အရေးပေါ်ခွဲစိတ်ကုသမှု တစ်ခုလုပ်ရတော့မယ့်အကြောင်း ပရိတ်သတ်တွေကိုပြောလိုက်တဲ့ “ခင်လွှမ်း”

Posted on

အမိုက်စားကောက်ကြောင်းအလှတရားတွေ ကြောင့် မြင်သူတိုင်း ငေးမောယူေ နရသူလေးကတော့ မော်ဒယ် ခင်လွှမ်းပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြတာလည်း ဖြစ်ပါတယ်။ခင်လွှမ်းဟာ အနုပညာအလုပ်တွေကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် အောင်မြင်မှုတွေ ဆက်လက် ရရှိအောင် ကြိုးစားနေသူလေးလည်း ဖြစ်ပါတယ်။ လတ်တလော မှာတော့ ခင်လွှမ်းက သူမရဲ့ ခင်ပွန်း စည်ဖြိုးနဲ့တူတူ မိသားစုကို အချိန်ပေးနေရတာမို့ ဇာတ်ကားတွေမရိုက်ကူးဖြစ်သေးတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ခင်လွှမ်းက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူရမယ့်အကြောင်း ပြောလာပါတယ်။ ခင်လွှမ်းက “ဒီနေ့ operation ဝင်ရတော့မှာပါ 🙏 နောက်ရက်မှ အာသီးဖြတ်တာနဲ့ ပတ်သက်ပြီး review လေး တင်ပေးပါမယ်ရှင် ခုတော့ဆေးရုံရောက်နေပါပြီ Grand Hantha International Hospital မှာပါ . နောက်လထဲ စည်းလုံချည်နဲ့ ချိတ် live တွေကို အပတ်စဉ် အင်္ဂါနဲ့ သောကြာ တစ်ပတ်ကို ၂ရက် ညနေ ၇နာရီခွဲမှာ တစ်လှည့်စီ ရောင်းချပေးသွားပါ့မယ်ရှင်🥰. ခုတော့ခွဲဖို့ အားယူလိုက်ပါအုံးမယ်ရှင် . ဆုတောင်းပေးကြပါအုံး အသဲတို့ 🥰🙏🥰” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကလည်း ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံဆေးခန်းတွေ မကြာခဏဆိုသလို တက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ခွဲစိတ်မှုမှာလည်း ခင်လွှမ်းတစ်ယောက် အဆင်ပြေချောမွေ့စွာနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khin Hlwan’s fb”

zawgyi




Source: Khin Hlwan’s fb”