




crd : panpyoelat

unicode

ကင်ဆာရောဂါနောက်ဆုံး အဆင့်ရောက်နေပြီဖြစ် တဲ့ အဆိုတော် မီးမီးခဲ

အဆိုတော်မီးမီးခဲဟာ ကင်ဆာရောဂါဝေဒနာ ကို (၂၀၀၇)ခုနှစ်မှာ စတင်ခံစားခဲံရတာဖြစ်ပြီး လက်ရှိမှာတော့ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့အကြောင်းကို “ဆေးရုံပြန်ဆင်းလာတဲ့ရက်ကနေ ဒီနေ့ထိ ကလေးတွေနဲ့ဆော့ ဟင်းတွေချက် ညဆို သီချင်းဆိုကြ ကင်ဆာရောဂါ ဘယ်နားရောက်မှန်း မသိ မိသားစု ရဲ့အရိပ်ဆိုတာ လေ လူကို ပြောင်းလဲ စေနိုင်တာပါ ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက (၇) ကြိမ် ဓါတ်ကင်ခဲ့ရပါတယ် ကျွန်မတို့လိုနောက်ဆုံးအဆင့်ဝေဒနာရှင်တွေ ဆို ဆေးရုံကလဲ အရမ်းသနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ် ကျန်းမာရေး ဥပဒေအရ ကိုယ်ရောဂါအခြေအနေကိုမိသားစုတွေသိလား သင် သေရင်ရောဘာတွေလွဲခဲ့ချင်လဲ (သေတမ်းစာ)တရားဝင်တွေမေးမြန်းကြ ရင်တွေဆိုနာတာပေါ့နော်

ကျန်တဲ့ဘဝရက်တွေမှာ ဘာတွေ လုပ်သွား ခဲ့ချင်လဲ..လူမှူရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ..ကျွန်မကတော့ ဘာအခွင့်အရေးမှလဲ မယူခဲ့သလို ပြုလုပ်သင့်ထိုက်တဲ့ အရာတွေကို တိုင်ပင်လိုက်ပါ့မယ်ဆိုပြီး ဆေးရုံပြန်ဆင်းခဲ့ပါတယ်..လိုအပ်တဲ့ဆေးဝါး ကုန်ကျစရိတ် နဲ့ဆေးကုသခ အခမဲ့ ဆိုတော့ ကျေးဇူးတင်စရာပါ.ကင်ဆာဆေး စက်ကြီးတွေနဲ့ကုသရတာကိုက ဝမ်းသာလှပါပြီလေနော် ကျွန်မရဲ့အရိုး မကောင်းတဲ့ပြသာနာ အရတော့ ကျွန်မက ဒီ (၄ ၊၅ ၊၆) လမတွင်း wheelchair ကို အသုံးပြုသွားရမယ် လို့ပြောပေမဲ့ နဂိုကမှ super mommy ဆိုတော့ကာ ဆေးရုံတတ်တဲ့နေ့ထဲက nurseအကူမယူပဲ ကြိုးစားလမ်းလျှောက်ခဲ့ပါတယ်..နောက်ကွယ်မှာကျွန်မအကြောင်းခိုးပြောကြားလိုက် ပါရဲ့ She like Independent အခုလဲ ဖြေးဖြေးခြင်းစလျှောက်နိုင်နေပါပြီ လို နောက်ထပ် တခါထပ်ပြီးမဖြစ်လာဖို့ကို ဆရာဝနိတွေလဲဆုတောင်းပေးနေကြမှာပါတဲ့.. Strong ဖြစ်ပြီးသား ကျွန်မကတော့ ဘာမှ သိပ်မခံစားရပါဘူး ခြေထောက်ပေါင် အက်တဲ့နေရာ ဘယ်ဘက်ခါး နေရာ ညာဘက်နဂိုး အောက် နေရာ ပြင်းထန်စွာ ပြုလုပ်ခဲ့ရပေမဲ့ ပြန်ရောက်တဲ့ တရက်တော့ ထမနိုင်ဘူး နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိုးတာနဲ့ မျောက်ရှုံးနှစ်ကောင် ကတီတီတာတာ..စိတ်ကြောင့်သာလျှင် အရာရာ ဟာ ပြီးပြည့်စုံလာရတာပါ ဘုန်းတော်ထင်ရှားမဲ့အနာ ဖြစ်ကြောင်း အတည်ပြုဝန်ခံရင်း God Bless You All” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်မီးမီးခဲကတော့ ကင်ဆာရောဂါနောက်ဆုံး အဆင့်ကို ရောက်ရှိနေပေမယ့်လည်း သူ့ရဲ့ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ သားသမီးတွေအပေါ်ချစ်တဲ့စိတ်ကြောင့် ကလေးတွေနဲ့ဆော့ ဟင်းတွေချက် ညဆို သီချင်းဆိုကြရင် ကင်ဆာရောဂါ ဘယ်နားရောက်မှန်းမသိတော့ပါဘူးတဲ့။ ပရိသတ်ကြီးရေ အရိုး မကောင်းလို့ (၄ ၊၅ ၊၆) လမတွင်း wheelchair ကို အသုံးပြုသွား ရမှဖြစ်ပေမယ့်လည်း ပြင်းထန်တဲ့ စိတ်ကြောင့် ဆးရုံတတ်တဲ့နေ့ထဲက nurse အကူမယူပဲ ကြိုးစား လမ်းလျှောက်နိုင်ခဲ့ပါတယ်တဲ့။

Add a Comment

Your email address will not be published. Required fields are marked *

one × 1 =