









Moe Pwint Khet

unicode

ကိုဗစ်ဖြစ် လို့ ဂျပန် မှာ (၉) ရက် ဆေးရုံ တက်တာ မြန်မာငွေသိန်း(၇၀) ကျော် ပေးရ တယ်တဲ့

ဂျပန် မှာ ကိုဗစ်ဖြစ် ခဲ့ရင်တော့ အနည်းဆုံး ဒီပမာ ဏလောက် ငွေရှိမှ အဆင်ပြေနိုင်ပါမယ်…

စီးပွားရေးကမ္ဘာ့အဆင့် (၃) ဆိုတဲ့ ဂျပန်လို နိုင်ငံကြီး မှာတောင် ကိုဗစ်ဖြစ်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ကုရပါတယ်တဲ့ဗျာ။ ကြုံခဲ့ရတဲ့သူတဦး ရေးသားတဲ့ ပို့စ်ကို ဖော်ပြလိုက်ပါတယ်-

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ကုန်ကျ တဲ့ ၉ရက်တာ ဆေးရုံစရိတ် ဂျပန်ယန်း ၅၅ သောင်း ၊ မြန်မာငွေ သိန်း၇၀ ကျော် ကုန်ကျသွားတယ်လို့ သိရပါတယ်။

ဆေးရုံ ၉ ရက်တက်ပြီး ရလာတဲ့ ငွေရှင်းပြေစာ ကိုကြည့်ပြီး တာကာဟာရှိဆိုတဲ့ ဂျပန်ကသူ့ရဲ့ တွစ်တာမှာ ရေထားပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေသွားရင်တောင်ကောင်းမှာတဲ့”

ကျန်းမာရေးအာမခံ အကျုံးဝင်တယ် မဝင်ဘူး ဆိုပြီး တစ်နေ့တစ်နေ့ ပြောင်းလဲနေတဲ့ ဂျပန်အစိုးရရယ်၊ အာမခံ အသုံးဝင်ဝင် မဝင်ဝင် အပူချိန် ၄၀ ဒီဂရီ မကျော်မချင်း အရေးပေါ်လူနာမဟုတ်လို့ အိမ်မှာထိုင်စောင့်နေရတဲ့ ပိုးတွေ့ လူနာတွေရယ်

ရောဂါဖြစ်တာ မဖြစ်တာနောက် ကာစီနို ဆော့ရဖို့ အဓိက ဆိုတဲ့ ဂျပန်တွေရယ်၊ အရေးပေါ် အခြေအနေကြောင့် လူအထွက်နည်းသွားတာနဲ့ ပိတ်ရက် ရောဂါပိုးစစ်တဲ့နေရာက လူတွေနားတာကြောင့် ပိုးတွေ့လူနာနည်းသွားတာကို အခြေအနေတွေ ပြန်ကောင်းလာပြီဆိုပြီး ပျော်နေတဲ့ သူတွေရယ် ……

ဘာတွေဆက်ဖြစ်မှာ မသိတဲ့ဂျပန်ပြည်ကြီး မှာ ဒီလိုလေးတွေရှိပါတယ်။ ကမ္ဘာ့အဆင့် ၃ မီတဲ့ ၊ ခုချိန်ထိ အထင်ကြီးမိခဲ့တဲ့ ဂျပန်ပြည်ကြီးကို ကိုဗစ်ကြောင့် နားမလည်နိုင်တော့တာ အမှန်ပါ။

မြန်မာပြည်ကြီးမှာ ခေါင်းဆောင်ကောင်းကြောင့် ကောင်းကောင်း မွန်မွန် ဆေးရုံတက်နေရတဲ့သူတွေ ၊ အေးအေးချမ်းချမ်း နဲ့ Q ဝင်ရတဲ့သူတွေလဲ တန်ဖိုးနားလည်နိုင်ကြပါစေလို့။

Moe Pwint Khet