ႏိုင္ငံေက်ာ္ ေတးသံရွင္ တြံေတးစိုးေအာင္ ရဲ႕ သီခ်င္းေတြကို အသစ္ ျပန္လည္ သီဆိုေတာ့မည့္ ေက်ာ္ေက်ာ္နန

ႏိုင္ငံေက်ာ္ ေတးသံရွင္ တြံေတးစိုးေအာင္ ရဲ႕ သီခ်င္းေတြကို အသစ္ ျပန္လည္ သီဆိုေတာ့မည့္ ေက်ာ္ေက်ာ္နန

ႏိုင္ငံေက်ာ္ေတးသံရွင္ တြံေတးစိုးေအာင္ရဲ႕ေအာင္ျမင္ ေက်ာ္ၾကားခဲ့ေသာ ေတးသီခ်င္း မ်ားကို ျပန္လည္ဆန္းသစ္ေတာ့မည့္ ေက်ာ္ေက်ာ္နႏၵ – ‘မိန္းကေလးရည္းစား ထားဖူးတယ္’ လူတိုင္း ဆယ္ေက်ာ္သက္ဘဝ၊ အထက္တန္းေက်ာင္းသားဘဝကိုျဖတ္ေက်ာ္ခဲ့ၾကဖူးမွာပါ။ ကိုယ္ ျဖတ္သန္းခဲ့ရတဲ့ ဆယ္ေက်ာ္သက္ ဘဝမွာ ဘယ္လို အမွတ္တရမ်ိဳးေတြ ရွိခဲ့ဖူးလဲ၊ အႏုပညာရွင္ေတြရဲ႕ Cele Teen Life ေလးကို တင္ဆက္ေပးလိုက္ပါတယ္။ စာေတာ္တဲ့အထဲ မပါဘူး။ အထက္တန္း ေက်ာင္းသားဘဝတုန္းက ရွစ္တန္းမွာေပ်ာ္တယ္။

ကိုးတန္း၊ ဆယ္တန္းက စာဖိလုပ္ေနရၿပီ။ က်သြား ရင္လည္း မေကာင္းဘူးေလ။ ေအာင္ခ်င္တဲ့ စိတ္ကလည္း ရွိ ေသးတယ္။ ေလးတန္းကေန ရွစ္ တန္းအထိကေတာ့ အေပ်ာ္ဆုံးပဲ။ စာအရမ္းေတာ္တဲ့အထဲ မပါဘူး။ Top ၁ဝ ထဲ မပါဘူး။ Top ၂ဝ ထဲ ပဲပါတယ္။ ဆရာမေတြ၊ မိဘေတြ မသိေအာင္ ပန္းၿခံမွာ အတြဲလိုက္ ေခ်ာင္းတယ္။ ေက်ာင္းမတက္ခ်င္တဲ့ အခ်ိန္၊ ေက်ာင္းေျပးခ်င္တဲ့အခ်ိန္ဆိုရင္ ဆရာမေတြ၊ မိဘေတြမသိေအာင္ ေက်ာင္းေျပးတယ္။ ဘယ္ေတြသြားလဲဆိုရင္ ပန္းၿခံတို႔လို တိတ္ဆိတ္တဲ့ေနရာေတြမွာ ဘယ္သူေတြ ရွိမလဲဆို ၿပီးသြားတယ္။

သူငယ္ခ်င္းေတြကမင္းသား ႀကီးလို႔ ေခၚၾကတယ္။ အရင္တုန္းကတည္းက ဝါသနာပါတာ။ ႀကီးလာေတာ့လည္း ဟိုတစ္ခန္း၊ ဒီတစ္ခန္းပါ ပါေနၿပီေလ။ တခ်ိဳ႕က ခ်စ္စႏိုးနဲ႔ေခၚတာ၊ တခ်ိဳ႕က ေနာက္ေျပာင္ၿပီးေခၚတာပါ။ မိန္းကေလးရည္းစား ထားဖူးတယ္။ ရည္းစား ထားဖူးတယ္။ မိန္းကေလးပါ။ စာလည္း ေပးဖူးတယ္။ ရလည္းရဖူးတယ္။ အရမ္းႀကိဳက္ခဲ့တဲ့ ရည္းစားက အိမ္ေထာင္က်သြားၿပီ။ ျပန္ေတြ႕တဲ့အခါ သူကလည္း ရွက္ကိုးရွက္ကန္းနဲ႔ ကိုယ္ကလည္း ငါပါေပါ့ဆိုၿပီး ေခ်ေနတာ။ အရင္တုန္းက သူငယ္ခ်င္းေတြနဲ႔ေတာ့ မေတြ႕ျဖစ္ပါဘူး။ ေတြ႕လည္း ေက်ာင္းပြဲနဲ႔ ဆရာ ကန္ေတာ့ပြဲေတြပဲေတြ႕ျဖစ္တယ္။ သူငယ္ခ်င္းဆိုတာ လတ္တေလာမွာ ေကာင္းတဲ့သူငယ္ခ်င္းနဲ႔ မေကာင္းတဲ့သူငယ္ခ်င္း ဆိုတာရွိတယ္။ အခုေတာ့ သူငယ္ခ်င္းက အရမ္းအေရးမပါဘူး။ တစ္က ေအာင္ျမင္မႈ၊ ႏွစ္က မိသားစု၊ သုံးက သူငယ္ခ်င္းလို႔ပဲရွိတယ္။ အဲဒီေတာ့ စိတ္ထဲ အမ်ားႀကီး မထားေတာ့ဘူး။

Credit to Original

unicode

နိုင်ငံကျော် တေးသံရှင် တွံတေးစိုးအောင် ရဲ့ သီချင်းတွေကို အသစ် ပြန်လည် သီဆိုတော့မည့် ကျော်ကျော်နန

နိုင်ငံကျော်တေးသံရှင် တွံတေးစိုးအောင်ရဲ့အောင်မြင် ကျော်ကြားခဲ့သော တေးသီချင်း များကို ပြန်လည်ဆန်းသစ်တော့မည့် ကျော်ကျော်နန္ဒ – ‘မိန်းကလေးရည်းစား ထားဖူးတယ်’ လူတိုင်း ဆယ်ကျော်သက်ဘဝ၊ အထက်တန်းကျောင်းသားဘဝကိုဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ကိုယ် ဖြတ်သန်းခဲ့ရတဲ့ ဆယ်ကျော်သက် ဘဝမှာ ဘယ်လို အမှတ်တရမျိုးတွေ ရှိခဲ့ဖူးလဲ၊ အနုပညာရှင်တွေရဲ့ Cele Teen Life လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စာတော်တဲ့အထဲ မပါဘူး။ အထက်တန်း ကျောင်းသားဘဝတုန်းက ရှစ်တန်းမှာပျော်တယ်။

ကိုးတန်း၊ ဆယ်တန်းက စာဖိလုပ်နေရပြီ။ ကျသွား ရင်လည်း မကောင်းဘူးလေ။ အောင်ချင်တဲ့ စိတ်ကလည်း ရှိ သေးတယ်။ လေးတန်းကနေ ရှစ် တန်းအထိကတော့ အပျော်ဆုံးပဲ။ စာအရမ်းတော်တဲ့အထဲ မပါဘူး။ Top ၁ဝ ထဲ မပါဘူး။ Top ၂ဝ ထဲ ပဲပါတယ်။ ဆရာမတွေ၊ မိဘတွေ မသိအောင် ပန်းခြံမှာ အတွဲလိုက် ချောင်းတယ်။ ကျောင်းမတက်ချင်တဲ့ အချိန်၊ ကျောင်းပြေးချင်တဲ့အချိန်ဆိုရင် ဆရာမတွေ၊ မိဘတွေမသိအောင် ကျောင်းပြေးတယ်။ ဘယ်တွေသွားလဲဆိုရင် ပန်းခြံတို့လို တိတ်ဆိတ်တဲ့နေရာတွေမှာ ဘယ်သူတွေ ရှိမလဲဆို ပြီးသွားတယ်။

သူငယ်ချင်းတွေကမင်းသား ကြီးလို့ ခေါ်ကြတယ်။ အရင်တုန်းကတည်းက ဝါသနာပါတာ။ ကြီးလာတော့လည်း ဟိုတစ်ခန်း၊ ဒီတစ်ခန်းပါ ပါနေပြီလေ။ တချို့က ချစ်စနိုးနဲ့ခေါ်တာ၊ တချို့က နောက်ပြောင်ပြီးခေါ်တာပါ။ မိန်းကလေးရည်းစား ထားဖူးတယ်။ ရည်းစား ထားဖူးတယ်။ မိန်းကလေးပါ။ စာလည်း ပေးဖူးတယ်။ ရလည်းရဖူးတယ်။ အရမ်းကြိုက်ခဲ့တဲ့ ရည်းစားက အိမ်ထောင်ကျသွားပြီ။ ပြန်တွေ့တဲ့အခါ သူကလည်း ရှက်ကိုးရှက်ကန်းနဲ့ ကိုယ်ကလည်း ငါပါပေါ့ဆိုပြီး ချေနေတာ။ အရင်တုန်းက သူငယ်ချင်းတွေနဲ့တော့ မတွေ့ဖြစ်ပါဘူး။ တွေ့လည်း ကျောင်းပွဲနဲ့ ဆရာ ကန်တော့ပွဲတွေပဲတွေ့ဖြစ်တယ်။ သူငယ်ချင်းဆိုတာ လတ်တလောမှာ ကောင်းတဲ့သူငယ်ချင်းနဲ့ မကောင်းတဲ့သူငယ်ချင်း ဆိုတာရှိတယ်။ အခုတော့ သူငယ်ချင်းက အရမ်းအရေးမပါဘူး။ တစ်က အောင်မြင်မှု၊ နှစ်က မိသားစု၊ သုံးက သူငယ်ချင်းလို့ပဲရှိတယ်။ အဲဒီတော့ စိတ်ထဲ အများကြီး မထားတော့ဘူး။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

10 + nineteen =