unicode
အမေစု ရဲ့ အသက်(၇၅) နှစ် ပြည့် မွေးနေ့လေး အတွက် ကြည်နူးဝမ်း မြော က်စွာဆုတောင်းပေးနေကြတဲ့ ဖွေးဖွေး တို့မိသားစုလေး
သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေး ကတော့ အကယ်ဒမီဆုသုံးဆုတိတိ ဆွတ်ခူးရရှိ ထားတဲ့ ထပ်ဆင့်အကယ်ဒမီ ဆုရှင်လေးပဲ ဖြစ်ပါတယ် ။ ပီပြင်ပြောက်မြောက်တဲ့ သရုပ် ဆောင်စွမ်းရည်တွေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ ဖွေးဖွေးက မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်း သမီးလေးတစ်လက် ဆိုရင်လည်း မမှားပါ ဘူးနော်။ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာ ထူး ချွန်ရုံသာမက ပရိသတ်တွေ ကြားမှာပါ ဖော်ရွေလွန်းသူလေး အဖြစ် ရေပန်းစားနေတာ ဖြစ် ပါတယ် ။
ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ သူမရဲ့ မိသားစုလေးက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး ခဲ့ကြတာ ဖြစ်ပါတယ် ။ ယနေ့ဇွန်လ (၁၉)ရက်နေ့လေးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၇၅)နှစ်ပြည့် မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဖွေးစိန်လေးတို့ မိသားစုက “အမေစု သက်ရှည် ကျန်းမာ အန္တရာယ်ကင်း ပျော်ရွှင်ရပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါ တယ် ။
ဖွေးဖွေးက “19th June, 2020 ၁၉ရက် ဇွန်လ ၂၀၂၀ Our One & Only..အမေဒေါ်အောင် ဆန်းစုကြည် ၏ ၇၅ နှစ်ပြည့်မွေးနေ့ အတွက် ဖွေးတို့မိသားစု မှ ဆုတောင်း…”ဆိုပြီး သူမတို့ မိသားစုပုံလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖွေးစိန်လေးက အမေစုနဲ့အတူတွဲရို က်ထားတဲ့ အမှတ်တရ ပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်။ ကဲ အမေစုအတွက် မွေးနေ့ဆုမွန် ကောင်းတောင်းပေးထားတဲ့ ဖွေးစိန်လေးတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန် လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Phway Phway’s FB Page