပရောဂျက်နေရာတိုင်းပြန်ကြည့် တစ်ဖွဲ့ မဟုတ်တစ်ဖွဲ့ ရှိပြီးသားပဲ

မြဝတီ ရွှေကုက္ကိုမှာတောင် BGF DKBA စတာတွေကို ဝင်ထားပြီ ဆိုရပါမယ် ပြည်တွင်းငြိမ်းချမ်းရေးရမှ စီးပွားတိုးတက်မှာပါ ငြိမ်းချမ်းဖို့ ကလက်မှတ်ထိုးရပါမယ် တရုပ်က ထိုးဆိုရင်ထိုးကြပါလိမ့်မယ် ဒီပရောဂျက်တွေ စမယ်လို့ သဘောတူရင် မြောက်တွေနဲ့အေအေ ကို ငြိမ်ဆေးပေးမယ် သူတို့ လက်မှတ်ထိုးလိမ့်မယ် စဖို့သာ ခွင့်ပြုလိုက် ငွေသာချေးလိုက် ငြိမ်းချမ်းစေရမယ်လို့ပြောလိမ့်မယ် သူကတပ်ကို ဆက်ဆံရေးကောင်းပြီးသား လက်မှတ်ထိုးပြီးတာနဲ့ တစ်ပြိုင်နက်အလုပ်စမယ် ချေးငွေ စတင်ပိတာပေါ့

အဲ့ဒိအချိန် မှာ လက်နက်ကိုင်တွေဟာ nca မကလို့ဘာထိုးထိုး ပြီးပြီး ပြန်ချကြလိမ့်မယ် ဒီလိုအားဖြင့် ဒေသကို ပရိုစီနဲ့စိုးမိုးထားမှာပဲ အခုငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့အလားအလာရှိတယ်ဘာညာကြားလာရတယ်မို့လား တရုပ်က ရီမုတ်နဲ့ခလုပ်နှိပ်နေတာသာမှတ် ဒါကို မြင်သာ ပါတယ် အပြောအဆိုတွေ ကို ကြားတာ နဲ့ သိနိုင်ပါတယ် သူတို့ BRI အပါအဝင် လုပ်ငန်း စချင်နေပြီ ဒီဖက်က မလှုပ်သေးလို့ပါပဲ

တမြန်နေ့က အိန္ဒိယမီဒီယာ မှာ (cis news network ) တရုပ် ရဲ့ BRI ကိုမြန်မာကငြင်းထားပြီ လုပ်ငန်းတွေလည်း ရပ်ထားပြီလို့ လွှင့်တာတွေ့ရတယ် မြန်မာ အစိုးရကလည်း ပြန်ကိုင်ထားလိုက်ပြီ ထင်ပါတယ် တရုပ် ဘာလုပ်မလည်း အေအေ အကြောင်း ဖိအားပေးစကားသံတွေ တစ်နေရာက ထွက်လာမယ်

အုန်းချောဖက် မှာ ဒီတိုနေတာတွေ ယမ်းပျော့တွေ ယမ်းကြိုးတွေ ကား တွေ နေရာခြားပြီး မိလာတယ် ရွေးကောက်ပွဲ အထိနောက်ကနေဝင် ပါလာလိမ့်မယ် အရှေ့ကို စွန်းဂေါ်ရှန်း ထွက်လာမယ် မယုံရင်ကြည့်နေပါ လူလဲသွားရင်နောက်တစ်ယောက်ပေါ့ သူ့ကို ခေါင်းညှိတ်မယ့် သူ ကစားသမျှခံမယ့် သူတွေ ကိုသာ အစိုးရ ဖွဲ့စေချင်မှာ ဓမ္မတာပဲပေါ့ အခုအစိုးရ နဲ့တရုပ်ဟာ သိပ်မချောမွေ့ဘူးလို့ ထင်ရပါတယ် တရုပ်ဟာ မြန်မာအစိုးရ သူ့ကို ကစားနေတယ် ထင်နေပုံရ ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် PiLon post မှ ကူးယူပါသည်။