အွန်လိုင်းပေါ်မှာနာမည်ကြီးဆယ်လီ တစ်ဦးဖြစ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်နော်။ သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထည်းရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။
ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ သူမဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး သမီးလေးကြောင့် ဓမ္မဘက်မှာပဲရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နေခဲ့တာပါ။
လက်ရှိMRTV-4 မှာ ထုတ်လွှင့်ပြသတော့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီး ဝေဖန်မှု့တွေများစွာ မြင့်တတ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး CDM ဆရာမတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် က အခုလိုပဲဝေဖန်လိုက်ပါတယ်။
” ဆရာဝန်အတုတွေမို့ အစစ်ဖြစ်ချင်နေတာလား Ball မပြီး CDM ဆရာဝန်တွေကို တွယ်တဲ့ ဇာတ်လမ်းအမလေး non non တွေရဲ့ ” လို့ မြဝတ်ရည် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ မကြာခင်ပြသတော့မယ့် ဆရာဝန်ဆိုတဲ့ဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
Credit