





Kai Ra

unicode

မန္တလေး ကျုံးဘေး မှာ လာသမျှ လူကို အေးဓားပြ တိုက်နေ တဲ့ မိန်းမ (၂) ယောက်

တင် ရမလား မတင်ရမလား အကြိမ်ကြိမ် စဉ်းစားပြီးမှ တင်ပါတယ်… လူပုံတွေ မဖျက်ဘူးဆိုတာလဲ ရှောင်လို့ရအောင် သိအောင် တမင်မဖျက်ဘဲ တင်ပေးတာပါ…. ပုံပါ အမျိုးသမီး တစ်စုက ကျုံးဘေးစိတ်အပန်းဖြေပြည်သူများကို အရမ်း အနှောက်ယှက်ပြုနေပါတယ်ရှင့်

ဆိုင် ကယ်နဲ့လာပါတယ် လူများတဲ့နေရာ ထိုးရပ်ပြီး ပထမတော့ နေကြာစေ့နဲ့ တစ်ရှူးဇွတ် ရောင်းပါတယ်… ထိုင်နေတဲ့လူတွေကြားတွေ တိုးဝှေ့ပြီးရောင်းတာပါ။ ပြီးရင် မဝယ်ဘူးဆို ပိုက်ဆံတောင်းပါတယ်… ၁၀၀ ၂၀၀ လောက် သဒ္ဒါရင် ပေးခဲ့လို့ပြောတောင်း တာပါ… တမင်မပေးချင်လို့ အနုတ်မပါဘူး ဘာညာ ကြည့်ကျပ် ပြောရင် ဘယ်လောက်ပါလဲ ပါတာပေးအန်းမယ် အတင်းတောင်းပါတယ်…

လုံးဝကို မပေးနိုင်ဘူးဆို ယုတ်ညံ့စွာ ဆဲရေးတိုင်း ထွာသွားပါတယ်…. ( ခြေအကောင်း လက်အကောင်း သန်သန် မာမာတွေပါ ) တောင်းစားရမယ့် အရွယ်လဲ မဟုတ်ပါဘူး… ဒါ့အပြင် သူများ personal တွေပါ စိတ်ဝင်စား ပါတယ် ယောက်ျားမိန်းမ အတူထိုင်နေတာမြင်ရင် ပေးစားပြော ပါတယ် ဘယ်သူက ဘယ်သူ့ရည်းစားလဲ ဘာညာတွေ ရော မပေးမချင်းကို ရပ်ပြီး ပြောနေတာပါ ( သူတောင်းသွားသမျှကို လိုက်ပြီး ကြည့်ခဲ့တာပါ ) ပုံရိုက်တာ တောင် မသိမသာလိုက်ရိုက် ရပါတယ် ( ကြောက်လို့ပါ ) ညနေတိုင်း ၅ နာရီ ဝန်းကျင်ဆို လာတယ် လို့ တွေ့နေကျလူတွေက ပြောပါတယ်…. ဆရာတို့က်ု တင်ပြအပ်ပါတယ်ရှင့်

Kai Ra

Add a Comment

Your email address will not be published. Required fields are marked *

18 − 7 =